ရန်ကုန်မြို့ ဗိသုကာလက်ရာများ ပူးပေါင်းထိန်းသိမ်းရန်လိုအပ်

ရန်ကုန်မြို့ ဗိသုကာလက်ရာများ ပူးပေါင်းထိန်းသိမ်းရန်လိုအပ်

ရန်ကုန်မြို့၏ သမိုင်းဝင် အမွေအနှစ် ဗိသုကာ လက်ရာ အဆောက်အအုံများအား ထိန်းသိမ်း ပြီး
စီးပွားရေးအရ ပြန်လည်အသုံးချနိုင်ရန် ဆောင်ရွက်မှုမှာ ခက်ခဲသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အစိုး
ရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်
ခဲ့သည့် UN Habitat အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာဂျိုအန်ကလို့စ်
ကပြောသည်။

ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့သို့ လာရောက်
စဉ် ၎င်းကပြောကြားခြင်းဖြစ်သည်။

"ဆိပ်ကမ်းဧရိယာကို ရှင်သန်လာအောင်၊ အထူးသဖြင့် ညနေခင်းတွေမှာ စည်ကားလာ အောင်
လုပ်ဖို့လိုပါတယ်။ ဆိပ်ကမ်းဧရိယာကို ဖွံ့ဖြိုး စည်ပင်လာစေဖို့ ကမ်းနားလမ်း တစ်လျှောက်
စင်္ကြံန်လမ်းတွေ၊ ဈေးတွေ၊ အနီးအနားက အဆောက်အအုံတွေမှာ ဈေး ဆိုင်တွေ လုပ်ပြီး ဖန်တီး
လို့ရနိုင်ပါတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်
ဦးက လုပ်ငန်းများ ဆောင် ရွက်ရာတွင် ကုလသမဂ္ဂ UN Habitat နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုဆိုကြောင်း ဒေါက်တာဂျိုအန်ကလို့စ်နှင့် တွေ့ဆုံရာတွင် ပြောသည်။

"ရန်ကုန်မြို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေ အနှစ်တွေကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ ပိုမိုခေတ်မီ
စိမ်းစိုပြီး နေချင့်စဖွယ် မြို့ တစ်မြို့ ဖြစ်လာစေဖို့ ကြိုးပမ်းရာမှာ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်း
ရေးအဖွဲ့အနေနဲ့ UN Habitat နဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဒေါက်
တာသန့်မြင့်ဦးက ပြောသည်။

ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ များစွာ စုစည်းတည်ရှိနေသည့် ရန်ကုန်မြို့လယ် ဧရိယာ
အား ကမ္ဘာအနှံ့အပြားရှိ အထင်ကရ ဗိသုကာလက်ရာများနှင့် ယဉ်ကျေးမှု အမွေ အနှစ်များအား
ထိန်းသိမ်းစောင့်ရှောက်သည့် ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်သော အမေရိ ကန်နိုင်ငံ၊ နယူးယော့ခ်
အခြေစိုက် World Monument Fund အဖွဲ့က ၂၀၁၄ အတွက် World Monument Watch
စောင့်ကြည့် စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ယခုလ ၈ ရက်နေ့က ကြေညာလိုက်သည်။

အဆိုပါ စောင့်ကြည့်စာရင်းသည် အနာဂတ် မျိုးဆက်များ အတွက်သာမက ဆန်းသစ်သည့်
စိတ်ကူးစိတ်သန်းများနှင့် စီးပွားရေးအရင်း အမြစ် အသစ်များအဖြစ် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ
သော ကမ္ဘာအနှံ့ရှိ ယဉ်ကျေးမှုအမွေ အနှစ်များအား တစ်စုတစ်ဝေးတည်း စုစည်းထားခြင်းဖြစ်ကြောင်း
အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Bonnie Burnham က ပြောသည်။

ရန်ကုန်မြို့၏ သမိုင်း အမွေအနှစ် အဆောက်အအုံများ စာရင်းဝင် အဆောက် အအုံ ၁၈၉ လုံး
အနက် ၈၉ လုံးမှာ ရန်ကုန်မြို့ လယ်တွင် တည်ရှိနေပြီး သမိုင်းအထောက် အထားနှင့် ဗိသုကာ
တန်ဖိုးများ မြင့်မားစွာ စုဝေးနေသည့် အချက်အချာနေရာဖြစ်သည်။

ကမ္ဘာပေါ်တွင် အလွယ်တကူ ရှာဖွေတွေ့ရှိ မည်မဟုတ်သော ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံတို့
ယှဉ်တွဲနေထိုင်သည့် ပုံစံကို လည်း တွေ့ရမည်ဖြစ်သည်။ တမူထူးခြားသည့် ဘာသာရေးဆိုင်ရာ
အမွေအနှစ်များသာမက ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်း ကိုလိုနီခေတ် ဗိသုကာလက်
ရာများကို အရှေ့ တောင်အာရှတွင် အများဆုံး စုဝေးတွေ့ရှိနိုင် မည့် နေရာလည်းဖြစ်သည်။


 

World Monument Fund ၏ စောင့်ကြည့် စာရင်းထဲတွင် ထည့်သွင်းရန် သမိုင်းဝင် ရန်ကုန်မြို့
လယ်အား ရွေးချယ်ခြင်း ခံရသည့် အတွက် ၀မ်းမြောက်မိကြောင်း ဒေါက်တာ သန့်မြင့်ဦးက ပြော
သည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား
သည်။

"ရန်ကုန်မြို့ရဲ့ သမိုင်းအလှည့်အပြောင်း ကို ကျွန်တော်တို့ ရောက်နေပါပြီ။ ဒီလို စောင့်ကြည့်စာရင်း
ထဲမှာ ထည့်သွင်းခံရ တာကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ပိုမို ထင်ထင်ရှားရှားပြသပြီး
ဆွဲဆောင်စေနိုင်မှာ ဖြစ်သလို မြို့အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ အရေးကြီးပုံ
ကို ပြသနိုင်မယ့် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင် ပါတယ်"ဟု ၎င်းက ပြောသည်။

"ရန်ကုန်မြို့အား ပိုမိုခေတ်မီကာ တောက်ကြွားသည့် ၂၁ ရာစု ရန်ကုန်မြို့အဖြစ် မျှော်မှန်းရာတွင်
မြို့၏ သူမတူထူးခြားသော လက်ရှိဗိသုကာလက်ရာ အခင်းအကျင်းကို မဖြစ်မနေ ပေါင်းစပ်ထည့်
သွင်းရန် လိုအပ် ကြောင်း ၎င်းကပြောသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့Yangon Heritage Trust (YHT) ၏ ဒါရိုက် တာဖြစ်
သူ ဗိသုကာပညာရှင် ဒေါ်မိုးမိုးလွင်က ရန်ကုန်မြို့အားစောင့်ကြည့်ရမည့် အမွေအနှစ်နယ်မြေတစ်ခု
အဖြစ် ကမ္ဘာသိသတ်မှတ်ခံရခြင်း အပေါ် ဂုဏ်ယူမိကြောင်းနှင့် အဆောက်အအုံတစ်ခုချင်းထိန်းသိမ်း
သည်ထက် ကျယ်ဝန်းသည့်မြို့ကွက်တစ်ခုလုံးထိန်းသိမ်းစောင့်ရှောက် ခြင်းသည် မြို့ပြအမွေအနှစ်
ထိန်းသိမ်းရေး လုပ်ငန်းကို ပိုမိုအရာရောက်စေကြောင်း ပြောသည်။

"ကျွန်မတို့က မြို့ရဲ့မူလ လက္ခဏာကို တန်ဖိုး ထားထိန်းသိမ်းချင်တာ ဖြစ်ပါတယ်။ အခုခေတ် လို
တိုင်းပြည်ကလည်း ပိုမိုပွင့်လင်းလာ၊ အိမ်မြေ ဈေးတွေကောင်းလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ
အထူးသဖြင့် မြို့လယ်မှာရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာက ဒါကိုခြိမ်းခြောက်နေတာကြောင့်
အခုလိုနိုင်ငံတကာရဲ့အသိအမှတ်ပြုတွန်းအားပေးခံရတာက အများကြီးအရေးပါ ပါတယ်"ဟု
ဒေါ်မိုးမိုးလွင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာန၏ ညွှန်ကြားရေးမှူး ဦးတိုးအောင်
က ရန်ကုန်မြို့ပြဒေသအား ၂၀၁၄ ခုနှစ် World Monument Watch ၏ စောင့်ကြည့်စာရင်းတွင်
ထည့်သွင်းခံရခြင်း သည် များစွာဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ် ကြောင်းပြောသည်။

ရန်ကုန်မြို့၏ ထူးခြားပြောင်မြောက် သော သွင်ပြင်လက္ခဏာရပ်များ ပါ၀င်သည့်သမိုင်းဝင်
အဆောက်အအုံများနှင့် မြို့ပြအမွေ အနှစ်ဒေသများ ထိန်းသိမ်းရေးတွင်အရေး ကြီးသော ခြေလှမ်း
တစ်ရပ်ဖြစ်ကြောင်း၊ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးနှင့်မြှင့်တင်ရေးသည်
မြို့ပြစီမံခန့်ခွဲရေး အခန်းကဏ္ဍဖြစ်သည့်အလျောက် မြို့တော် စည်ပင်၏ တာဝန်ဖြစ်ကြောင်း ၎င်းက
ဆိုသည်။

World Monument Fund နှင့်ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့တို့၏ စောင့်ကြည့်
အကြံပြုမှုများကြောင့်နိုင်ငံတကာ၏ဂရုပြုမှု၊ နိုင်ငံတကာအမွေအနှစ် စောင့်ရှောက် ရေးအဖွဲ့အစည်း
များ၏ ပူးပေါင်းပါ၀င်ဆောင် ရွက်မှု၊ နိုင်ငံတကာ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးပညာရှင်များ၏
အကြံပြုမှု၊ ပြည်သူများ၏အလေးအမြတ်ထားမှုနှင့် ပူးပေါင်းဆောင် ရွက်မှု၊ မြေအသုံးချမှုစီမံခြင်း၊
ဇုန်သတ်မှတ်ခြင်းနှင့် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လမ်းညွှန်မှုများ ချမှတ်
နိုင် ခြင်း အစရှိသော အစိုးရအဖွဲ့အစည်းများ၏ပံ့ပိုး ကူညီမှုစသည့် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကောင်းမွန်သောရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
ယုံကြည်မျှော်လင့်မိပါကြောင်း ဦးတိုးအောင် က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်