ဆောက်လုပ်မှု တစ်ဝက်သာ ပြီးစီးသေး သော မိုးမျှော်တိုက်ကြီးမှ ထွက်လာ သည့် အလင်းပြန်
မှုကြောင့်ဂျာဂွာဇိမ်ခံ ကားတစ်စီး အပါအဝင် မော်တော်ကား အချို့၏ အစိတ်အပိုင်းများ အရည်
ပျော်ကျမှု ဖြစ်ပွားခဲ့အပြီး နောက်တွင် အဆိုပါ မိုးမျှော်တိုက်ကြီးအား ဆောက်လုပ်သူ ဗြိတိသျှ
အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီက စုံစမ်းစစ်ဆေးများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပေါ်ဘက်သို့ ကားတက်သွား သော ပုံသဏ္ဍာန်ကြောင့် လမ်းလျှောက် စကားပြောစက် ဝေါ်ကီ
တော်ကီဟု နာမည်ပြောင်ပေးထားသည့် အဆိုပါ 20 Fenchurch Street တာဝါမှ ထွက်ရှိသည့်
စူးရှသော အလင်းတန်းများနှင့်လွတ်အောင် လန်ဒန်မြို့သူ မြို့သားများက မျက်လုံးများကို အကာ
အကွယ်ပြု၍ သွားလာနေကြရပြီး ကားမောင်းသူအချို့ကတော့ အဆိုပါတိုက်ကြီးမှ အလင်းပြန်မှု
များကြောင့် ၎င်းတို့ကားများ၏ အစိတ်အပိုင်း များ အရည်ပျော်မှုများ ဖြစ်ပွားနေရ ကြောင်း ပြစ်တင်
ပြောဆိုနေကြသည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ မာတင်လင်ဆေးက လန်ဒန်စီးပွားရေးခရိုင်အတွင်းရှိ အဆိုပါ
ဖန်ရောင်တလက်လက်ထနေသော မိုးမျှော်တိုက် အနီး ရပ်နားထားသော ၎င်း၏ ဂျာဂွာ ဌဲ ကား
၏နောက်ကြည့်မှန်နှင့် ကား အရှေ့ရှိ ဂျာဂွာအမှတ်တံဆိပ်တို့ အရည်ပျော်နေသည်ကို တွေ့ရှိခဲ့
ရပြီးနောက် အလွန်အမင်းစိတ်ထိခိုက် သွားခဲ့မိကြောင်းဆိုသည်။ "လူကြီးမင်းရဲ့ကားမှာ ပျက်စီး
မှုအနည်းငယ် ဖြစ်ပွားသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီထံသို့ ပြန်လည်ဆက်သွယ်
ပေးပါရန်"လို့ ရေးထားတဲ့စာတိုလေး တစ်စောင်ကို ဆောက်လုပ်ရေးကုမ္ပဏီက ကျွန်တော့် ကား
ရှေ့မှန်ပေါ်မှာ ထားသွားခဲ့ပါ တယ်"ဟု လင်ဆေးက ဘီဘီစီသတင်းဌာနသို့ ပြောပြခဲ့သည်။
၎င်း၏ ကားမှာ ယခုလောက်အထိ ထိခိုက်သွားပုံကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့ကြောင်း လင်ဆေး
ကဆိုသည်။ လန်ဒန် စီးပွားရေးခရိုင်အတွင်း တည်ရှိသော အဆိုပါအဆောက်အအုံ အား အချို့က
မီးစွဲနေသောအဆောက် အအုံကြီး ဝေါ်ကီစကော်ချီဟုခေါ်ဆို နေကြပြီး အချို့သူများကတော့ ဒယ်
အိုးမိုးမျှော်တိုက်ကြီး fryscraper ဟု ခေါ်တွင်နေကြသည်။
ဆောက်လုပ်ရေးကုမ္ပဏီ Land Securities and Canary Wharf Group က လင်ဆေးအား ပျက်
စီးမှုများ အတွက် တောင်းပန်ခဲ့ပြီး လျော်ကြေး များလည်း ပေးလျော်ခဲ့သည်။ ထို့နောက် အဆိုပါ
တိုက်အနီးရှိ ကားရပ်နားသည့် နေရာသုံးနေရာကိုလည်း အသုံးပြုခြင်း မှ ရပ်နားခဲ့သည်။
အနီးရှိ ဈေးဆိုင်ပိုင်ရှင်များကလည်း ယင်း fryscraper ကြီးမှ အလင်းပြန်လာသော ပြင်းထန်သည့်
ရောင်ခြည် များကြောင့် ၎င်းတို့ဆိုင်များ၏ နံရံဆေးများ ကွာကျခြင်းနှင့် အုတ်ကြွပ် ပြားများ အက်
ကွဲခြင်းတို့ ဖြစ်ပွားနေကြောင်း ဆိုသည်။ ထို့ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီ ဘက်မှလည်း 20
Fenchurch Street မှ အလင်းရောင်ပြန်ဟပ်မှုနှင့် ပတ်သက်ပြီး အရေးတကြီး စီစဉ်ဆောင်ရွက်
ပြီး ယင်းကိစ္စအား ဦးစားပေးအနေဖြင့် ဖြေရှင်းဆောင်ရွက်နေပါသည်" ထုတ်ပြန်ချက်တစ်ခုတွင်
ပြောကြားခဲ့သည်။
ထို့နောက် ယာယီငြမ်းအကာတစ်ခု ကို အောက်ခြေအဆင့်မှစပြီး ၂၄နာရီအတွင်း ပြုလုပ်ပေးပါ
မည်ဟု ကုမ္ပဏီ က ပြောကြားခဲ့သည်။ "နောက်ထပ် ဒီလိုပြဿနာမျိုး ထပ်မဖြစ်အောင် ရေရှည်
ဖြေရှင်းနိုင် မယ့် နည်းလမ်းတွေကို စဉ်းစားအဖြေရှာနေပါတယ်"ဟု ကုမ္ပဏီက ထပ်လောင်းပြော
ကြားခဲ့သည်။
(အေအက်ဖ်ပီ)















