ဟောင်ကောင်တွင် သဘာဝသစ်တောများအတွက်မြေနေရာရှားပါးလာ

ဟောင်ကောင်တွင် သဘာဝသစ်တောများအတွက်မြေနေရာရှားပါးလာ

ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး မြို့တော်တစ်ခုဖြစ်သော ဟောင်ကောင် တွင် မိုးထိုးအောင်မြင့်
မားလှသော အိမ်ခြံမြေဈေးကွက်ကြောင့် လူ အများဝယ်ယူနိုင်သည့် ဈေးနှုန်းသင့် အိမ်ရာများ
ဆောက်လုပ်ရန် မြေနေရာ များထပ်မံရှာဖွေနေခြင်းနှင့် စပ်လျဉ်း ပြီး မြို့တော်၏ အဖိုးတန်သဘာ
၀သစ်တောမြေများ ပျောက်ဆုံးနိုင်မည့် စိုးရိမ်မှုများ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် ဟောင်ကောင်မြို့တော် ၏ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး
သဘာဝပတ်ဝန်းကျင်ပညာရှင်များက လျစ်လျူရှုမထားသင့်တော့ကြောင်း အစိုးရဝန်ကြီးတစ်ဦးက
ပြီးခဲ့သည့်သီတင်းပတ်တွင် အကြံပြုပြောကြားခဲ့သည်။

ထို့ပြင် ဟောင်ကောင်၏ သဘာဝမြေနေရာများမှာ ဆောက်လုပ်ရေးလုပ်ငန်း များကြောင့် တဖြည်း
ဖြည်း ဆုတ်ယုတ် ပျောက်ကွယ်လာနေသည့် အခြေအနေ များလည်းရှိနေကြောင်း ၎င်းက ဆက်
လက်ပြောကြားခဲ့သည်။


 

သို့သော် ဆောက်လုပ်ရေးဌာန အကြီးအကဲ ပေါလ်ချန်က ဟောင်ကောင် ၏ လူဦးရေ ရ ဒသမ
၁ သန်းမှာ မြို့ဧရိယာ၃၀ရာခိုင်နှုန်းခန့်အတွင်း ပြွတ်သိပ်စွာ နေထိုင်နေရသည့် မြို့ပြ မြေနေရာရှား
ပါးမှု ပြဿနာနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြား ခဲ့သည်။ ကျန်သည့် မြေဧရိယာ ရ၀ ရာခိုင်နှုန်း
မှာ သစ်တောမြေ၊ စိမ့်မြေ၊ ကျတ်တီးမြေနှင့် ကာကွယ်ထိန်းသိမ်းထားသော အမျိုးသားဥယျာဉ်မြေ
များဖြစ်သည်။

ထိန်းသိမ်းကာ ကွယ်ထားသော အမျိုးသားဥယျာဉ်များ၏ ဧရိယာတစ်ခု တည်းကပင် ဟောင်ကောင်
ကျွန်း၏ ၄၀ ရာခိုင်နှုန်းအထိရှိသည်။ "တားမြစ်ထားတဲ့ အရာတစ်ခု မဟုတ်ဘူးဆိုရင်တော့
ထိန်းသိမ်း ကာကွယ်ထားတဲ့ အမျိုးသားဥယျာဉ် တွေမှာ အိမ်ရာတည်ဆောက်မှုတွေလုပ်ဖို့ကိစ္စဟာ
မပြောကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီမြေတွေကို လုံးဝမထိဘဲ ထားသင့်
သလား"ဟု မစ္စတာချန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၎င်း၏ ဘလော့ခ်တွင် ရေးသားထား
သည်။

ဟောင်ကောင်၏ အမှုဆောင်ချုပ် ူနကညါ ဃ့ကညပငညါ က တရုတ် ပြည်မကြီးမှ လာရောက်
နေထိုင်သူ အများအပြားဝင်ရောက်လာခြင်း ၏ နောက်ဆက်တွဲ ပြဿနာအဖြစ် ဟောင်ကောင်
တွင် အိမ်ရာရှားပါးမှု များ ပေါ်ပေါက်လာခြင်းနှင့် ဘဏ် အတိုးနှုန်းနည်းခြင်းကြောင့် အိမ်ရာ ဈေး
ကွက် မြင့်မားလာခြင်းတို့ကို ငြိမ်သက်သွားစေရန် ကြိုးပမ်းချက်အဖြစ် အစိုးရမူဝါဒ၏ အဓိကဦး
တည်ချက်ဖြစ်သော တန်ဖိုးနည်းအိမ်ရာများ လုံလောက်မှုရှိစေရန် ဆောင်ရွက်နေသည်။

ဟောင်ကောင်တွင် ၂၀၀၉ ခုနှစ်မှ စပြီး အိမ်ဈေးနှုန်းများ နှစ်ဆနီးပါး အထိ မြင့်တက်လာခြင်းကြောင့်
အိမ်ရာပိုင်ဆိုင်မှုသည် လူပေါင်း များစွာအတွက် လက်လှမ်းမမှီနိုင် သော အရာဖြစ်စေခဲ့သည်။

စတုရန်းပေ ၄၀၀ (၃၇ စတုရန်းမီတာ)အကျယ်အဝန်းရှိ တိုက်ခန်းကျဉ်းလေးတစ်ခန်း ၏ ပျမ်းမျှ
ဈေးနှုန်းမှာ ဟောင်ကောင် ဒေါ်လာ ၄ ဒသမ ၉၂ သန်း (အမေရိကန်ဒေါ်လာ ၆၃၅,၀၀၀)ဈေးရှိ
သည်။

ထို့ပြင်အစိုးရသည် ဟောင်ဟောင် ရှိ လူချမ်းသာများနှင့် ဆင်းရဲသား များအကြား ကွာဟမှုပြဿ
နာကို လည်း ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဟောင်ကောင်ရှိ လူပေါင်း တစ်သိန်းခုနစ်
သောင်းနီးပါးမှာ ဧရိယာနည်းနည်းဖြင့် ဆောက်လုပ် ထားသော ကျဉ်းမြောင်းသော လူနေတိုက်
ခန်းများအတွင်း ထပ်ပြီးပိုင်းထား သော အခန်းကျဉ်းလေးများထဲတွင် နေထိုင်နေကြရသည်။

အစိုးရအကြံပေးအဖွဲ့တစ်ဖွဲ့က နေထိုင်မှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နောက်လာမည့်
ဆယ်နှစ်အတွင်း၌ လူနေတိုက်ခန်းပေါင်း လေးသိန်းခုနစ်သောင်း ဆောက်လုပ်ရန် လိုအပ်ပြီး
ယင်းတိုက်ခန်းများ၏ ၆၀ ရာခိုင်နှုန်းအား အများပြည်သူ အိမ်ရာများအဖြစ် လျာထားသတ်မှတ်
ရမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က အကြံပြုပြောကြားခဲ့သည်။ မြေနေရာကန့်သတ်မှုများ ကြုံတွေ့
နေရသော်လည်း သဘာဝသစ်တောမြေများအဖြစ် သတ်မှတ်ထားသောနေရာများအား လူနေတိုက်
ခန်းများ ဆောက်လုပ်မည့် မြေနေရာ များအဖြစ် အသုံးပြုမည့် အကြံပြုချက် သည် တည်ဆောက်
ရေးကဏ္ဍနှင့်ပတ်သက်ပြီး မကျေနပ်မှုများကို ဖြစ်ပေါ်နိုင်သည့်အပြင် နိုင်ငံ့အမွေအနှစ် များအပေါ်
မထီမဲ့မြင်ပြုရာလည်း ရောက်နိုင်သည်။

"တစ်လက်မလောက် ခွင့်ပြုပေးလိုက်ရင် နောက်ပိုင်းဆို တစ်ပေထပ်ပေးရမှာပါပဲ။ သဘာဝ
သစ်တောမြေတွေကို ၀င်ခွင့်ပေးဖို့ကိစ္စရပ်ဟာ အထူးအလေးထားရမယ့် ကိစ္စပါပဲ။ ဖြစ်နိုင်ရင်
စဉ်းတောင်မစဉ်းစားရမယ့် ကိစ္စပါပဲ"ဟု အစိုးရအရာရှိဟောင်း တစ်ဦးဖြစ်သူ Lam Chiuying
က ဆိုသည်။

လေ့လာသုံးသပ်သူများကလည်း အဆိုပါ ထိန်းသိမ်းထားသော သစ်တောမြေနေရာများကို လူနေ
အိမ်များဆောက်လုပ်ရန် အသုံးပြုနိုင် မပြုနိုင်ဟု အငြင်းပွားနေသည့် ကိစ္စ မှာ သဘာဝအရင်းအမြစ်
များနှင့်အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးနှင့် တည်ဆောက်မှုစီမံကိန်း များကို မည်သို့
လိုက်ဖက်ညီအောင် ဆောင်ရွက်နိုင် မလဲဆိုသည့် ငြင်းခုံမှု များကို ဖြစ်ပေါ်နိုင်စေကြောင်း ဝေဖန်
ထောက်ပြထားသည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်