ဒီတစ်ပတ်အတွက် မြို့တွင်းပိုင်းနဲ့ အနည်းငယ်ပဲဝေးပြီး ဆိတ်ငြိမ် တဲ့ နေရာမှာရှိတဲ့ ခုနစ်မိုင်က
လုံးချင်းခြံကျယ်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။
ခြံကျယ်ကျယ်နဲ့ အေးအေး ချမ်းချမ်း နေရာမျိုးမှာရှိနေတဲ့အတွက် လုံးချင်းခြံတွေမှာပဲနေချင်သူ
တွေ တော့ စိတ်ကြိုက်တွေ့စေမယ့် လုံးချင်းအိမ်ကလေးပါ။ ခြံအတွင်းပိုင်းမှာ အရိပ်ရအပင်
တချို့ကို စိုက်ပေးထားပြီး ခြံရဲ့ ဘေးဘက်ကွက်လပ်ကလေးမှာ မြက်ခင်းစိမ်းစိမ်းကလေးတွေနဲ့
အသေးစား ဥယျာဉ်ပုံစံမျိုးနဲ့ အလှဆင်စိုက်ပေးထားပါတယ်။ ခြံရဲ့ တခြားနေရာတွေကို တော့
ထူးထူးခြားခြား အလှဆင်ထားတာမရှိဘဲနဲ့ ရိုးရိုးကွန်ကရစ်ပဲ လောင်းထားတာကို တွေ့ခဲ့ရပါ
တယ်။
ဒီခြံကလေးကို အငှားသီးသန့်ပဲ ဖွင့်လှစ်ထားပြီးတော့ ခြံရဲ့ အကျယ်အဝန်းက စုစုပေါင်း စတုရန်း
ပေ ရ,၆၅၀ ကျယ်ဝန်းပါတယ်။ ဒီခြံပေါ်မှာမှ မှန်ပြတင်းပေါက်တွေကို အသားပေးပြီး ဒီဇိုင်းဖော်
ထားတဲ့ အဖြူရောင်နှစ်ထပ်တိုက်ကလေးကိုဆောက်ထားပါတယ်။ ခြံရဲ့ရှေ့မှာ နေရာလွတ်တချို့
လည်း ကျန်သေးတဲ့အတွက်ကိုယ်ပိုင်အလှပန်းပင်တွေကို စိုက်ချင်တဲ့ သူတွေကတော့ ကိုယ့်စိတ်
ကြိုက် အပင်ကလေးတွေကိုလည်း ထပ်ပြီး တော့ စိုက်ထားဖို့အတွက် လုံလောက် တဲ့ နေရာ
အကျယ်ကလေးကျန်သေးတယ်လို့ ထင်ပါတယ်။
ဒီအိမ်ကလေးကို ၀င်သွားလိုက်ရင်တော့ ပုံစံဆန်းဆန်းနဲ့ အဆင့်မြင့် အိမ်တွင်းပြင်ဆင်မှုတွေကို
ပြုလုပ်ထားတာကိုတွေ့ခဲ့ရပါတယ်။ ပြီးတော့ အိမ်ရဲ့ပတ်ပတ်လည်ကို မှန်ပြတင်းပေါက် အကြီး
ကြီးတွေနဲ့ ဖွဲ့စည်းထားတာကလည်း သဘာဝအလင်းကို ကောင်းကောင်း ရရှိနိုင်ပြီး အိမ်ကို
လည်း လင်းလင်းကျင်းကျင်းဖြစ်နေစေ မှာပါ။ ဒီမှန်ပြတင်းပေါက်ကလေးတွေ ကိုလည်း လှပတဲ့
လိုက်ကာတွေနဲ့ အလှဆင်ပေးထားပါတယ်။
အိမ်ရဲ့ ဧည့်ခန်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့ ဧည့်ခန်းကို
အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီအိမ်ကလေးက အောက်ထပ်မှာကိုပဲ လက်ရန်းပါတဲ့
အောက်တစ်ထပ်ဆင်းတဲ့ပုံစံ ကလေးပြုလုပ်ထားတဲ့အတွက် အမြင်တစ်မျိုးဆန်းသလိုဖြစ်နေ
မှာပါ။ ဒီအိမ်ကလေးမှာက စုစုပေါင်း ရေချိုးခန်းနဲ့ အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်း သုံးခန်းပါ၀င်
ပါတယ်။ ပြီးတော့ မီးဖိုခန်းကလည်း အဆင့်မြင့်ပြင်ဆင်ပြီးသားဖြစ်ပြီး အိမ်ရဲ့အတွင်းဘက်မှာ
တစ်ခန်းပါ၀င်တဲ့ အပြင် အိမ်ရဲ့ အပြင်ဘက်မှာလည်း နောက်တစ်ခု ပါ၀င်တာကို သတိပြုမိခဲ့
ပါတယ်။ ဒီလို နောက်ထပ်တစ်ခန်းပါ၀င်တဲ့အတွက် အိမ်ရှင်မတွေအတွက် စိတ်ကြိုက် ချက်ပြုတ်
နိုင်တဲ့အပြင် အလှူတွေလုပ်ရင်လည်း အပြင်ဘက်မှာ မီးဖိုခန်းကို ကျယ်ကျယ်ဝန်းဝန်း အသုံးပြုနိုင်
မယ်လို့ ထင်ပါတယ်။
ဒီအိမ်မှာက အိမ်မှာရှိတဲ့ အလုပ်သမားတွေနေဖို့ အခန်း သီးသန့် နှစ်ခန်းကို ထပ်ပြီးဖွဲ့ပေးထားတာ
ကို တွေ့ခဲ့ရပါတယ်။ ဒီအိမ်ရဲ့ ကြမ်းခင်း ကို ကျွန်းပါကေးတွေပဲခင်းပြီး အဆင့်မြင့် ပြင်ဆင်ပြီးသား
ဖြစ်လို့ ငှားနေမယ့်သူတွေ အရန်သင့်တက်နေ နိုင်ပါတယ်။ ဒီအိမ်ကလေးမှာ ရေမီးအပြည့် အစုံပါ
၀င်ပြီး ကိုယ်ပိုင် ဖုန်းတစ်လုံး ပါ၀င်ပါသေးတယ်။ ပြီးတော့ ဒီအိမ် ကလေးမှာ လေအေးပေးစက် ရှစ်
လုံး ပါ၀င်ပါတယ်။
တည်နေရာ - ရ မိုင်၊ မရမ်းကုန်းမြို့နယ်။
ဈေးနှုန်း - ဒေါ်လာ ၅,၀၀၀ (အငှား)။
ဖုန်း- ၀၉ ရ၃၁၁၄၈၆၀။
ဆက်သွယ်ရန် Estate Myanmar Co.,Ltd။
















