အိုလံပစ်ပွဲတော် ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့် တိုကျိုမြို့သားများ အိမ်ပြောင်းရွှေ့ရ

အိုလံပစ်ပွဲတော် ဆောက်လုပ်ရေးလုပ်ငန်းများ ကြောင့် တိုကျိုမြို့သားများ အိမ်ပြောင်းရွှေ့ရ

ဂျပန်အစိုးရ၏ အောင်မြင်မှုရရှိခဲ့ သည့် အိုလံပစ်ပွဲ လက်ခံကျင်းပနိုင် ရေး ကြိုးပမ်းမှုသည် ဂျပန်နိုင်
ငံတွင် ပြီးခဲ့သည့် နွေရာသီပွဲစဉ်များကျင်းပ ရန်အတွက် ဆောက်လုပ်ခဲ့သည့် အားကစားကွင်းများ
ကို ပြန်လည်အသုံးပြုရန် အစီအစဉ်အမြောက် အမြားကို ဖြစ်ပေါ် စေခဲ့သည်။

သို့သော် ကိုဟေးဂျင်နိုအတွက်မူ ၁၉၆၄ ခုနှစ်က ကဲ့သို့ပင် ၂၀၂၀ အိုလံပစ်ပွဲအတွက် ဆောက်
လုပ်ရေးလုပ်ငန်းများကြောင့် ဒုတိယအကြိမ် နေအိမ်မှ ဖယ်ပေးရခြင်း ပင်ဖြစ်သည်။ ဗျူနိုအေးရိစ်
တွင် ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ပွဲကော်မတီစည်းဝေးပွဲမှ
ဂျပန်အစိုးရ၏ အောင်မြင်မှုကို ဂျပန်နိုင်ငံသား အများစုက အောင်ပွဲခံနေချိန်တွင် အသက် ရ၉ နှစ်
အရွယ် မစ္စတာဂျင်နိုမှာမူ ၎င်း၏ ကုသိုလ်ကံကိုသာ အပြစ်တင်နေတော့သည်။

၁၉၆၄ ခုနှစ်တွင် တိုကျိုအားကစားပွဲတော်အတွက် အဓိကအားကစားကွင်း အနီးရှိ အိုလံပစ်ပန်းခြံ
ဖော်ဆောင်ရေး စီမံကိန်းကြောင့် ၎င်း၏ နေအိမ်နှင့် စီးပွားရေး ပျက်စီးခဲ့ရသည်။ ယခုတစ်ကြိမ်တွင်
လည်း ၂၀၂၀ အိုလံပစ်ပွဲ အတွက် အားကစားကွင်းများ ပြန်လည် ဆောက်လုပ်ခြင်းနှင့် တိုးချဲ့
ဆောက်လုပ်ခြင်းတို့အတွက် ၎င်းနေအိမ်မှ ဖယ်ရှားပေးရဦးမည် ဖြစ်သည်။

"အိုလံပစ်ပွဲဆိုတာကို ကျွန်တော် နောက်ဘယ်တော့မှ မမြင်ချင်တော့ ဘူး။ကျွန်တော့်ရင်ထဲမှာ
အိုလံပစ်ပွဲကို မုန်းနေမိပြီ"ဟု မစ္စတာ ဂျင်နို က ပြောသည်။ ပထမအကြိမ် တိုကျိုအိုလံပစ်ပွဲကြောင့်
ဂျပန်နိုင်ငံကို စီးပွားရေးတိုးတက်ကောင်းမွန်ပြီး ခေတ်မီနိုင်ငံ တစ်ခုအဖြစ် ပေါ်လွင်ထင်ရှား စေခဲ့
သည်။

မြို့ပတ်မီးရထားလမ်းကွန်ရက် တစ်ခု၊ လေဆိပ်နှင့် ချိတ်ဆက်ထား သည့် မီးရထားလမ်းကြောင်း
တစ်ခုနှင့် အတူ ကျည်ဆန်ရထားလမ်းကြောင်းတစ်ခုကိုလည်း ဆောက်လုပ်ခဲ့သည့် အတွက်
ခေတ်ဆန်သည့် အိုလံပစ်ပွဲ ကျင်းပရာနေရာများ တိုကျိုမြို့အနှံ့ ပေါ်ပေါက်လာခဲ့သည်။

၂၀၂၀ အိုလံပစ်ပွဲကြောင့် လုပ်ငန်း ငယ်သော်လည်း ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကို
ကောင်းကျိုးပြုနေဆဲဖြစ်သည့် အခြား အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကိုပေါ်ထွက်
လာစေသည်။ တိုကျိုအစိုးရသည် အိုလံပစ် အားကစားကျေးရွာနှင့် မီဒီယာစင်တာ အပါအဝင်
အိုလံပစ်ပွဲနှင့် ဆက်စပ်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် ဂျပန်ယန်း ၄၀၀ ဘီလျံ
(ကန်ဒေါ်လာ လေးဘီလျံ)ခန့် သုံးစွဲရန် စီစဉ်ထားသည်။

တိုကျိုမြို့ရှိ အိုလံပစ်ပွဲနှင့် သက်ဆိုင် သည့်နေရာ ၃၅ နေရာမှ နေရာ၂၀ မှာ အသစ်ဆောက်လုပ်
မည့်နေရာများ ဖြစ်ပြီး အများစုမှာ မြို့တော်၏ အလျင် အမြန် တိုးတက်နေသည့် ကမ်းနား ပိုင်းမှ
ဖြစ်ပြီး ရေကူး၊ ဘတ်စကက်ဘော၊ဟော်ကီ စသည့် ကစားနည်းများအတွက် ပြိုင်ပွဲနေရာများ
ဖြစ်သည်။

(အေအက်ဖ်ပီ) 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်