အလုံမြို့နယ်၊ နှင်းဆီကုန်းလမ်းရှိအခန်းပေါင်း ရ၄ ခန်းပါ ဟိုတယ်ကံ့ကော် ဖွင့်လှစ်ပွဲ အခမ်းအနား
ကို အောက်တိုဘာ ၆ ရက်နေ့တွင် အမှတ် ၉၃ (ဗ)၊ နှင်းဆီကုန်းလမ်း၊ အလုံ မြို့နယ်တွင် ကျင်းပ
ပြုလုပ်ခဲ့သည်။
ဟိုတယ်ဖွင့်ပွဲ အခမ်းအနားကို ဟိုတယ်ကံ့ကော်ပိုင်ရှင် ဦးအောင်ချစ်၊ Shimokawa Myanmar
ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ Mr Hiroshimo Kawa နှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ဖဲကြိုး
ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဖွင့်ပွဲအခမ်း
အနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့သည်။
"ဒီဟိုတယ်ကို လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က စဆောက်ခဲ့ပါတယ်။ ကုန်ကျစရိတ်ကတော့ ကျပ်ငွေ
ပေါင်း နှစ်ကုဋေလောက် ရှိပါတယ်၊ ဟိုတယ်တည်ဆောက်ဖြစ်တဲ့ ရည်ရွယ်ချက်က တော့သူဌေး
က ဂျပန်မှာအိမ်တွေငှား တယ်၊ တိုက်တွေ ဆောက်တယ်၊ တိုက်ပေါင်း ၄၀ လောက်ပိုင်တယ်၊ အခု
မြန်မာပြည်မှာတော့ ဟိုတယ်က့ံကော်က ပထမဆုံးပေါ့၊ နောက်ပြီး ယိုးဒယားမှာလည်း ဟိုတယ်
တွေ ဆောက်တယ်။ "
"အခုမြန်မာပြည်က စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာတဲ့အတွက် ဂျပန်လူမျိုးတွေအများကြီးလာတယ်၊
ဒီ အတွက် တည်ဆောက်ဖြစ်တာပါ။ အထူးသဖြင့် ဂျပန်လူမျိုးတွေကိုတော့ ဦးစားပေးပေါ့။ ဟို
တယ်ပထမထပ်မှာ ဂျပန် မနျအကေမညေအ ရှိပြီး ဂျပန်စတိုင်လ် ဒီဇိုင်းလုပ်ထားပါတယ်။ ဒါက
လွဲလို့ ဟိုတယ်အပြင်လက်ရာတွေကတော့ ဒီက အင်ဂျင်နီယာတွေက ဆောက်လုပ် ပေးထား
တာပါ" ဟု ဟိုတယ်ကံ့ကော်မှ CEO ဖြစ်သူ Ms Rie Yamamoto က ဖွင့်ပွဲနေ့တွင် မြန်မာတိုင်း(မ်)
သို့ ပြောကြားခဲ့သည်။
မြေအောက် basement အပါအဝင်အထပ်ပေါင်း ၁၁ ထပ် ပါ၀င်သည့် ဟိုတယ်ကံ့ကော်တွင်
Superior room, Superior single room, Luxury room, Royal Kan Kaw စသည့် အခန်း
အမျိုးအစားများ ပါရှိပြီး အခန်းဈေးနှုန်းများမှာ US$ ရ၅ မှ US$ ၁၅၀ အထိရှိကြောင်းသိရှိရသည်။
အခန်းများတွင် လေအေးပေးစက်၊ ရေပူရေအေးစနစ်များ၊ Free Wireless Internet၊ တီဗီ၊ IDD
တယ်လီဖုန်း၊ စာရေးစားပွဲ၊ mini barယ safe deposit box နှင့်အခြားသော ပံ့ပိုးမှုအင်္ဂါရပ်များ
ပါ၀င်သည်။ အနီးပတ်ဝန်းကျင်တွင် တော်ဝင် စင်တာ၊ ရွှေတိဂုံဘုရားနျင့် အမျိုးသား ပြတိုက်တို့
တည်ရှိပြီး ရန်ကုန်မြို့ထဲ သို့လည်း ၁၅ မိနစ်ခန့်မောင်းလျှင် ရောက်နိုင်သော အကွာအဝေးတွင်
တည်ရှိသည်။
ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဟိုတယ်ဖွင့်လှစ်သည့် အောက်တိုဘာ ၆ ရက်နေ့မှ အောက်တိုဘာလ
ကုန် အတွင်း လာရောက်တည်းခို နေထိုင် သည့် ဧည့်သည်များအား ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ
ဈေးလျှော့ပေးသွား မည်ဟုလည်း Ms Rie Yamamoto က ပြောကြားခဲ့သည်။
"ရန်ကုန်မှာ နောက်ထပ်ဟိုတယ် သစ်တစ်ခု တည်ဆောက်ဖွင့်လှစ်နိုင် ဖို့လည်း ရှောနပါတယ်၊
အဲဒီအခါ ကျရင်တော့ ဂျပန်စတိုင်လ်လေး လုပ်ချင်ပါတယ်၊ သူဌေးရဲ့စိတ်ကူး အတိုင်းပေါ့"ဟုလည်း
၎င်းက ပြော ကြားခဲ့သည်။















