ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကိုတော့ မြို့တွင်းပိုင်းနဲ့ အနည်းငယ်အလှမ်း ဝေးပြီး မြို့ပြင်
ဘက်လည်းမရောက် တဲ့ သွားလာလွယ်ကူတဲ့ ခုနစ်မိုင်က လုံးချင်းအိမ်ကလေးကိုဖော်ပြပေးလိုက်
ပါတယ်။
ဒီ ခုနစ်မိုင်က တိတ်ဆိတ် တဲ့ ပတ်ဝန်းကျင်တစ်ခုမှာရှိပြီး အနီးအနား ပတ်ဝန်းကျင်မှာလည်း ခြံ
တွေပဲဖြစ်တဲ့ အတွက် မိသားစု သီးသန့်နေချင်သူတွေ အတွက်စိတ်ကြိုက်တွေ့စေမယ့်နေရာ
ကလေးဖြစ်ပါတယ်။
ခြံက ကုန်းမြင့်ရိပ်သာလမ်းမှာ တည်ရှိပြီးတော့ လမ်းထဲကို အတော် ကလေးတော့ဝင်ရပါတယ်။
ဒီခြံကလေးက မြင်မြင်ချင်းမှာတော့ ထုထည်ကြီးကြီးနဲ့ ထည်ထည်ဝါ၀ါ ရှိလှ တာကိုတွေ့ရပါတယ်။
ဒီခြံက စုစုပေါင်း စတုရန်းပေ ၁၀,၀၀၀ ခန့် ကျယ်ဝန်းပြီးတော့ ခြံကလေးကတော့ ကျယ်ကျယ်
၀န်းဝန်းနဲ့ သပ်သပ်ရပ်ရပ် ရှိတာကို တွေ့ခဲ့ရပါတယ်။
ခုနစ်မိုင်မှာရှိတဲ့ ခြံ ဆိုတာက တိတ်ဆိတ်ပြီးကျယ်ဝန်းတဲ့ အတွက် နေထိုင်သူတွေအတွက်
အေးအေးချမ်းချမ်းနေနိုင်မယ့် နေရာ တစ်ခုလို့ ထင်ပါတယ်။ ခြံကလေးကို ၀င်သွားလိုက်ရင်တော့
ခြံရဲ့ ဘေးဘက်မှာ မြက်ခင်းပြင် ပန်းခြံကလေးတစ်ခုနဲ့ အိမ်ရဲ့ အနောက်ဘက်မှာ အနားယူနိုင်တဲ့
နေရာလေးတစ်ခုရှိပါတယ်။
ခြံပေါ်မှာ ကျယ်ဝန်းတဲ့ နှစ်ထပ်တိုက်အိမ်ကလေးကို ဆောက်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒီအိမ်
က ဘေးဘက်ကို မျက်နှာမူပြီး ဆောက်ထားပြီးတော့ ခြံထဲမှာပဲ နောက်ထပ် အလုပ်သမား နေလို့
ရနိုင်တဲ့ နှစ်ထပ် တိုက်အိမ်လိုမျိုး အိမ်ကလေး သေးသေး လေးကိုလည်း ထပ်ပြီး ဆောက်ပေးထား
ပါတယ်။
အိမ်ထဲကို ၀င်သွားရင်တော့ ရှေးအိမ် ကလေးကို ရောက်သွားသလိုမျိုး ရဲတိုက်ပုံစံ အိမ်အတွင်းပိုင်း
ကလေး ကို အုတ်ကွက်ကလေးတွေနဲ့ ဒီဇိုင်းဆင် ထားပေးပါတယ်။ အုတ်ကွက် အနီ ရောင်ကလေး
တွေနဲ့ ၀င်ပေါက်တွေကို အဝိုင်းပုံစံမျိုးတွေပြုလုပ်ထားတဲ့ အတွက် အမြင်တစ်မျိုးနဲ့ ရဲတိုက် တစ်ခု
ထဲကို ရောက်နေသလိုမျိုး ခံစား မိပါတယ်။ အိမ်ရဲ့အောက်ထပ်မှာ ၀င်ဝင်ချင်း ဧည့်ခန်းတစ်ခန်းနဲ့
ဘေးကပ်လျက်မှာ တီဗီ အခန်းလိုမျိုးလေး ဖွဲ့ပေးထား ပါတယ်။ အိမ်ရဲ့ အပေါ်ထပ်မှာလည်း ရေ
ချိုးခန်းအိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်းကျယ် နှစ်ခန်းနဲ့ ဘုရားခန်း၊ ဒါမှမဟုတ်ရင် ရိုးရိုးအိပ်ခန်းလို
မျိုး ပြုလုပ် လို့ ရတဲ့ အခန်းကျယ်ကြီး စုစုပေါင်း သုံးခန်းကို ဖွဲ့ပေးပြီးသားဖြစ်ပါတယ်။
ဒီအိမ်က အသစ်တော့ မဟုတ်ပေ မယ့် အခန်းတွင်း ပြင်ဆင်ပြီးသားဖြစ် လို့ ငှားရမ်းသူတွေ
အသင့်နေထိုင် နိုင်ပါတယ်။ ပြီးတော့ အိမ်က ကျယ်ကျယ် ၀န်းဝန်းနဲ့ အခန်းတွေလည်း များတော့
မိသားစုများများနဲ့ လွတ်လွတ်လပ်လပ် နေနိုင်တဲ့ အိမ်တစ်အိမ်လို့ ထင်ပါတယ်။ အိမ်ရဲ့ ကြမ်းခင်း
တွေကို ကျွန်းပါကေးတွေပဲခင်းထားပြီတော့ အခန်း နံရံတွေကို မတူတဲ့ အရောင်ဆန်းကလေး တွေ
သုတ်ထားတာကို တွေ့ခဲ့ရပါတယ်။ ဒီအိမ်မှာ လေအေးပေးစက် ခုနစ်လုံး နဲ့ ကိုယ်ပိုင်ဖုန်းလိုင်းကြိုး
တစ်လိုင်း ပါ၀င်ပါတယ်။
တည်နေရာ - ကုန်းမြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်။
ဈေးနှုန်း - ဒေါ်လာ ၅,၀၀၀ (အငှား)။ ဖုန်း - ၀၉ ၄၃၁၂၇၂၈၈။
ဆက်သွယ်ရန် - (မြ) ပန်းသခင် အိမ်၊ ခြံ၊ မြေ အထွေထွေဝန်ဆောင်မှုလုပ်ငန်း။
















