ဒီတစ်ပတ်အတွက် စိတ်ကြိုက်ကွန်ဒိုကိုတော့ ရန်ကုန်မြို့ရဲ့ဈေးအကောင်း ဆုံးနေရာမှာတည်ရှိတဲ့
ဒဂုံမြို့နယ်ထဲ က အကောင်းဆုံး ကွန်ဒိုတစ်ခုဖြစ်တဲ့နိုင်ဂရု(ပ်)ဆောက်လုပ်ရေးကတည်ဆောက်
ထားတဲ့ ရွိုင်ရယ်ယောမင်းကြီးကွန်ဒိုက အဆင့်မြင့်ပြင်ဆင်ပြီး ကွန်ဒိုခန်းတစ်ခန်းနဲ့ မိတ်ဆက်ပေး
ချင်ပါတယ်။
ဒဂုံမြို့နယ်က ရွိုင်ရယ်ယောမင်းကြီးကွန်ဒိုဆိုရင် မသိသူမရှိသလောက်ကို နာမည်ရထင်ရှားပြီး
ကွန်ဒို ပံ့ပိုးမှုအင်္ဂါရပ်ကလည်း ပြီးပြည့်စုံ တာမို့ နိုင်ငံခြားသားနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကြိုက်
နှစ်သက်တဲ့အဆင့်မြင့်ကွန်ဒိုတစ်ခုပါ။ ဗိုလ်ချုပ်ဈေးနဲ့လည်း နီးတဲ့အတွက် သွားလာရေးရော စီးပွား
ရေးအရ အချက်အချာကျတာ ကလည်း အထူးပြောဖို့လိုမယ်မထင်ပါ ဘူး။ စာရေးသူ သွားရောက်
ကြည့်ရှုခဲ့တဲ့ အဆင့်မြင့်ကွန်ဒိုခန်းလေးက အထပ် နှစ်ထပ်ပါရှိပြီး ပြတင်းပေါက်ကျယ် ကျယ်တွေ
ပြုလုပ်ပေးထားတဲ့အပြင် အခုမှပြင်ဆင်ပြီးခါစ ကွန်ဒိုခန်းအသစ် ဖြစ်ပါတယ်။
အိမ်ရှင်က ပရိဘောဂတွေ လည်း ထည့်ပေးထားတယ်ဆိုတော့ နေထိုင်သူတွေ ချက်ချင်းတက်
နေနိုင် တဲ့အတွက် စိတ်တိုင်းကျ နှစ်သက်စေမယ့် အခန်းလို့ ထင်ပါတယ်။ ဒီကွန်ဒိုက အငှားသီး
သန့် ဖွင့်လှစ် ထားပြီး စုစုပေါင်း စတုရန်းပေ ၂,၇၀၀ ခန့် ကျယ်ဝန်းပါတယ်။ ဒီအိမ်ကလေး မှာ
အိပ်ခန်း သုံးခန်းပါ၀င်တဲ့အတွက် မိသားစု နည်းသူတွေအတွက် သင့်လျော် ပါတယ်။ အိမ်ရဲ့
အောက်ထပ်မှာတော့ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်းနှစ်ခန်းကို ဖွဲ့စည်းပေးထား
ပါတယ်။
အိမ်ခန်းမှာက ဧည့်ခန်းကို ကျယ်ကျယ် ဖွဲ့ပေးထားပါတယ်။ ပြီးတော့ အောက်ထပ်မှာလည်း ဧည့်
သည်သုံး ရေချိုးခန်းနဲ့ အိမ်သာ ကို သီးသန့်ခွဲပြီး ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အိမ်နောက်
ဖေး မီးဖိုခန်းကိုလည်း အဆင့်မြင့် ပြင်ဆင်ပေးပြီးသား ဖြစ်တာ ကို တွေ့ခဲ့ရပါတယ်။
မီးဖိုခန်းနဲ့ ထမင်းစားခန်းကို သီးသန့်ခွဲပြီး ဖွဲ့ထား ပြီး ထမင်းစားခန်းမှာ အဆင့်မြင့် ထမင်းစားပွဲတွေ
ပါ အပါအဝင်ဖြစ်ပါ တယ်။ အိမ်ရဲ့ ကြမ်းခင်းတွေကိုတော့ ရိုးရိုး လျှာထိုးခင်းတွေ ခင်းထားပြီး အိမ်
ရဲ့ နံရံတွေကိုလည်း သုံးထပ်သားလို သစ်သား မျိုးနဲ့ ကာထားပြီး အခန်းတွေဖွဲ့ထား တာကို တွေ့
ခဲ့ရပါတယ်။ အိမ်အောက်ထပ်ကနေ အိမ်ပေါ်ထပ်ကိုတော့ ရိုးရှင်းတဲ့ သစ်သားလှေကားကနေ
တစ်ဆင့် တက်သွားရ ပြီး အိမ်အပေါ်ထပ်မှာ ရေချိုးခန်းနဲ့ အိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်းကျယ်
ကြီးတစ်ခန်းကို ဖွဲ့ပေးထားပါတယ်။
အိပ်ခန်းရဲ့အပြင်ဘက်မှာ အပေါ်ထပ်ဧည့်ခန်းလိုမျိုး နေရာလွတ် ကျယ် ကျယ်လေး ရှိတာကိုလည်း
တွေ့ခဲ့ရပါ တယ်။ နံရံတွေမှာလည်း အလှပစ္စည်းလေးတွေထားလို့ ရတဲ့ စင်ကလေးတွေ ကို အလှ
ဆင်ပြီး ပြုလုပ်ထားတဲ့ အတွက် ကိုယ့်စိတ်ကြိုက် အလှဆင်ပစ္စည်းလေးတွေကို တင်ထားနိုင်လို့
အမြင်တစ်မျိုး ဆန်းနေမယ်လို့ထင်ပါတယ်။ ဒီကွန်ဒိုမှာ ဘုရားခန်းဆိုပြီး သီးသန့် တော့ ဖွဲ့မပေး
ထားတာကို သတိထားမိ ခဲ့ပါတယ်။ အိမ်က အဆင့်မြင့်မြင့် ပြင်ပြီးသားဖြစ်တဲ့အပြင် မြို့တွင်းကို
သွားရလာရ လွယ်ကူတဲ့ နေရာမှာရှိပြီးတော့ ဈေးရော ကျောင်းတွေနဲ့ပါ နီးတဲ့အတွက် နေထိုင်
သူတွေအတွက် အဆင်ပြေစေမယ့် အဆင့်မြင့်ကွန်ဒိုတစ်ခုလို့ ထင်ပါတယ်။ ကွန်ဒိုမှာက ရေကူး
ကန်အပြင် ရုပ်ရှင်ရုံ အငယ်ကလေး ပါ၀င်တဲ့အတွက် အပန်းဖြေစရာ နေရာတစ်ခု ပါရှိလို့ ကျေနပ်
သဘောကျမှာပါ။
ဒီကွန်ဒိုမှာ စုစုပေါင်း လေအေးပေးစက် ခုနစ်လုံးပါ၀င်ပါတယ်။ ဒီတော့ ရွိုင်ရယ်ယောမင်းကြီးကွန်ဒို
ကို နှစ်သက်သဘောကျလို့ ငှားရမ်း ချင်တယ်ဆိုရင်တော့ မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင်
နဲ့ ဆက်သွယ်ငှားရမ်းနိုင်ပါတယ်။
တည်နေရာ - ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်။
ဈေးနှုန်း - ဒေါ်လာ ရ,၅၀၀ (အငှား) (ညှိနငိင်း)။
ဖုန်း - ၀၁ ၉၆၆၉၀၆၃။
ဆက်သွယ်ရန် - မိုးမြင့်သော်တာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း။
















