အခွန်ဆောင်ရာတွင်အဆင်ပြေစေရန် မြေဈေးနှုန်းများသတ်မှတ်ခဲ့

အခွန်ဆောင်ရာတွင်အဆင်ပြေစေရန် မြေဈေးနှုန်းများသတ်မှတ်ခဲ့

နိုင်ငံတော်အစိုးရအား မြေအခွန် ဆောင်ရာတွင် ရာပြတ်တန်ဖိုး သတ် မှတ်မှုတစ်ပြေးညီတည်း
ဖြစ်စေရန်အတွက် မြန်မာနိုင်ငံ၏ မြေဈေးနှုန်း များအား သတ်မှတ်ပေးသွားမည်ဖြစ် ရာ ယခုအခါ
တွင် ရန်ကုန်တိုင်း ဒေသကြီး၏ မြေဈေးနှုန်းမျာအားသတ်မှတ်ပြီးဖြစ်ပြီး အောက်တိုဘာ ၁ ရက်
နေ့မှစတင်ခါ အဆိုပါစံနှုန်း များအတိုင်း အခွန်ဆောင်ရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အရင်တုန်းကတော့ မြေအခွန်ဆောင်တဲ့အခါမှာ ရာပြတ်တန်ဖိုးဖြတ် တာချင်းမတူကြတော့ အဲဒီ
အတွက် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြည်သူ လူထုက ထင်ကြေးပေးကြတယ်။ ဒီအပေါ်မှာ တစ်
တိုင်းပြည်လုံးမြေယာကိစ္စတွေ အဆင်ပြေအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားတော့
ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ် တိုင်းဒေသကြီးတွေမှာ သက်ဆိုင်ရာ ရပ်ကွက်အလိုက်၊
လမ်း အလိုက် စံနှုန်းတစ်ခုတော့ သတ်မှတ်ပေးလို့ရှိရင် ထင်သာမြင်သာရှိမယ်ဆိုပြီး နိုင်ငံတော်
အစိုးရက ရန်ကုန်မြို့က မြေဈေးတွေကို သတ်မှတ်ပေးတာဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူ
က ပြောသည်။

ထိုကဲ့သို့ မြေဈေးနှုန်းစံများသတ်မှတ်ရေးအတွက် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး
ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့၊ မြေစာရင်းဦးစီး ဌာန၊ ပြည်တွင်းအခွန် ဦးစီးဌာန၊ အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီနှင့် မြန်မာနိုင်ငံအိမ်ခြံ
မြေဝန်ဆောင်မှုအသင်းတို့ ပူးပေါင်း ခဲ့ပြီး တန်ဖိုးသတ်မှတ်ရာတွင်လည်း သင့်တင့်မျှတမှု ရှိစေရန်
အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကာလပေါက် မြေဈေးနှုန်းများကို အခြေခံကာ သတ်
မှတ်ခဲ့ကြောင်း ၎င်းကပြောသည်။

"ဒီလိုသတ်မှတ်ဖို့အတွက် ကျွန်တော် တို့အဖွဲ့ခြောက်ဖွဲ့ ပူးပေါင်းပြီးဆောင် ရွက်ခဲ့ပါတယ်။
ကျွန်တော်တို့အပြင်ဈေးကိုလည်း စုံစမ်းတယ်။ အခုလက်ရှိ ရာပြတ်မှာ ဖြတ်နေတဲ့ ဈေးကို
လည်းစဉ်းစားတယ်။ အဲဒီလိုစုံစမ်းစဉ်းစားပြီး ရတဲ့အပေါ်မှာ ကျွန်တော်တို့တွေက ဘယ်လောက်
ကနေ ဘယ်လောက်ထိ ဆိုတဲ့ကြားကိန်းဂဏန်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ
တယ်။ တိုင်းဒေသကြီးအစိုးရက ကျွန်တော်တို့ တင်ပြမှုတွေထဲက ကိန်းဂဏန်းတစ်ခု ကို
အတည်ပြန်ပြုတယ်။

သူတို့ အတည်ပြုလိုက်တဲ့ ဈေးစံနှုန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကိုပြန်ချပေး တယ်။ သက်
ဆိုင်ရာဝန်ကြီးဌာနက နေပြီး အတည်ပြုတဲ့ဈေးစံနှုန်းတွေပေါ် မှာ အဆင်မပြေတာတွေကို ပြန်ပြောင်း
တာတွေလည်း ရှိတယ်။အဲနောက်ဆုံး သတ်မှတ်တာကိုတော့ အောက်တိုဘာ ၁ ရက်နေ့ စပြီး
သတင်း ထုတ်ပြန်ပါတယ်" ဟု ၎င်းကပြော သည်။

ယခုကဲ့သို့ နိုင်ငံတော်အစိုးရမှ မြေဈေးစံနှုန်းများသတ်မှတ်ခြင်းသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ
ဈေးနှုန်း မြင့်တက်မှုအား ထိန်းချုပ်ရန်အတွက် သတ်မှတ်ခြင်းမဟုတ်ဘဲ မြေဝယ်သူ များ သုံး
ဆယ်ရာခိုင်နှုန်း အခွန်ဆောင် ရာတွင် မျှတမှုရှိစေရန်အတွက် သတ်မှတ်ခြင်းဖြစ်ကြောင်း မြန်မာ
နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင်က
ပြောသည်။

"နိုင်ငံတော်အစိုးရအနေနဲ့ အခုလိုမြေဈေးနှုန်းသတ်မှတ်တာက အိမ်ခြံ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့
မဟုတ်ပါ ဘူး။ ကိုယ်ပိုင်တဲ့ အိမ်ခြံမြေကိုလည်း သတ်မှတ်တဲ့ ဈေးနဲ့ ရောင်းရမယ် ဆိုတာမျိုးလည်း
မဟုတ်ပါဘူး။ အစိုးရအနေနဲ့ အခွန်ရရှိဖို့အတွက်နဲ့ အခွန်ဆောင်တဲ့ အခါမှာ တစ်ပြေးညီ ဖြစ်ဖို့
အတွက် ဒီလိုစံနှုန်းတွေကို သတ်မှတ် တာပါ။ အခုသတ်မှတ်ထားတဲ့ မြေ ဈေးနှုန်းတွေကလည်း
သင့်တင့်မျှပါ တယ်။ ဒီလိုသတ်မှတ်လိုက်တဲ့အတွက် လည်း အိမ်ဝယ်တဲ့သူတွေအတွက် အများ
ကြီး အဆင်ပြေနိုင်မှာပါ" ဟု ၎င်းကပြောသည်။

မြေဝယ်သူများအနေဖြင့် အခွန် ဆောင်ရာတွင် ရာပြတ်ဌာနမှ ဘုတ်အဖွဲ့ဖြင့် ဆုံးဖြတ်သည့် မြေ
တန်ဖိုး သတ်မှတ်ချက်အပေါ် သုံးဆယ်ရာခိုင် နှုန်းနှင့်တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင် နှုန်း စုစုပေါင်း
သုံးဆယ်ခုနစ်ရာခိုင် နှုန်းခန့် ပေးဆောင်ရသည်။ သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် မြေဈေးစံနှုန်း
သတ်မှတ်ချက်များ မပြုလုပ်ရ သေးသည့် အချိန်တွင် မြေတန်ဖိုး သတ်မှတ်ချက်များမှာ တည်နေ
ရာတူသော်လည်း တစ်ဦးနှင့်တစ်ဦးမတူညီမှုများ၊ အခွန်ရှောင်ရန်အလို့ငှာ စာချုပ် ချုပ်ဆိုရာတွင်
တန်ဖိုးလျှော့ပေါ့ ချုပ်ဆိုမှုများကြောင့် နိုင်ငံတော်အနေဖြင့် တိကျသည့် အခွန်များ မရှိနိုင်သည့်
အပြင် အခွန်ဆောင်သူများအနေဖြင့် လည်း ညီမျှမှုများ မရှိသည့်အတွက် ယခုကဲ့သို့ မြို့နယ်
အလိုက်၊ လမ်း အလိုက်ဖြင့် မြေဈေးစံနှုန်းများ သတ်မှတ်ခြင်းဖြစ်သည်။

"အရင်တုန်းက မြေဈေးက ဥပမာပြောရရင် ကျပ်သိန်းတစ်ထောင်ဆိုရင် ရာပြတ်တန်ဖိုးဖြတ်တဲ့
အခါမှာ ကျပ်သိန်း ၅၀၀ နဲ့လည်း ဖြတ်ချင်ဖြတ် မယ်၊ အဲဒီလိုနေရာမှာ အလားတူ ကျပ်သိန်း ရ၀၀
လောက်နဲ့လည်း ဖြတ်ချင် ဖြတ်မယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတော့ အခွန်ဆောင်တဲ့သူ
တွေ အတွက်လည်း မျှတမှုမရှိဘူး။ နောက်ပြီး အပြင်မှာ အရပ်စာချုပ်ချုပ် တဲ့အခါမှာလည်း လူတွေကတကယ့်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနဲ့မချုပ်ကြတော့ဘူး။ လျှော့ပြီးချုပ်ကြတယ်။

အဲဒီတော့ နိုင်ငံတော်အနေနဲ့လည်း အခွန် ရရှိမှုနည်းကုန်တာပေါ့။ အခုတော့ ဘယ်နေရာ၊ ဘယ်
လမ်းမှာ၊ ဘယ် မြို့နယ်မှာ ဘယ်လောက်ဆိုပြီး တိတိကျကျ သတ်မှတ်လိုက်တဲ့အတွက် ဘယ်သူ
က ကိုယ့်မြေကို ဘယ်ဈေးနဲ့ပဲ ၀ယ်ဝယ် အခွန်ဆောင်ရမှာကတော့ သတ်မှတ်ထားတဲ့အတိုင်း
တစ်ပြေးညီ တည်း ဖြစ်သွားတော့မှာပါ" ဟု ရန်ကုန် တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုတိယညွှန်
ကြားရေးမှူးက ပြောသည်။

"နိုင်ငံတော်က အခုလိုသတ်မှတ်တယ်ဆိုတော့ ပထမဦးဆုံးအနေနဲ့ နိုင်ငံတော်က အခွန်ရမှာပေါ့
နော်။ မြန်မာနိုင်ငံအနေနဲ့ကလည်း ဒီကလူတွေက နိုင်ငံတကာနဲ့ယှဉ်ရင် အခွန်ကို သိပ်ပြီး လိုက်
လျောညီထွေမှုမရှိ ကြဘူး။ ဒီလိုအခွန်ဆောင်တယ်ဆိုတာကလည်း နိုင်ငံတော်က သင့်တင့် မျှတ
တဲ့အခွန်လေးကို သတ်မှတ်ပေး မယ် ပြီးရင် ပြည်သူတွေကလည်းမှန်မှန်ကန်ကန်လေး အခွန်ဆောင်
မယ်ဆိုရင်တော့ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ ဒီအခွန်ကိုဘာလုပ်မလဲဆိုတာတော့ အရေးကြီး
တယ်။ လမ်းတွေဖောက်မှာလား၊ တံတားတွေဆောက် မှာလားပေါ့နော်။ တကယ်အမှန်တကယ်
သာ ပြည်သူအတွက် ပြန်သုံးမယ်ဆိုရင်တော့ အခွန်ကောက် တာ ကောင်းပါတယ်" ဟု ၀င်းရွှေဝါ
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူဖြစ်သူ ဒေါ်မို့မို့အောင်က ပြောသည်။

ယခုကဲ့သို့ အခွန်ပေးဆောင်မှုများ ကြောင့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ လုပ်ငန်းများအား ထိခိုက်မှု
မရှိနိုင်ကြောင်း နှင့် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည်လည်း ဆက်လက်ကောင်းမွန်သွားနိုင်
ကြောင်း ဖီးနစ်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း၏ ပိုင်ရှင် ဖြစ်သူ ကိုထွန်းထွန်းကပြောသည်။

"အခွန်ဆောင်ဖို့အတွက် မြေဈေး တွေ သတ်မှတ်တာကတော့ အိမ်ခြံ မြေဈေးကွက်ကို ထိခိုက်မယ်
လို့ မထင် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကယ်စီးပွားရေးလုပ်ဖို့ မြေလိုအပ် နေတဲ့သူတွေက
လည်း အခွန်တွေဆောင်ပြီး မြေဝယ်တွေဝယ်နေကြတာပဲ။ တချို့စီးပွားရေးသမားတွေကျတော့
လည်း ငွေဖြူရှိတော့ ငွေဖြူပြပြီး အခွန်မဆောင် ရတာတွေလည်းရှိတယ်လေ။အိမ်ခြံမြေလုပ်ငန်း
ကတော့ ၀ယ်လိုအားကောင်းနေရင် ဈေးကွက်လည်း ကောင်းနေမှာပါပဲ" ဟု ၎င်းကပြောသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းအတွက် မြေဝယ်ယူလိုသူများအနေဖြင့်လည်း ယခုကဲ့သို့မြေဈေးနှုန်းများ
အားသတ်မှတ်ပေးသည့်အတွက် အခွန်ဆောင် ရာတွင် အဆင်ပြေကြောင်း မွေးမြူရေး လုပ်ငန်း
လုပ်ကိုင်သူ ဦးဝင်းစိန်က ပြောသည်။

"ဒီလို သတ်မှတ်ပေးလိုက်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့က လည်း စီးပွားရေးလုပ်နေတဲ့သူ
တွေဆိုတော့ မြေဝယ်ချင်တဲ့အခါမှာ သူတို့ သတ်မှတ်ထားတာကို ကြည့်ပြီး အခွန်ဆောင်ရုံပဲပေါ့။
ကျွန်တော်တို့က ငွေဖြူကို အပြည့်အဝမပြနိုင်တော့ အခွန်ဆောင် တဲ့အခါမှာ သတ်မှတ်ချက်
အတိုင်း တစ်ပြေးတညီတည်း ဆောင်ရတာ ပို ကောင်းပါတယ်"ဟု ၎င်းကပြောသည်။

သို့သော် အစိုးရအနေဖြင့် မြေဈေး နှုန်းများ သတ်မှတ်မထုတ်ပြန်မီ အဆိုပါ သတင်းစကားများ
ကြောင့် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ် အချို့တွင် အိမ်ခြံမြေအရောင်းအဝယ် များ အနည်းငယ်
လျော့နည်းသွား ကြောင်း အရှေ့ဒဂုံမြို့နယ်တွင်အလွတ် အိမ်ခြံမြေပွဲစား လုပ်ကိုင်သူ ဒေါ်အိ ခိုင်
ကပြောသည်။

"အစိုးရ အိမ်ဈေးတွေသတ်မှတ်မယ်ဆိုပြီး သတင်းတွေထွက်ပြီးစက ကျွန်မ တို့မြို့နယ်တွေ
ဘက်မှာ အရောင်းအဝယ်တွေ ပါးသွားတယ်။ အခုက အခွန်အတွက်ရာပြတ်တန်ဖိုးက သူ့မြို့ နယ်
အလိုက်၊ လမ်းအလိုက်သတ်မှတ်လိုက်ပြီဆိုတော့ မြေဝယ်တဲ့သူတွေက အခွန်မဆောင်လို့
မရတော့ဘူး။ အဲဒီတော့ဝယ်တဲ့သူတွေက အရင်တုန်း ကဆိုရင် အရမ်းဝယ်ကြတယ် ကျွန်မ ဆိုရင်
အရောင်းအဝယ်လာအပ်တဲ့သူ နေ့တိုင်းရတယ်။ အခုတစ်ပတ်ကို တစ်ယောက်တောင်မရချင်တော့
ဘူး။ နောက်ဆိုပိုဆိုးမယ် ထင်တယ်။ ၀ယ်ဖို့ ကို နည်းနည်းစဉ်းစားပြီးမှ ၀ယ်ကြတယ်ထင်တယ်"
ဟု ၎င်းကပြောသည်။

ထို့ပြင် အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်သူများနှင့် အိမ်ခြံမြေအား နှစ်ရှည် ရင်းနှီးမြှုပ်နှံလိုသူများ
အနေဖြင့် နိုင်ငံတော်တွင် အခွန်ဆောင်ကာ နာမည်ပေါက် လုပ်ဆောင်ခြင်းမှာ ပိုမို အကျိုးရှိနိုင်
ကြောင်း ဒေါ်မို့မို့အောင် က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်