ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကို တော့ တာမွေဘက်မှာရှိတဲ့ ဖိုးစိန်လမ်း က လုံးချင်းအိမ်
ကလေးကို ရွေးချယ် ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဖိုးစိန်လမ်းဆိုတာက တိတ်တိတ်ဆိတ်ဆိတ်
ရှိလှပြီး ကျောင်းတွေ ဈေးတွေနဲ့ နီးတဲ့ သွားရေးလာရေးလွယ်ကူတဲ့ နေရာမှာရှိလို့ စာဖတ်သူတွေ
သဘောကျ နှစ်သက်စေမယ့် လုံးချင်းအိမ်ကလေး လို့ ထင်ပါတယ်။
အေးအေးချမ်းချမ်းနဲ့ သီးသန့်လုံးချင်းခြံကလေးနဲ့ပဲ နေချင် တဲ့ မိသားစုတွေတော့ အကြိုက်တွေ့စေ
မယ့် အိမ်ကလေးလို့ ထင်ပါတယ်။ ခြံရဲ့စုစုပေါင်း အကျယ်အဝန်းက တော့ စုစုပေါင်း စတုရန်းပေ
၁၀,၀၀၀ ကျယ်ဝန်းပြီး ခြံဝင်းထဲမှာ ရိုးရှင်းပြီး ချစ်စဖွယ်ကောင်းတဲ့ နှစ်ထပ်တိုက် ကလေးကို
ဆောက်ပေးထားပါတယ်။
ခြံကိုတော့ ကွန်ကရစ်လောင်းထားတာ ဖြစ်ပြီး ခြံအတွင်းပိုင်းမှာ အလှစိုက် သစ်ပင်တချို့နဲ့ အလှ
စိုက်ပန်းအိုး တချို့ကိုလည်း စိုက်ပေးထားတာတဲ့အတွက် ခြံထဲဝင်ဝင်ချင်း အမြင်ရှင်းရှင်းနဲ့ သန့်ပြန့်
တဲ့ အိမ်ကိုအရင်ဆုံး တွေ့ခဲ့ရပါတယ်။
အိမ်ရဲ့ ဘေးဘက်မှာ ကားထားဖို့ လို နေရာမျိုး အမိုးအိမ်ကလေးသေးသေးလေးကိုလည်း လုပ်
ထားပါသေးတယ်။ အိမ်ကလေးက နှစ်ဖက်မျက်နှာစာရှိပြီးတော့ အိမ်ရဲ့ ဘေးဘက်ကို ဆင်ဝင်ပြု
လုပ်ပြီး ၀င်ပေါက်တစ်ခုထပ်ပြုလုပ် ပေးထားတာကို တွေ့ရပါတယ်။
အိမ်ကလေးကိုလည်း ပြတင်းပေါက်ကျယ်ကျယ်ကြီးတွေ ပြုလုပ်ပေးထားတဲ့ အတွက် သဘာဝ
အလင်းရောင်ကို နှစ်သက်သူတွေတော့ အကြိုက်တွေ့စေမှာပါ။ ပြတင်းပေါက်တွေကို လည်း
အဆင့်မြင်လိုက်ကာတွေနဲ့ အလှဆင်ထားပါသေးတယ်။ အိမ်ကလေးကို ၀င်ဝင်ချင်းမှာတော့
ဧည့်ခန်းကလေးကို အရင်ဆုံးတွေ့ရ မှာဖြစ်ပါတယ်။ ဧည့်ခန်းရဲ့ဘေးဘက်မှာမှ စာကြည့်ခန်း၊
ဒါမှမဟုတ်ရင် အလုပ်ခန်းလို အသုံးပြုနိုင် တဲ့ အခန်းငယ်လေးတစ်ခန်းကိုတွေ့ ခဲ့ရပါတယ်။
ဒီအိမ်ရဲ့အောက်ထပ် မှာတော့ အိပ်ခန်းတွေကို မဖွဲ့ဘဲ အပေါ် ထပ်မှာပဲ ရေချိုးခန်း အိမ်သာ တွဲ
လျက်ပါတဲ့ အိပ်ခန်းသုံးခန်းကို ဖွဲ့ပေးထားပါတယ်။ ဒီအောက်ထပ်မှာလည်း ဧည့်ခန်းအပြင် မိသား
စုတွေပဲ သီးသန့်စကားပြောနိုင်တဲ့ ဧည့်ခန်းအသေးစားပုံစံတစ်ခုကိုလည်း ထပ်ပြီးပြုလုပ် ထားတာ
ကိုတွေ့ခဲ့ရပါတယ်။ ဒီအိမ်မှာ က မီးဖိုခန်းနဲ့ ထမင်းစားခန်းကို သီးသန့်ဖွဲ့ပေးထားပါတယ်။
ပြီးတော့ ရေခဲသေတ္တာကိုလည်း မီးဖိုခန်းသုံး နဲ့ ထမင်းစားခန်းသုံး နှစ်ခု သီးသန့်ခွဲပေးထားလို့ သုံး
စွဲသူတွေ အဆင်ပြေ လွယ်ကူစေမှာဖြစ်ပါတယ်။ အိမ်ရဲ့ အပေါ်ထပ်မှာရှိတဲ့ အိပ်ခန်း သုံးခန်းက
လည်း ကျယ်ကျယ်ဝန်းဝန်း ဖွဲ့ပေးထားပြီးတော့ အိပ်ခန်းတိုင်းမှာ နရံကပ်ဗီရိုကြီးတွေပါ၀င်တဲ့
အပြင် စာကြည့် စားပွဲလေးတွေလည်း ပါ၀င်ပါ တယ်။
အိမ်အပေါ်ထပ်မှာက ၀ရန်တာ ကျယ်ကျယ်ရှိတဲ့အပြင် ကျယ်ဝန်းတဲ့ လသာဆောင်ပါထပ်ပြီးပါ၀င်
တော့ မိသားစုတွေ ညဘက်အပေါ်ထပ်မှာ အနားယူချင်လို့လည်း ရပါသေးတယ်။ ဒီအိမ်ရဲ့ ကြမ်း
ခင်းတွေကို ကျွန်းပါကေးတွေခင်းပေးထားပြီး အိမ်ပေါ်တက်ရတဲ့ လှေကားကလည်း ကျွန်းလှေကား
ပြုလုပ်ထားပါတယ်။
ဒီအိမ်ရဲ့ ထူးခြားချက်ကတော့ တစ်အိမ်လုံးနီးပါးကို ကျွန်းတွေနဲ့ အလှဒီဇိုင်းဆင်ပေးထားပါတယ်။
ဒီအိမ်ကလေးကို အငှားဈေးဖွင့်လှစ် ပေးထားပြီး တစ်အိမ်လုံးအဆင့်မြင့် ပြင်ဆင်ပြီးသားဖြစ်လို့
ငှားရမ်းသူတွေ ချက်ချင်း အသင့်တက်နေနိုင်တဲ့အိမ် ပါ။ အိမ်ထောင်ပရိဘောဂကအစ အပြီး အစီး
ပါ၀င်ပြီးသားဖြစ်လို့ ငှားရမ်းသူ တွေ အကြိုက်တွေ့စေမယ့် လုံးချင်းအိမ် ကလေးပဲ ဖြစ်ပါတယ်။
ရေမီးအပြည့် အစုံပါ၀င်ပြီး လေအေးပေးစက်စုစု ပေါင်း ငါးလုံးပါ၀င်ပါတယ်။
















