ဂျပန်နိုင်ငံ Mitsubishi စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်း မြန်မာ့အိမ်ရာလုပ်ငန်းသို့ ရင်းနှီးမြှုပ်နှံမှု စတင်ဝင်ရောက်လာ

ဂျပန်နိုင်ငံ Mitsubishi စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်း မြန်မာ့အိမ်ရာလုပ်ငန်းသို့ ရင်းနှီးမြှုပ်နှံမှု စတင်ဝင်ရောက်လာ

စင်ကာပူနိုင်ငံ စီးပွားရေးလုပ်ငန်း စာရင်းဝင်ဖြစ်ကာ စီးပွားရေးလုပ်ငန်း များစွာတွင် ပူးပေါင်းတည်
ထောင် ထားပြီး မြန်မာနိုင်ငံတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း များကို လုပ်ဆောင်
လျက်ရှိသည့် Yoma Strategic Holdings နှင့်အတူ SPA၊ First Myanmar Investment
(FMI) တို့သည် ဂျပန်နိုင်ငံမှ Mitsubishi စီးပွားရေးလုပ်ငန်းကော်ပိုရေးရှင်း၏ အိမ်ရာစီမံကိန်းနှင့်
ပူးပေါင်း၍ မြန်မာနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့တွင် ထင်ရှားသော အထင်ကရ
အဆောက်အအုံတစ်ခုဖြစ်လာမည့် Landmark project (Peninsula Yangon မပါ၀င်ပါ)
အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် ချုပ်နှောင်မှုမရှိသော နားလည်မှုသဘောတူညီချက်စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

ရှေးကနဦးကပင် သဘောတူညီမှု ရယူပြီးဖြစ်သော အဆိုပါ တိုးတက် ဖွံ့ဖြိုးမှုလုပ်ငန်း လုပ်ဆောင်
ချက်သည်Yoma၊ SPA နှင့် FMI တို့ကို မြန်မာ နိုင်ငံတွင် ရေရှည်စီးပွားရေး ရင်းနှီးမြှုပ် နှံမှုကို
ဆက်လက်လုပ်ဆောင်ရန် ဂျပန်နိုင်ငံမှ Mitsubishi ကဲ့သို့သော စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်း
ကြီး၏ ဦးစားပေးရွေးချယ်မှုတစ်ရပ် ဖြစ်သည်။

ဗဟိုအချက်အချာကျသော ဆယ်ဧကအကျယ်အဝန်းရှိသည့် Landmark စီမံကိန်းတွင် ခန့်မှန်း
ခြေ ကြမ်းခင်းဧရိယာ စုစုပေါင်း စတုရန်းပေ သန်း ၂၀ ကျယ်ဝန်းပြီး လူနေအိမ်ခန်းများ၊ ရုံးခန်းများ၊
လက်လီအရောင်းဆိုင်များ၊ ဟိုတယ်လုပ်ငန်းနှင့် အခြားဧည့်ဝန်ဆောင်မှုလုပ်ငန်းများ ပါ၀င်မည်
ဖြစ်သည်။

အဆိုပါ အဆောက်အအုံကြီးသည် ရန်ကုန်မြို့၏ အချက်အချာနေရာများဖြစ်သည့် Traders
Hotel နှင့်မျက်နှာချင်းဆိုင်၊ Sakura Tower အနီး၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့်ကပ်လျက်နေရာ
တွင် တည်ရှိသည်။

ဂျပန်နှင့်၎င်းနှင့်ပတ်သက်ရာ ၀န်းကျင် နယ်မြေဒေသများတွင် ကျယ်ပြန့်စွာ လုပ်ကိုင်အောင်မြင်
နေကြသော ဂျပန်ကုမ္ပဏီကြီးများလည်း စီမံကိန်း၊ ဒီဇိုင်း၊ ဆောက်လုပ်ရေးနှင့် စီမံကိန်း လုပ်
ဆောင်မှုလုပ်ငန်းများတွင် နည်း ပညာပိုင်းဆိုင်ရာများကို ပံ့ပိုးကူညီ ပေးမည်ဖြစ်သည်။

"ဒီ Landmark စီမံကိန်းဟာ ရန်ကုန်မြို့မှာ စီးပွားရေးလုပ်ငန်း အများစု ဆုံစည်းရာနေရာတစ်ခု
အဖြစ် ချီးမွမ်းခံရနိုင်မယ့် အကောင်းဆုံးအဆောက်အအုံကြီးတစ်ခု ဖြစ်လာ မှာပါ၊ Mitsubishi
စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးနဲ့ Mitsubishi နျအအေန တို့ရဲ့ နိုင်ငံတကာအတွေ့ အကြံု
နဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင် ချက်တွေက ကမ္ဘာ့အဆင့်အတန်း မီပြီး အကောင်းဆုံးဖြစ်အောင်
ကူညီပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဟု Yoma Strategic ၏ အမှုဆောင်အရာ ရှိချုပ်
Mr Andrew Rickards က ပြောကြားခဲ့သည်။

စင်ကာပူ စီးပွားရေးလုပ်ငန်းစာရင်းဝင် Yoma Strategic သည် မြန်မာ နိုင်ငံတွင် အိမ်ရာမြေလုပ်
ငန်းများ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ၊ လက်လီအရောင်းလုပ်ငန်းများ၊ မော်တော်ကားနှင့်ဆိုင်
သော လုပ်ငန်း များ၊ အဆင့်မြင့်ခရီးသွားလုပ်ငန်း များကို ဦးစီးလုပ်ကိုင်နေသောကုမ္ပဏီ ဖြစ်ကြောင်း
သိရသည်။

Mitsubishi စီးပွားရေးကော်ပိုရေးရှင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် အခြေခံ
အဆောက် အအုံဆိုင်ရာ စီးပွားရေးလုပ်ငန်း များ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်း
များ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ၊ ဓာတုပစ္စည်းဆိုင်ရာ လုပ်ငန်း
များနှင့် အစားအသောက် ထုတ် ကုန်လုပ်ငန်းများ စသည့်ဒေသဆိုင်ရာ ဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်း
များကို နိုင်ငံ အသီးသီးတွင် လုပ်ကိုင်ဆောင်ရွက် လျက်ရှိပါသည်။

ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း ၉၀ တွင် ရုံးခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ပြီးဖြစ်သည့်အပြင် ကုမ္ပဏီပေါင်း
၆၀၀ ကျော်နှင့် လုပ်ငန်း ပူးတွဲဆောင်ရွက်လျက်ရှိကာ ၀န်ထမ်းပေါင်း ၆၀,၀၀၀ နီးပါးကိုအလုပ်
အကိုင် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်းလည်းသိရှိရသည်။

Mitsubishi Estate အိမ်ခြံမြေစီမံ ကိန်းလုပ်ငန်းသည်လည်း ဂျပန်အိမ်ခြံ မြေစီမံကိန်းဈေးကွက်
တွင် ဦးဆောင် လျက်ရှိပြီး တိုကျိုမြို့လယ် ြမေကညသကခ့င ခရိုင်တွင် တည်ဆောက် သော
စီးပွားရေး လုပ်ငန်းဆိုင်ရာအဆောက်အအုံကြီးများအပါအဝင် လက်လီအရောင်းလုပ်ငန်းများ၊
လူနေ အိမ်ရာစီမံကိန်း လုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများစသည့် အခြား အိမ်ခြံမြေလုပ်ငန်း
များနှင့် ဆက်စပ် လျက်ရှိသော စီးပွားရေးလုပ်ငန်း များတွင်လည်း အောင်မြင်စွာလုပ်ကိုင် လျက်
ရှိသော ကုမ္ပဏီကြီးဖြစ်သည်။

ထိုလုပ်ငန်းများကို ဂျပန်နိုင်ငံတွင် သာမက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံနှင့် အာရှနိုင်ငံ
များ ဖြစ် သော တရုတ်၊ စင်ကာပူနိုင်ငံများတွင် လည်း လုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်