ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၃ ကျင်းပမည်

ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၃ ကျင်းပမည်

Dagon Exhibition Limited က ဦးဆောင်ကျင်းပမည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ
၂၀၁၃ "Yangon International Trade Exhibition 2013" ကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ
တပ်မတော်ခန်းမတွင် အောက်တိုဘာ ၁၀ ရက်မှ ၁၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိ
ရသည်။

ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာ အရောင်းပြခန်းများနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဆောက်
လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ခေတ်မီ ပရိဘောဂပစ္စည်းများ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံး
ပစ္စည်းများ၊ အိမ်သုတ် ဆေးများ၊ စက်မှုလက်မှုလုပ်ငန်းသုံး ပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့်
လျှပ်စစ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ၊
ပြည်တွင်းပြည်ပ မှ ဆေးဝါးများ၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဖက်ရှင်
အသုံးအဆောင်ပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာ ရေး
၀န်ဆောင်မှုသင်တန်းကျောင်း များ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုဘဏ်လုပ်ငန်းများ
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာပစ္စည်းများ၊ ကား
အရောင်းပြခန်းများ၊ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခွင့် ရထားသောကုမ္ပဏီများ၊ မော်တော်
ယာဉ် ထုတ်လုပ်ရောင်းချသူများ၊ စက်ဆီ၊ ချောဆီများ၊ ကား ဘက်ထရီများ၊ ကားတာယာများ၊
ကားအလှဆင်ပစ္စည်းများ၊ ကားအော်ဒီယိုနှင့် ဆက်စပ်ပစ္စည်းများ၊ ကားအင်ဂျင် အပိုပစ္စည်းများနှင့်
အခြားဆက်စပ်ပစ္စည်းများ၊ လေကြောင်းလိုင်းနှင့်ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းများ၊ ပြည်တွင်းပြည်
ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အာမခံဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက် အတွင်းနှင့်
သုံးစွဲသူ ပြည်သူလူထုအတွင်း အရှိန်အဟုန်ပြင်းစွာ ထိထိရောက်ရောက် ကျယ်ကျယ်ပြန်ြ့ပန့်ထိုး
ဖောက်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ကျင်းပမည့် ပြပွဲဖြစ်ကြောင်း Dagon Exhibition Limited ၏
သတင်းထုတ် ပြန်ချက်အရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၃ ကို အောက်တို ဘာ ၁၀ ရက်မှ ၁၃ ရက်အတွင်း
နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်