တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုက တစ်ချိန်က ကမ္ဘာအကြီးဆုံး ဖန်သားအဆောက်အအုံကြီး
ဖြစ်သော လန်ဒန်မြို့ရှိ ခရစ္စတဲလ်ပဲလေ့စ် ဖန်သားနန်းတော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံများ
ပြုလုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဇ့သညါျွသညါ ွမသကစက ပေါင်သန်း၅၀၀ (အမေရိကန်ဒေါ်လာသန်း
၈၀၀) သုံးစွဲ ၍ ပြန်လည်ပြုပြင်မွမ်းမံမည့် လုပ်ငန်း များသည် ခရစ္စတယ်ပဲလေ့စ်၏ ဒီဇိုင်း ပညာရှင်
ဂျိုးဇက်ပက်စ်တန် တီထွင် ဆောက်လုပ်ခဲ့သည့် သတ္တုနှင့်ဖန်ပြား များ၏ မူလအရွယ်အစားနှင့်
စကေး အတိုင်း ပြန်လည်၍ မွမ်းမံဆောင်ရွက် သွားမည်ဖြစ်သည်။
အဆိုပါ ခရစ္စတယ်ပဲလေ့စ်အား ၁၈၅၁ ခုနှစ် လန်ဒန်နိုင်ငံတကာ ကုန်စည်ပြပွဲအတွက် လန်ဒန်မြို့
လယ်ကောင်ရှိ ံပိန ဏမေု တွင်ဆောက်လုပ် ခဲ့သည်။ သို့သော် ၁၈၅၄ ခုနှစ်တွင် လန်ဒန်တောင်ပိုင်း
ရှိ အမြင့်ဆုံးတောင် ထိပ်ပိုင်းသို့ ပြောင်းရွေ့ခဲ့ရသည်။ ၀ိတိုရိယခေတ်၏ ဗိသုကာအံ့ဖွယ်တစ်ပါးဖြစ်
သော ခရစ္စတယ်ပဲလေ့စ် သည် ၁၉၃၆ ခုနှစ်တွင် မီးလောင်ကျွမ်း ခဲ့သည်။
သို့သော် ယင်းနေရာအားယခုတိုင် ခရစ္စတယ်ပဲလေ့စ်ဟုပင် လူသိများနေဆဲပင်ဖြစ်သည်။ အီတလီ
စတိုင် အခန်းတွဲအိမ်များ ၏အပေါ် တောင်ထိပ်ပေါ်တွင် တည်ရှိ သော ခရစ္စတယ်ပဲလေ့စ်သည်
ယခု အခါ မြက်ပင်များပေါက်ရောက်နေ သည့် အဆောက်အအုံ အလွတ်ကြီး ဖြစ်နေသည်။
အဆိုပါ ပြန်လည်ပြုပြင်ရေး လုပ် ငန်းများတွင် ယင်းခရစ္စတယ်ပဲလေ့စ်နေရာအား အထင်ကရ
ယဉ်ကျေးမှု ဆိုင်ရာ နေရာသစ် တစ်ခုအဖြစ် ပြန်လည်အသက်သွင်းခြင်းနှင့် အနီး ရှိ ဧက ၁၈၀
(၇၃ ဟက်တာ) ကျယ်ဝန်း သော အများပြည်သူ ဥယျာဉ်ကြီးကို ဥယျာဉ်ပန်းမန်များ၊ အဆောက်အအုံအသစ်များဆောက်လုပ်၍ ပြန်လည်ထိန်းသိမ်း ပြုပြင်သွားမည်ဖြစ်သည်။
"လန်ဒန်မြို့ဟာ ကမ္ဘာပေါ်မှာ သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုထုံးတမ်းတွေနဲ့ ပတ်သက်ပြီး နာမည်
ကျော်လှတဲ့ မြို့ကြီးဖြစ်ပါတယ်။ နောက်ပြီး ခရစ္စတယ် ပဲလေ့စ်ဟာ တရုတ်နိုင်ငံမှာဆိုရင် အံ့ဩ
ဖွယ်ရာ ဗိသုကာလက်ရာတစ်ခု အဖြစ် အထင်ကြီး လေးစားရတဲ့ အဆောက်အအုံကြီးတစ်ခုပါပဲ"
ဟု ZhongRong Group ၏ ဥက္ကဋ္ဌ Ni Zhao-xing က ပြောသည်။
"ဖန်သားနန်းတော်ကြီးကို ပြန်လည် အသက်သွင်းနိုင်အောင်၊ ပန်းခြံကြီးကို လည်း သူ့နဂိုကျက်သရေ အလှအပ တွေ ပြန်လည်ရရှိအောင် ဆောင်ရွက်နိုင်ဖို့ဆိုတာ တစ်သက်မှာတစ်ခါသာ ရနိုင်မယ့်
အခွင့်အရေးကြီးပါပဲ"ဟု ၎င်းကပြောသည်။
ယင်းပန်းခြံကြီးမှာ အင်္ဂလိပ်ပရီးမီး ယားလိဂ် ဘောလုံးကလပ် ခရစ္စတယ် ပဲလေ့စ်၏ မူလအိမ်
ကွင်းဖြစ်သည်။ ယင်းနေရာတွင် င်္ဗ ဃကစ ဗိုလ်လုပွဲများ နှင့် လန်ဒန်ကောင်တီ ခရစ်ကက်
ကလပ်ပွဲစဉ်များကို ကျင်းပခဲ့သည်။ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်များ ဆောင်ရွက်တော့မည့်
ယခုလက်ရှိ အားကစားကွင်းမှာ ဗြိတိသျှအားကစားအသင်းများ၏ အစဉ် အလာ အိမ်ကွင်းကြီး
ဖြစ်သည်။
လန်ဒန်ဆင်ခြေဖုံးအရပ်ရှိ အမြင့်ဆုံး အဆောက်အအုံကြီးဖြစ်သော အဆိုပါ တောင်ထိပ်ပိုင်းရှိ
အမြင့် ရ၁၈ ပေ (၂၁၉ မီတာ)ရှိသော ရုပ်မြင် သံကြားထုတ်လွင့်ရုံကိုလည်း ယခု အတိုင်း ဆက်
လက်ထားရှိသွားမည် ဖြစ်သည်။ ယခုပြန်လည်တည်ဆောက်မည့် ခရစ္စတယ်ပဲလေ့စ်မှာ အမြင့်
၁၆၄ ပေ (၅၀ မီတာ)နှင့် အရှည် ၁,၆၄၀ ပေ (၅၀၀ မီတာ)ခန့်အထိ ရှိနိုင်ပြီး ဆောက်လုပ်ရေး
လုပ်ငန်းကြီးကလည်း ယင်းစီမံကိန်းမှ အလုပ်အကိုင်အသစ် ၂,၀၀၀ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်
ကြောင်းဆိုသည်။
လန်ဒန်မြို့တော်ဝန် ဘောရစ်ဂျွန်ဆန်က အဆိုပါ ပြုပြင်မွမ်းမံရေးစီမံကိန်းကြီးအား စောင့်ကြပ်
ကြည့်ရှုမည့် အကြံပေးဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ် သည်။
သို့သော် အဆိုပါ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ ၂၀၁၅ ခုနှစ် မတိုင်ခင်အထိ စတင်နိုင်
မည့် အခြေအနေ မရှိသေးကြောင်း သိရသည်။
(အေအက်ဖ်ပီ)
















