Precious Lights Trading ကုမ္ပဏီက တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိသည့်
Precious Lights အမှတ်တံဆိပ် LEDလျှပ်စစ် ပစ္စည်းများကို ၂၀၁၃ မတ်လခန့်မှ စတင်၍ မြန်မာ
ပြည်ဈေးကွက်သို့ တင်သွင်းဖြန့်ချိခဲ့ရာ ပစ္စည်းအရည် အသွေးကြောင့် နေအိမ်နှင့် စီးပွားရေးလုပ်ငန်း
သုံးအဆောက်အအုံများတွင် တွင်ကျယ်စွာ အသုံးပြုလာကြပြီး နောင်နှစ်နှစ် မှ သုံးနှစ်ခန့်အတွင်း
တွင် ပြည်တွင်းဈေးကွက်ပိုမိုခိုင်မာလာမည် ဟု ယုံကြည်ကြောင်း အဆိုပါ ကုမ္ပဏီမှ Executive
director ကိုထွန်းထွန်းမြင့် က မြန်မာတိုင်း(မ်) သို့ပြောသည်။
"၂၀၁၂ ကုန်ခါနီးလောက်မှာ မြန်မာ ပြည်ဈေးကွက်ကို Precious Lights ပစ္စည်းတွေဖြန့်ဖြူးဖို့စတင်
မိတ်ဆက်ခဲ့ပြီး ဈေးကွက်ထဲကိုတော့ တရားဝင် ၂၀၁၃ မတ်လမှာ ရောက်ရှိခဲ့ပါတယ်၊ အဲဒီမတိုင်ခင်
စင်ကာပူမှာရှိတဲ့ ကျွန်တော့်မိတ်ဆွေနဲ့အတူ မြန်မာပြည် ဈေးကွက်ကို Exploration Trip နှစ်ကြိမ် လာရောက်ခဲ့ပါတယ်၊ မြန်မာပြည်ရဲ့မီးအခြေအနေလိုအပ်ချက်ကို ကြည့်ပြီး တော့ LED Technology
က မြန်မာပြည် နဲ့ တော်တော်လေးသင့်တော်မယ်လို့ ယူဆတဲ့အတွက် မြန်မာပြည်ဈေးကွက် ကို
စတင်သွင်းဖို့ စိတ်ကူးဖြစ်ခဲ့တာပါ"ဟု ကိုထွန်းထွန်းမြင့်က ပြောသည်။
"ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင် မြန်မာပြည်ရဲ့လျှပ်စစ်မီးအခြေအနေက အစိုးရကအများကြီး
အကုန်အကျခံ စိုက်ထုတ်ပေးထားရပါတယ်၊တကယ်တမ်းထုတ်လုပ်တဲ့ ကုန်ကျစရိတ်အတိုင်းသာ
သုံးစွဲသူတွေကို ခ့မေါန လုပ်မယ်ဆိုရင် မီတာခက အများကြီးမြင့်သွားလိမ့်မယ်။ အဲဒါကြောင့်လည်း
လိုအပ်သလောက် လုံလုံလောက်လောက် မပေးနိုင်သေးတာပေါ့။ အဓိကက ထုတ်လုပ်တဲ့ ကုန်ကျ
စရိတ်က အရမ်းမြင့်တယ်။ ဒီမြင့်မားတဲ့ကုန်ကျစရိတ်အတိုင်း တိုက်ရိုက်ပြန်ပြီးတော့ charge လုပ်
ဖို့ ကလည်း တော်တော်လေးအခက်အခဲ ရှိနေတယ်၊ အဲဒါကြောင့်ကျွန်တော် မြင်တာက ဒီအခက်
အခဲတွေက အဓိက ဖြစ်နေတဲ့ ပြဿနာတွေဖြစ်နေတယ်။ဒါကြောင့် ကျွန်တော်တို့က ဘယ်လို
ရည်ရွယ်ထားလဲဆိုတော့ LED မီး မီးအားသုံးစွဲတဲ့ ကုန်ကျစရိတ်က သာမန်လျှပ်စစ်မီးသုံးစွဲတဲ့
ကုန်ကျစရိတ်ထက် သက်သာစေမယ်လို့ ယုံကြည်တယ်။
"နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အားကို ပုဂ္ဂလိကကို လုပ် ကိုင်ခွင့်ပေးမယ်ဆိုရင်
မီတာခက အခုလိုနှုန်းထားနဲ့ ရတော့မှာမဟုတ် ဘူး။ အဲ့ဒီလိုဖြစ်လာတဲ့ အချိန်ကျရင် လူတွေက
မီတာခသက်သာတဲ့ Power efficient ဖြစ်တဲ့ Solution လိုလာ လိမ့်မယ်။ ဒီတော့ ဒါကိုမျှော်
လင့်ထားပြီးတော့ ဒီမြန်မာပြည်ဈေးကွက် ကို တင်သွင်းဖို့ ကြိုးစားဖြစ်ခဲ့တာ ဖြစ်ပါတယ်"ဟု
ကိုထွန်းထွန်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာပြည်သို့ တင်သွင်းနေ သည့် လျှပ်စစ်ပစ္စည်းများတွင် တရုတ်က တင်သွင်းသည့်လျှပ်စစ်
ပစ္စည်းများသည် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံရှိ အိမ်တွင်းစက်မှု လုပ်ငန်းကဲ့သို့သော စက်ရုံသေး
သေးလေးများက ထုတ်လုပ်တင်သွင်း သည့်ပစ္စည်းများရှိသလို တရုတ် နိုင်ငံရှိ စက်ရုံကြီးများက
ထုတ်လုပ် တင်သွင်းသည့် လျှပ်စစ်ပစ္စည်း များလည်း မြန်မာပြည်သို့ဝင်ရောက် လျက်ရှိသည်။
ထို့အတွက်အဆိုပါတင်သွင်းပစ္စည်းများ၏ ဈေးနငန်းနှင့်အရည်အသွေးကွာခြားချက်များစွာ ရှိကြောင်း
သိရသည်။ "မြန်မာနိုင်ငံကို အရင်တုန်းက တောက်လျှောက်ဝင်လာခဲ့တဲ့ တရုတ်ပြည်က ပစ္စည်း
တွေက အိမ်တွင်းစက်မှုလုပ်ငန်းတွေက ထုတ်တာဖြစ်တဲ့အတွက် ကွာလတီက အရမ်းညံ့တယ်။
နောက်ပြီး မြန်မာပြည်ကလူတွေရဲ့ အမြင်က တရုတ်ပစ္စည်းဆိုရင် ကွာလတီမကောင်းဘူးပေါ့၊
ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံ ကသွင်းတဲ့ပစ္စည်းတွေက ကွာလတီတော်တော်
ကောင်းလာတယ်။ ဂျပန် နိုင်ငံကသွင်းတဲ့ပစ္စည်းတွေနီးပါး လောက်အရည်အသွေးယှဉ်လာနိုင်
တယ်၊ ဈေးနှုန်းကျတော့လည်း တော်တော်လေးသက်သာတာ တွေ့ရတယ်။ တီဗွီ၊ ရေခဲသေတ္တာ၊
အဲကွန်း စသဖြင့်တော်တော်လေး ထိုးဖောက်လာတာတွေ့ရတယ်။ ကုန်သွယ်မှုအဆင့်မြင့်လာတဲ့
အခါမှာ အရည်အသွေးကောင်း ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံကြီးတွေ က တင်သွင်းလာကြတာ
တွေ့ရတယ်၊
"ကျွန်တော်တို့ ကုမ္ပဏီအတွက် ပစ္စည်းတွေဆိုရင်လည်း တရုတ်ပြည်က ရှန်းကျန်တို့၊ ရှန်ဟိုင်းတို့မှာ
ရှိတဲ့ စက်ရုံကြီးတွေနဲ့ ချိတ်ဆက်တယ်၊ ကျွန်တော်တို့လိုချင်တဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် လိုချင်
တဲ့တံဆိပ်၊ ှစနခင်ငခအေငသည အတိုင်း ထုတ်ပေးတယ်၊ quality control ကိုသေချာထိန်းပေး
တယ်၊ နောက်ပြီးအားသာချက်တစ်ခုက သူတို့က Europe တို့၊ ့ှ တို့ကို အဓိကထားတင်သွင်း တဲ့
သူတွေဖြစ်တဲ့အတွက် ပစ္စည်းအရည်အသွေးနဲ့ ပတ်သက်ပြီး တော်တော်လေးစိတ်ချရတယ်။
ကျွန်တော်တို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုလေ့လာပြီးတော့ မြန်မာပြည်ရဲ့မီးအားအခြေအနေနဲ့
ကိုက်ညီမယ့် ျစနခင်ငခအေငသည ရှိတဲ့ပစ္စည်းတွေကို တင်သွင်းဖို့စီစဉ်ခဲ့တာပါ"ဟု ရှင်းပြခဲ့သည်။
Precious Lights လျှပ်စစ်ပစ္စည်း များ မြန်မာပြည်ဈေးကွက်သို့ စတင် ရောက်ရှိခဲ့ချိန်သည်
လပေါင်း အနည်းှုယ်ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အတွက် သုံးစွဲသူများထံမှလည်း တုံ့ပြန် မှုများရရှိခဲ့ကြောင်း
ကိုထွန်းထွန်းမြင့် က ဆက်လက်ရှင်းပြခဲ့သည်။
"Customer feedback က ကောင်းတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ဈေးကွက်ထိုးဖောက်မှုမှာ
တရုတ်က လာတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ယှဉ်ပြိုင် ထိုးဖောက်ရတဲ့အခါမှာ ဒီကပစ္စည်းတွေက ကွာ
လတီကြောင့် ဈေးနှုန်းက နှစ်ဆလောက်ကွာနေတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကပဲ
ဈေးကွက်ထဲမှာရှိတဲ့လျှပ်စစ်မီးသီးတွေကို ၀ယ်သုံးတဲ့သူတွေကအသုံး မခံဘဲပျက်တယ်ဆိုပြီး
ကျွန်တော်တို့ ဆီ ရောက်လာတယ်။ ဒီတော့ ကျွန်တော် တို့ ပစ္စည်းရဲ့ ကွာလတီကို သိတဲ့သူတွေ
က ကနဦးကုန်ကျစရိတ်များပေမယ့် ရေရှည်မှာအသုံးခံတဲ့အတွက် ဒီအကျိုးကျေးဇူးကိုသိတဲ့
customer တွေ ကျွန်တော်တို့ဆီ များများရောက်လာမယ်လို့ မျှော်မှန်း ပါတယ်။
ရေရှည်မှာ မီတာခသက်သာ တဲ့အပြင် ပြုပြင်ထိန်းသိမ်းစရိတ် (maintenance cost) လည်း
သက်သာ တဲ့အတွက် သုံးစွဲသူတွေအတွက် ပိုမိုထိရောက်အကျိုးရှိပါတယ်"ဟု၎င်းက ပြောသည်။
Precious Lights က ၂၀၁၃ မတ်လတွင် ပြည်တွင်းဈေးကွက်သို့ တရားဝင်စတင်သွင်းခဲ့ရာတွင်
လျှပ်စစ် ပစ္စည်းများကို A/C စနစ်(ဘက်ထရီ အသုံးပြုစရာမလိုဘဲ တိုက်ရိုက် လျှပ်စစ် ပလတ်
ပေါက်ထဲသို့ထည့်သွင်း သုံးခြင်း) ဖြင့် သုံးနိုင်သောလျှပ်စစ်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊
နေပြည်တော်၊ တောင်ငူမြို့များရှိ ရုံးခွဲများတွင်ရရှိနိုင်သလိုဘက်ထရီဖြင့် အသုံးပြုရသော D/C
စနစ်ဖြင့်လည်း မြန်မာနိုင်ငံရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာပေါင်း ၈၀၀၀၀ ကျော်တွင် နေထိုင်ကြသော ကျေးလက်နေ ပြည်သူနှင့် ကျောင်းသူ ကျောင်းသားများ
အဆင်ပြေစေရန်အတွက် customize design ပုံစံထုတ် ၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း
လည်း Precious Lights ကုမ္ပဏီမှအုပ်ချုပ်မှုဒါရိုက်တာ မအိအိမောင်က ရှင်းလင်းပြောကြား
ခဲ့သည်။
"ဈေးကွက်မှာလေ့လာမိသလောက် လည်း တရုတ်ပြည်ဘက်က စက်ရုံကြီး တွေနဲ့ချိတ်ဆက်ပြီး
customize design တွေထုတ်ပြီးရောင်းချတာမျိုး မတွေ့ရသေးပါဘူး။ ကျွန်တော်တို့ ဘက်က
လည်း လျှပ်စစ်ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်း ပိုမိုစိတ်ချရအောင် ပစ္စည်းတွေရောက်လာတဲ့
အခါမှာ ဒီမှာဓာတ်ခွဲခန်းတွေထားပြီး အရည်အသွေးပိုင်း failure မရှိအောင် သေချာစစ်ဆေးပြီးမှ
ဈေးကွက်ထဲကိုဖြန့်ဖြူးပါတယ်။ ပစ္စည်းကွာလတီနဲ့ပဲ နာမည်ကို build up လုပ်ယူရတာပေါ့။
အခုလည်းသုံးစွဲသူတွေ စလက်ခံနေပြီဖြစ်တဲ့အတွက် နောင်နှစ်နှစ် သုံးနျစ်အတွင်း မှာ ဒီထက်
ပိုမိုသုံးစွဲလာပြီး ပစ္စည်း အရည်အသွေးကိုလည်းပိုယုံကြည် လက်ခံလာမယ်လို့ မျှော်မှန်းပါတယ်"
ဟုလည်း ကိုထွန်းထွန်းမြင့်က ပြော သည်။















