ရောင်စုံခေါင်မိုးပြားများ ထုတ်လုပ်မည့် စက်ရုံသစ် အတွက် မြေပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပ

ရောင်စုံခေါင်မိုးပြားများ ထုတ်လုပ်မည့် စက်ရုံသစ် အတွက် မြေပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပ

Myanmar Posco C&C နှင့် မြန်မာ့ စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်း (Myanma Economic
Holdings Corporation -MEC) တို့ဖက်စပ်ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်မည့် Myanmar
Posco C&C ၏စက်ရုံသစ်အတွက် မြေပန္နက်ရိုက် မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၁ ရက်
နေ့ တွင် စီမံကိန်းတည်ရှိရာ အမှတ် ၂၂၊ အမှတ်(၃) လမ်းမကြီး၊ ပျဉ်းမပင်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့
နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ကန် ဒေါ်လာ ၁၄ သန်းခန့် အကုန်အကျခံ တည်ဆောက်မည့် စက်ရုံ
သစ်ကို Myanmar Posco C&C က ရင်းနှီး မြှုပ်နှံမှု ရ၀ ရာခိုင်နှုန်းနှင့် မြန်မာ့ စီးပွားရေးဦးပိုင်က
ရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်းဖြင့် တည်ဆောက် မည်ဖြစ်ကြောင်းသိရသည်။

"Myanmar Posco ရဲ့ပထမစက်ရုံ ကတော့ ကြယ်စိမ်း သွပ်ပြားတွေ ထုတ်လုပ်တာပါ၊ အခုစက်ရုံ
ကတော့ ရောင်စုံ ခေါင်မိုးပြားတွေ ထုတ်မှာဖြစ်ပါတယ်။ မြေတန်ဖိုး၊ အဆောက်အအုံအတွက်
ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၁၄ သန်းရှိပါတယ်။ စီမံကိန်းကာလ
ကတော့ ဒီနေ့ကနေ နောက် ၁၃ လ အတွင်း အပြီးတည်ဆောက်မယ်။ နောက်နှစ် ၁၀ လပိုင်း
မှာ တည်ဆောက် တာ အပြီးသတ်မယ်"ဟု Posco C&C မှ Vice President ဖြစ်သ Mr Choi,
Sung Hwan က မီဒီယာများနှင့်တွေ့ဆုံ သည့် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)
ကို ပြောကြားခဲဲ့ သည်။

"အခုဒီမှာဆိုရင် ရောင်စုံခေါင်မိုးပြားဈေးကွက်က တော်တော်ကျယ် ပြန့်လာတယ်၊ အခု Myanmar
Posco C&C က စက်ရုံဆောက်ပြီး အရည် အသွေးမီ ခေါင်မိုးတွေကိုဒီနိုင်ငံမှာ ဖြန့်ဖြူးရောင်းချပြီး
export လည်းလုပ်မယ်၊ ထုတ်လုပ်တဲ့ ပစ္စည်းတွေက မြန်မာပြည်ဈေးကွက်မှာ လိုအပ်တဲ့ ခေါင်မိုး
တွေ၊ စက်ပစ္စည်းတွေမှာသုံးတဲ့ခေါင်မိုးတွေ၊ တကယ့် အရည်အသွေးမီတဲ့ ရေခဲသေတ္တာ၊ အဝတ်
လျှော်စက်တွေမှာ သုံးတဲ့ သွပ်ပြားတွေအထိ ထုတ်လုပ်သွားမယ်"ဟုလည်းMr Choi, Sung
Hwan က ရှင်းလင်းပြောကြားခဲ့ သည်။

ပစ္စည်းအရည်အသွေးကို အာမခံ နိုင်သည့် ၂၀၁၅ နောက်ပိုင်းတွင် export လုပ်သွားမည်ဟု
ခန့်မှန်းထားကြောင်းလည်း ၎င်းကဆက်လက်၍ ပြောကြားခဲ့သည်။ စက်ရုံသစ် စီမံကိန်းကို
မြေဧက ၂၀,၀၀၀ စတုရန်းမီတာပေါ်တွင်တည်ဆောက်သွားမည်ဖြစ်ပြီးနောင်နှစ် ၁၀ လပိုင်းတွင်
ထုတ်လုပ်မှု စတင်နိုင်မည် ဟု ခန့်မှန်းထားသည်ဟုလည်း ၎င်းက ပြောသည်။

Myanmar Posco ၏ စက်ရုံသစ်တွင် ခေတ်မီနည်းပညာသုံး စက်ပစ္စည်း ကိရိယာများ ကိုတပ်ဆင်
သွားမည်ဖြစ် ပြီး အရည်အသွေးမြင့်ပစ္စည်းများကိုထုတ်လုပ်သွားမည်ဖြစ်သည့်အပြင်စက်ပစ္စည်းများ
အားလုံးကို ကွန်ပျူတာ ထိန်းချုပ်မှုစနစ်ဖြင့် တပ်ဆင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း
၎င်းကပြောသည်။

"Myanmar Posco ဟာဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ အတူပူးပေါင်း လုပ်ကိုင်လာခဲ့တဲ့ ကုမ္ပဏီပါ၊
မြန်မာ့ စီးပွားရေးဦးပိုင်နဲ့ ပူးပေါင်းပြီး အကြာ ကြီး ရပ်တည်လာခဲ့ပါတယ်။ ဒါကြောင့် လည်း ကိုရီး
ယားနဲ့မြန်မာ၊ ဏသျခသ နဲ့ ဦးပိုင်တို့ဟာ နှစ်၂၀ ချစ်ကြည်ရင်းနှီး မှု ရှိခဲ့ပြီး ပိုမိုခိုင်မာတဲ့ ယုံကြည်
မှုတွေကနေ တစ်ဆင့် Myanmar Posco C&C ဖြစ်ပေါ်လာခဲ့ရတာပါ။ အခုမြန်မာနိုင်ငံဟာ နိုင်ငံ
တကာက ရင်းနှီးမြှုပ်နှံမှု စိတ်ဝင်စားနေတဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံဖြစ် တာပါ။နောက်တစ်
ချက်က နိုင်ငံတော် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အင်တိုက်အားတိုက် ဖော်ဆောင်နေ တဲ့
အတွက်လည်း ပါပါတယ်"ဟုလည်းMr Choi, Sung Hwan က ရှင်းလင်း ပြောကြားခဲ့သည်။

"ကိုရီးယားမှာရှိတဲ့ Posco C&C က နိုင်ငံတကာအဆင့်မီ ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်
ပါတယ်။ ဒီကုမ္ပဏီ က ခကျအသာနမ တွေရဲ့လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်တဲ့ အကောင်း
ဆုံး အဖွဲ့အစည်းပါ။ ကိုရီးယားနိုင်ငံမှာဈေးကွက်က အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်"ဟု
လည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှာ ရန်ကုန်ကဈေးကွက် အကျယ်ပြန့်ဆုံးဖြစ်တဲ့အပြင် ပို့ဆောင် ဆက်သွယ်ရေး ပိုမို
ကျယ်ပြန့်လာတာနဲ့အညီ နေပြည်တော်၊ မန္တလေးနဲ့ အခြား ဒေသတွေကိုပါ အင်တိုက်အားတိုက်
ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ Myanmar Posco နှင့် မြန်မာ့စီးပွား ရေးဦးပိုင်
တို့၏ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် စက်ရုံ၏ တစ်လ ထုတ်လုပ်နိုင်စွမ်းမှာ တန်
၄,၀၀၀ ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်