မြန်မာနိုင်ငံ First Glass Industry လီမိတက်နှင့် အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်အခြေစိုက်
Guardian Glass Industries တို့ပူးပေါင်း၍ မှန်နှင့် မှန်အချောထည် ပစ္စည်းများ ထုတ်လုပ်ခြင်း
ဆိုင်ရာ ဟောပြောပွဲကို အောက်တိုဘာ ၉ ရက်နေ့တွင် လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်း အဆောက်အအုံတွင် ကျင်းပခဲ့သည်။
"ဒီဟောပြောပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ safety glass တွေ
ကို တွင်ကျယ်စွာ အသုံးပြုလာစေလိုတဲ့ ရည်ရွယ်ချက်အပြင် မိမိအသုံးပြုမယ့်နေရာနဲ့ကိုက်ညီတဲ့
safety glass အမျိုးအစားတွေကို မှန်ကန်စွာရွေးချယ်တတ်လာစေဖို့လည်း ပါ၀င်ပါတယ်။ ဒီအတွက်
ဆောက်လုပ်ရေးလောကမှာရှိတဲ့ အင်ဂျင်နီယာတွေ၊ ဗိသုကာတွေကို ဒါနဲ့ပတ်သက်ပြီး
awarenessတွေ၊ အသိပညာတွေရလာစေဖို့အတွက်လည်း ပါ၀င်ပါတယ်"ဟု First Glass
Industry မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်မိုးက မြန်မာ တိုင်း(မ်)သို့ ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံမှာဆိုရင် safety glass ဈေးကွက်က သိပ်အကျယ်ပြန့်ကြီးမဟုတ်သေးတဲ့အတွက်
လည်းအခုလို ဟောပြောပွဲတွေကို ကျင်းပရတာ ဖြစ်ပါတယ်။ ဒီလိုမှန်အမျိုးအစားတွေ က နေထိုင်
သူတွေကို အန္တရာယ်ကင်းရှင်းတဲ့ လုံခြံုစိတ်ချရမှုကို ရရှိစေမှာဖြစ်ပါတယ်။ အထူးသဖြင့်အထပ်မြင့်
တွေမှာ ပိုမိုသုံးစွဲဖို့လည်း လိုအပ်ပြီး ဒီလိုသုံးစွဲခြင်းအားဖြင့် ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မှာဖြစ်
သလို သုံးစွဲသူတွေရဲ့စိတ်ချယုံကြည်မှုကိုလည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်"ဟု ဦးအောင် မိုးက
ဆက်လက်ပြောကြားခဲ့သည်။















