ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကို တော့ သုဝဏ္ဏမြို့နယ်၊ သံသုမာလမ်းပေါ်က လုံးချင်းအိမ်
ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ လမ်းမတန်းမှာရှိတဲ့ အတွက် ကိုယ်ပိုင်ဆိုင်ခန်း ဖွင့်ချင်သူ
တွေ ဒါမှမဟုတ် လမ်းမတန်းကျယ်ကျယ် ပေါ်မှာ နေရတာကြိုက်သူတွေ နှစ်သက် စေမယ့် လုံး
ချင်းအိမ်ကလေးပါ။
သုဝဏ္ဏမှာရှိတဲ့အတွက် မြို့တွင်း ပိုင်းကို သွားလာတဲ့ နေရာမှာ အနည်းငယ်ကြာမြင့်စေတယ်
ဆိုပေ မယ့် သွားရေးလာရေးအတွက် အဆင် ပြေတဲ့ လမ်းမပေါ်မှာ ရှိနေတဲ့အပြင် သုဝဏ္ဏမြို့နယ်
ဆိုတာကလည်း ဈေးနဲ့ ဆိုင်ခန်းတွေနဲ့ စည်စည်ကားကား ရှိတဲ့ မြို့နယ်တစ်ခုပါ။
ဒီအိမ်ကလေးက ရိုးရှင်းတဲ့ နှစ်ထပ် တိုက်ကလေးဖြစ်ပြီးတော့ အရောင်း သီးသန့်ပဲ ဈေးဖွင့်လှစ်ပေး
ထားပါ တယ်။ အိမ်ကိုတော့ အဖြူရောင်ဆေးသုတ်ထားပါတယ်။ အိမ်ရဲ့ အကျယ်အဝန်းကတော့
စုစုပေါင်း ၁,၆၂၅ စတုရန်းပေ ရှိတဲ့အတွက်မိသားစုများသူတွေ ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်
လပ်လပ် နေနိုင်ဖို့ အတွက် လုံလောက်တဲ့ အိမ်ကလေးလို့ ထင်ပါတယ်။ အိမ်က အနည်းငယ်
ရိုးရှင်းတဲ့ဒီဇိုင်းမျိုးလို့ ဆိုနိုင်ပေမယ့် ကျယ်ဝန်းတာကြောင့် ၀ယ်သူတွေ သဘောကျနိုင်တဲ့ ရိုးရှင်း
သပ်ရပ်တဲ့လုံးချင်းအိမ်ကလေးပဲဖြစ်ပါတယ်။
အိမ်ထဲကို ၀င်ဝင်ချင်းမှာ ကြွေပြား ခင်းထားတဲ့ အမိုးအောက်က ကျယ်ဝန်း တဲ့ နေရာတစ်ခုရှိပါ
တယ်။ အဲဒီနေရာ လွတ်ကမှ အိမ်ထဲကို ၀င်သွားလိုက်မယ် ဆိုရင်တော့ အတော်အတန်ကျယ်တဲ့
ဧည့်ခန်းကို အရင်ဆုံးတွေ့ရမှာဖြစ်ပါ တယ်။ အိမ်ရဲ့ အောက်ထပ်မှာက တော့ ရေချိုးခန်းနဲ့အိမ်သာ
တွဲလျက် ပါ အိပ်ခန်း တစ်ခန်းပဲ ဖွဲ့ပေးထားပါ တယ်။ အိမ်အောက်ထပ်ရဲ့ အနောက် ဆုံးဘက်မှာ
တော့ မီးဖိုခန်းနဲ့ ထမင်း စားခန်းကို သီးသန့်ဖွဲပေးထားတာကို တွေ့ခဲ့ရပါတယ်။ မီးဖိုခန်းနဲ့ ထမင်း
စားခန်းကိုတော့ ကြွေပြားတွေ ခင်းပေးထား တယ်ဆိုပေမယ့် အိမ်ရဲ့ ကျန်တဲ့နေရာ တွေကိုတော့
ကိုရီးယားပါကေးတွေ ခင်းပေးထားပါတယ်။
အိမ်ရဲ့ အပေါ်ထပ်မှာလည်း ရေချိုး ခန်းနဲ့ အိမ်သာ တွဲလျက်ပါတဲ့ အိပ်ခန်း တစ်ခန်းပဲ ဖွဲ့ပေးထားပြီး
ကျန်တဲ့နေရာတွေကိုတော့ နောက်ထပ် ဧည့်ခန်းတစ်ခုလိုပြုလုပ်လို့ ရနိုင်တဲ့ နေရာလွတ်ကျယ်
တွေ ရှိပါတယ်။ ဒီအိမ်ကလေးမှာတော့ ဘုရားခန်းကို သီးသန့်အခန်းကျယ်ကျယ်နဲ့ ဖွဲ့ပေး ထား
တာကို တွေ့ခဲ့ရပါတယ်။ အိမ်ရဲ့ မျက်နှာကြက်နဲ့ အခန်းတွင်း ဒီဇိုင်းတွေကို အားလုံးပြင်ဆင်ပြီး
သားဖြစ်ပါတယ်။ ပြတင်းပေါက်တွေကို ကျယ်ကျယ် မဖွဲ့ပေးထားပေမယ့် လမ်းမတန်းဖြစ်လို့
အလင်းရောင် ကောင်းကောင်းရနိုင်ပါတယ်။
ဒီအိမ်ကလေးက အဆင့်သင့် အားလုံးပြင်ပြီးဆင်ပြီးသားဖြစ်ပေမယ့် အိမ်ရဲ့ ကြမ်းခင်းတွေနဲ့ အတွင်းပိုင်း နေရာတချို့ကတော့ ပြင်ဆင်မှုတချို့ နောက်ထပ်ပြုလုပ်ဖို့ လိုအပ်လိမ့်မယ် လို့
ထင်ပါတယ်။ ဒီအိမ်မှာက ရေမီးအပြည့်အစုံပါပြီး သား ဖြစ်ပါတယ်။ သံသုမာလမ်းမကြီး ပေါ်မှာ
တည်ရှိတဲ့အတွက် နေထိုင်ဖို့ပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင် ဖို့ပဲဖြစ်ဖြစ် ရည်ရွယ်ချက်နှစ်
မျိုးစလုံး အတွက် ကိုယ့်စိတ်ကြိုက်ဝယ်ယူ ပြင်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအိမ်ကလေးကို ဈေးနှုန်း
သင့်တော် လို့ ၀ယ်ယူချင်တယ်ဆိုရင်တော့ မြ ပန်းသခင် အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။
တည်နေရာ - သံသုမာလမ်း၊ သုဝဏ္ဏမြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၅,၅၀၀ (အရောင်း)။ ဖုန်း - ၀၉ ၄၃၁၂၇၂၈၈။
ဆက်သွယ်ရန် - (မြ)ပန်းသခင် အိမ်၊ ခြံ၊ ဗမြ အကျိုးဆောင်လုပ်ငန်း။
















