Capital Development Ltd (CDL) သည် Capital Diamond Star Group ၏ ဆောက်လုပ်
ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ၎င်း၏ ပထမဦးဆုံး အဆင့်မြင့်ကွန်ဒိုအိမ်ရာစီမံ
ကိန်းတစ်ခုဖြစ်သော Gems Garden ဃသညိသာငညငကာျ ကို အမှတ် ၁၁၃၊ အင်းစိန်လမ်း၊
လှိုင်မြို့ နယ်တွင် စက်တင်ဘာလအတွင်းတွင် စတင်တည်ဆောက်အကောင်အထည်ဖော်နေပြီ
ဖြစ်ကြောင်း Capital Development Limited မှ ထုတ်ပြန် သော သတင်းထုတ်ပြန်ချက်အရ
သိရှိ ရသည်။
Gems Garden ကွန်ဒိုမီနီယံ အပါ အဝင်စီမံကိန်းတစ်ခုလုံးကို ၁၂ ဧက ကျယ်ဝန်းသောမြေ
အကျယ်အဝန်းပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး Gems Garden ၏ အဆင့်မြင့်ကွန်ဒို အိမ်ရာ
များကို ခေတ်မီလှပသော ဗိသုကာဒီဇိုင်းလက်ရာများဖြင့် ရန်ကုန် မြို့၏ လူနေမှုပြယုဂ်တစ်ခုဖြစ်
လာ မည့် Capital City နှင့်ပေါင်းစပ် ကာ စီမံကိန်းအဆင့်များအလိုက် တည်ဆောက်သွားမည်
ဖြစ်ကြောင်း Capital Development Limited မှ အထွေထွေမန်နေဂျာ ကိုစိုးသီဟလှိုင် က
မြန်မာတိုင်း(မ်)နှင့်တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
"Gems Garden ကွန်ဒိုမီနီယံ စီမံ ကိန်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ မှာ စတင်တည်ဆောက်
ပါတယ်၊ တည် ဆောက်ပြီးစီးချိန်ကိုတော့ ၃၆ လ လို့ ခန့်မှန်းသတ်မှတ်ထားပါတယ်၊ ပြည်သူ
လူထုကိုတော့ အောက်တိုဘာ ၅ ရက် နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါ တယ်၊ ွနာျ ကွန်ဒိုမီနီယံ
ကနေရာ ကောင်းမှာ တည်ရှိတဲ့အတွက် နေထိုင် သူတွေအတွက် သွားလာဆက်သွယ်ရေး
အဆင်ပြေလွယ်ကူမှာ ဖြစ်ပါ တယ်၊ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်း က ဓမ္မာရုံလမ်းနဲ့ အင်းစိန်
လမ်းထောင့် မှာတည်ရှိတဲ့အပြင် လှည်းတန်းလမ်းဆုံနဲ့ အင်းလျားလိပ်ကနေလည်းတစ်ကီလိုမီ
တာလောက်သာ ကွာဝေးတဲ့အတွက် နေထိုင်သွားလာရေးအချက် အချာကျတဲ့နေရာမှာ တည်
ရှိတာကြောင့်ဖြစ်ပါတယ်၊ဒါကြောင့်လည်းငွေကြေးရင်းနှီးမြှုပ်နှံမှုအတိုင်းအတာ ကြီးမားတဲ့စီမံကိန်း
ကြီးကို ရင်းနှီး မြှုပ်နှံ ဖြစ်ခဲ့တာပါ"ဟု ကိုစိုးသီဟလှိုင် က ပြောသည်။
စီမံကိန်းပထမ အဆင့်ဖြစ်သော Gems Garden ကွန်ဒိုမီနီယံတွင်၂၁ ထပ်စီအမြင့်ရှိသော တာဝါ
လေးခုပါရှိပြီး တာဝါလေးခုတွင်အခန်းစုစုပေါင်း ၅၈၄ ခန်းပါ ရှိသည်။ ခေတ်မီ သည့်နေထိုင်မှုစနစ်
များကိုခံစားရရှိ နိုင်ရန် ွနာျ ကွန်ဒိုရှိအခန်းများကို နိုင်ငံတကာအဆင့်မီနည်းစနစ်များကိုအသုံးပြုပြီး
စနစ်တကျဖြင့်ကျယ်ဝန်း စွာ ဖွဲ့စည်းတည်ဆောက်ထားသောကြောင့် ဆိတ်ငြိမ်အေးချမ်းသည့်လူ
နေ မှုအဆင့်အတန်းသစ်တစ်ခုကို ရရှိပိုင် ဆိုင်နိုင်မည်ဖြစ်ကြောင်းလည်းသိရ သည်။
ထို့ပြင် ၂၁ ထပ်တွင်ကျယ်ဝန်း သော စနညအ့သကျန များပါရှိပြီး ထိုမှ တစ်ဆင့်ရန်ကုန်မြို့၏
လှပသောမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ် သည်။ အောက်တိုဘာလဆန်းတွင်အခန်း
များကို အရောင်းစတင်ဖွင့်လှစ် မည်ဖြစ်ရာ ကနဦးအရောင်းဖွင့်လှစ် သည့် ဈေးမှာ တစ်စတုရန်း
ပေလျှင် ကျပ် ၁၈၀,၀၀၀ ၀န်းကျင်မှ စတင် ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
Gems Garden ကွန်ဒိုမီနီယံရှိအခန်းစုစုပေါင်း၏ ၉၈ ရာခိုင်နှုန်းကိုအိပ်ခန်းနှစ်ခန်းနှင့်အိပ်ခန်း
သုံးခန်းပါ၀င်သော ကွန်ဒိုတိုက်ခန်းများအဖြစ် အချိုးတူ ဖွဲ့စည်းတည်ဆောက်ထားသည်။
အိပ်ခန်း နှစ်ခန်းပါသော ကွန်ဒိုခန်းများသည်တစ်ခန်းလျှင် ၈၉၇ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်း
၃ ခန်းပါသောကွန်ဒိုခန်းများသည်တစ်ခန်းလျှင် ၁,၅၀၅ စတုရန်းပေကျယ်ဝန်း ၍ အခန်းတိုင်းတွင်
ခေတ်မီဆန်းသစ် သော ဒီဇိုင်းများဖြင့်အလှဆင်ထားပြီး သဘာဝအလင်းရောင်ရရှိစေရန်လည်း
ဖွဲ့စည်းပေးထားသည့်အပြင် အိမ်အကူခန်း၊ စတိုခန်းများကိုလည်း စနစ်တကျ ထည့်သွင်းတည်
ဆောက်ထားကြောင်းသိရသည်။ စီမံကိန်းဒုတိယအဆင့်ကို Capital City ဟု အမည်ပေး
ထားပြီး မြေဧရိယာ ၆.၅ ဧကပေါ်တွင်အကောင်အထည် ဖော် တည်ဆောက်မည်ဖြစ်ကြောင်း
လည်း ကိုစိုးသီဟလှိုင်က ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းဒုတိယအဆင့်တွင် ရန်ကုန်မြို့ ရှိ ရှော့ပင်းမောလ်များတွင်အကြီးဆုံး နှင့်ခေတ်
အမီဆုံးဖြစ်လာမည့် Capital Mall အပါအဝင် နိုင်ငံတကာအဆင့်အတန်းမီ service apartment
များ၊ ရုံးခန်းများပါ၀င်သော အထပ်မြင့်အဆောက်အအုံတစ်ခုနှင့် အဆင့်မြင့်လူနေအိမ်ရာများပါ၀င်
သော အထပ်မြင့် အဆောက်အအုံတစ်ခုတို့ ပါ၀င် သည်။ စီမံကိန်းတတိယအဆင့်ကို မြေအကျယ်
အဝန်း သုံးဧကပေါ်တွင်တည်ဆောက်မည်ဖြစ်ပြီး ၎င်းစီမံကိန်း မှာ လူနေအိမ်ရာများအတွက် သီး
သန့် သာဖြစ်ကြောင်းလည်း၎င်းကပြောသည်။
"ဒီစီမံကိန်းတစ်ခုလုံးပြီးစီးသွားရင်ရန်ကုန်မြို့ရဲ့ အထင်ကရ iconic landmark တစ်ခုဖြစ်လာမယ်
လို့ အသေအချာပြောနိုင်ပါတယ်။ ဗိသုကာ ဒီဇိုင်းအရလည်းလက်ရာကောင်းမွန် တဲ့အတွက် ဒီစီမံ
ကိန်းက ရန်ကုန်မြို့ ရဲ့ ရှော့ပင်းစင်တာနဲ့အများ ပြည်သူ အပန်းဖြေစရာနေရာတွေထဲမှာ မရှိ မဖြစ်
အရေးပါလာတဲ့ ူညေိာမေု တစ်ခု ဖြစ်လာမယ်လို့ယုံကြည်ပါတယ်"ဟု ၎င်းကပြောသည်။
Gems ကွန်ဒိုမီနီယံတွင် ရေကူးကန်၊ ဘက်စုံအဆင့်အတန်းမြင့်အားကစားခန်းမ၊ ကလေးရေကူး
ကန်၊ကော်ဖီဆိုင်နှင့် snack ban ၊ ဘက်စုံသုံးခန်းမများ၊ ကလေးအားကစားကွင်း၊ အားကစားလေ့
ကျင့်ရန်ပြင်ပ နေရာ၊ barbeque ကောင်တာ၊ လမ်း လျှောက်ရန် လျှောက်လမ်းနေရာများနှင့်
rooftop garden စသည့် facility များပါ၀င်သည်။
Gems ကွန်ဒိုရှိအထပ်မြင့်တာဝါလေးခုတွင် တစ်ခုစီတွင် ဓာတ်လှေကားသုံးစီး၊backup generator
၊ရေသန့်စင်သည့်စနစ်များ ပါ၀င်ပြီး အထပ်မြင့်တာဝါလေးခုအတွက် ကားပါကင်စုစုပေါင်း ရ၀၀
ကျော်ပါ၀င်ကြောင်း သိရသည်။ Capital Development Ltd မှ တည်ဆောက်မည့် စီမံကိန်း
အတွက် ဒီဇိုင်းကို စင်ကာပူနိုင်ငံရှိနာမည်ရ ထင်ရှားသော RSP Architects Planners and
Engineers မှ တာဝန်ယူဒီဇိုင်းရေးဆွဲပေးထားကြောင်း သိ ရသည်။
RSP Architects Planners and Engineers ကို တည်ထောင်ခဲ့ သည်မှာ ၅၇ နှစ်ကျော်
သက်တမ်းရှိပြီ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ရုံးခန်းများဖွင့်လှစ် ထားရှိသည့်
အတွေအကြံုရှိ ၀ါရင့်အဆောက်အအုံဒီဇိုင်နာများဖြင့်ဖွဲ့စည်းထားသည့် အကြီးဆုံးသော အဖွဲ့
အစည်းဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ ဒီဇိုင်းလက်ရာကွဲပြားသော အဆောက် အအုံများစွာကိုလည်း ဖန်တီးရေးဆွဲပေးခဲ့
ကြောင်းသိရသည်။ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ Traders Hotel နှင့် Shangri-La Regency
Apartment ၏ဒီဇိုင်းလက်ရာ များ ဖြစ်ကြောင်းသိရသည်။
Gems Garden ကွန်ဒိုကိုတည် ဆောက်ရာတွင် Capital Development Limited (CDL) နှင့်
အတူ ဗီယက်နမ် နိုင်ငံမှ ထိပ်တန်းနာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Hoa Binh
Real Estate Construction Corporation of Vietnam တို့မှ ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ
ဆောက် လုပ်ရေးနည်းပညာများဖြင့် စနစ်တကျ တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Hoa Binh သည် ဗီယက်နမ်နိုင်ငံ၏ ရှေ့ဆောင်ဆောက် လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး နိုင်ငံတကာ
ကုမ္ပဏီများနှင့်ပူးပေါင်း၍ ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းများကို တည်ဆောက် အကောင်
အထည်ဖော်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။
CDL ၏ ဆောင်ပုဒ်နှင့်ယုံကြည်ချက်တို့မှာ အရည်အသွေးမြင့်မားမှု၊ တာဝန်သိတတ်မှုနှင့် ယုံကြည်
အားထားမှုတို့ကိုရှေ့ဆောင်ပြုသည့် ကုမ္ပဏီတစ်ခုဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။ စီမံကိန်း ပထမအဆင့်ဖြစ်သော Gems Garden ကွန်ဒိုအတွက် ရင်းနှီး မြှုပ်နှံမှု
တန်ဖိုး ကန်ဒေါ်လာသန်း ၁၀၀ ခန့် ရှိမည်ဟုလည်း ၎င်းကပြောသည်။
















