စင်ကာပူနိုင်ငံရှိ Marina Bay Financial Centre (MBFC) စီမံကိန်း ၏ အဆင့်မြင့်အိမ်ရာစီမံကိန်း
တစ်ခု ဖြစ်သည့် ၆၆ ထပ် အမြင့်ရှိသော Marina Bay Suites (MBS) ရှိ ၅၄ ထပ်မှ ၆၆ ထပ်
အမြင့်ရှိသော အဆင့် မြင့်ကွန်ဒိုခန်းများကို မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ၀ယ်ယူနိုင်ရန်အတွက်
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ဒဂုံမြို့နယ် ရှိ Park Royal ဟိုတယ်တွင်
အရောင်း ဖွင့်လှစ်ပေးခဲ့သည်။
"အခုအရောင်းဖွင့်လှစ်တဲ့ Marina Bay Suites ကတည်ဆောက်ပြီးစီး သွားပြီဖြစ်ပြီး စဆောက်
တဲ့အချိန်က နေ အခုချိန်အထိ ၉၀ ရာခိုင်နှုန်းရောင်းချပြီးစီးသွားပြီ ဖြစ်ပါတယ်၊အပေါ်ခန်းတွေကို
တော့ အခုမြန်မာ ပြည်မှာ လာရောက် ရောင်းချတာ ဖြစ်ပါ တယ်၊ အိပ်ခန်း ၄ ခန်းပါ အခန်းဈေးနှုန်း
တွေက စင်ကာပူဒေါ်လာ ၆ ဒသမ ၁ သန်းကနေ ၉ ဒသမ ၁ သန်းထိ အကျယ်အဝန်းပေါ်မူတည်ပြီး
ဈေး ရှိပါတယ်၊ Marina Bay Suites က စင်ကာပူနိုင်ငံရဲ့ မြို့လယ်ကောင်သစ်လို့ ခေါ်ဆိုနေကြတဲ့
Marina Bayရဲ့ အချက်အချာနေရာမှာ တည်ရှိတဲ့အတွက် အာရှကရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်
ချင်ပါတယ်။"
"Marina Bay Suites မှာ ရောင်းချစရာအခန်းက ၁၀ ရာခိုင်နှုန်းပဲကျန်တဲ့အတွက်မြန်မာနိုင်ငံက
ရင်းနှီးမြှုပ်နှံသူတွေအတွက် နောက်ဆုံးအခွင့်အရေးပါပဲ။ Marina Bay Suites မှာ ၅၀ ရာခိုင်နှုန်း
က စင်ကာပူနိုင်ငံသားတွေဝယ်ထားကြပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ နိုင်ငံအသီးသီးက ၀ယ်
ထားကြပါတယ်"ဟု Raffles Quay Asset Management-RQAM မှ director of marketing
residential ဖြစ်သူ Mr Thomas Tan က အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်သော စာနယ်
ဇင်း ရှင်းလင်းပွဲအခမ်းအနား၌ ရှင်းလင်း ပြောကြားခဲ့သည်။
Marina Bay Suites သည် ဃ့ညေါင လေဆိပ်မှ ၁၈ မိနစ်ခန့်ကားဖြင့်သွားလျှင် ရောက်နိုင်သော
နေရာတွင်တည်ရှိ ပြီး ၂၀၁၃ နှစ်ကုန်တွင်ဖွင့်လှစ် မည့် new downtown MRT station နှင့်
လည်း နီးကပ်စွာ တည်ရှိသည်။အနီးပတ်ဝန်းကျင်တွင် ၅၅ ထပ်အမြင့် ရှိသော Marina Bay
Financial Centre တည်ရှိပြီး ၎င်းသည် ၂၀၀၉ ခုနှစ်တွင် ရောင်းချပြီးစီးခဲ့ပြီး ၂၀၁၀ တွင် ဆောက်
လုပ်ပြီးစီးခဲ့ကြောင်းသိရှိရသည်။
၎င်းတည်ဆောက်မှုအား Phase 1ဟုသတ်မှတ်ခဲ့ပြီး Marina Bay Suites စီမံကိန်း Phase 2
တွင် အခန်းစုစုပေါင်း ၂၂၁ ခန်း ပါရှိပြီး ၎င်းထဲတွင် စနညအ့သကျန သုံးခန်းပါ၀င်သည်။ အခန်း
အကျယ်အဝန်းများမှာ ၁,၆၀၀ မှ ၈,၀၀၀ စတုရန်းပေအထိရှိကြောင်း သိရသည်။
"Marina Bay Suites မှာ မြန်မာ လူမျိုးတွေ ၀ယ်ထားတာ ရှိပါတယ်၊ စင်ကာပူနိုင်ငံတစ်ခုလုံးမှာ
မြန်မာ လူမျိုးတွေရဲ့ရင်းနှီးမြှုပ်နှံမှုက အဆင့် ၈ ရှိပါတယ်"ဟုလည်း မြ ွှ့သာေျ ွှညေ က ပြောကြား
ခဲ့သည်။
"Waterfront luxury development ဖြစ်တဲ့အတွက် ကမ်းခြေရှေ့မှာနေရတဲ့ ရသကိုလည်းရ
မယ်၊ နောက်ပြီးစင်ကာပူနိုင်ငံရဲ့ "work-live-play-concept" မှာတည်ရှိတဲ့အတွက် "work-live
-play-concept" နဲ့အညီလည်းထည့်သွင်း ဆောက်လုပ်ထားပါတယ်"ဟုလည်း ၎င်းက ရှင်းပြခဲ့
သည်။
Marina Bay Suites တွင်ဧည့်ခန်း များသည် Marina Bayဘက်သို့ မျက်နှာမူထားသည့်အတွက်
သာယာလှပသော ကမ်းခြေရှုခင်းများကိုကြည့် ရှုခံစားနိုင်မည်ဖြစ်သည်။ Marina Bay Suites ၏
ပထမငါးထပ်သည် ကား ရပ်နားရန်နေရာဖြစ်ပြီး ခြောက်လွှာမှ စတင်၍ main condo facility များ
ပါရှိသည်။
ခြောက်ထပ်တွင်မီတာ ၅၀ ရှိသော ရေကူးကန် ပါရှိသည်။ Outdoor view area နှင့် dining
area များလည်းပါရှိသည်။ ၂၇ ထပ်တွင် sky lounge ပါရှိပြီး ၄၆ ထပ်တွင်sky cabanas, yoga
စသည်တို့ ပါရှိ သည်။ Penthouse များတွင် ကိုယ်ပိုင် ရေကူးကန်ပါရှိသည်။ အခန်းတိုင်းတွင်
Furnish ကြွေကြမ်းခင်းများနှင့် European Brandအလှဆင်ပစ္စည်းများဖြင့် အလှဆင်ထားကြောင်း
လည်းသိရသည်။
Marina Bay Suites ကို Cheung Kong (Holdings) Limited, Hongkong Land နှင့် Keppel
Land တို့က ဆောက်လုပ်ခဲ့ကြောင်းသိရသည်။ Marina Bay Suites နှင့်ဆက်စပ်၍ စင်ကာပူ
အိမ်ခြံမြေနှင့်ပတ်သက်သည့်ဆွေးနွေးပွဲကိုလည်း Asian Acre Advisors မှ executive director,
Mr Tan Kok Keong နှင့် Orange Tee မှ Head of Research, Ms Christine Li တို့မှ
ဦးဆောင်၍ Park Royal ဟိုတယ်တွင်စက်တင်ဘာ၂၈ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။















