ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ UNHabitat ရှင်းလင်း

ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ UNHabitat ရှင်းလင်း

ဥရောပအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်သော UN Habitat က မြန်မာပြည်သို့
အလည်အပတ် ရောက်ရှိခဲ့သည့် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အတွင်း ခရီးစဉ်နှင့် ပတ်
သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်တွင် ချက်ထရီယမ် ဟိုတယ်
တွင် ပြုလုပ်ခဲ့သည်။

UN Habitat မှ executive director Mr Joan Coal နှင့် director Mr Yoshinobu Fukasawa
တို့ ဦးဆောင်သော အဖွဲ့ဝင်များသည် နေပြည် တော်တွင် နိုင်ငံတော်အကြီးအကဲများနှင့်တွေ့ဆုံခဲ့
သလို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
၀န်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန စသည့် ၀န်ကြီးဌာန
များမှ တာဝန်ရှိသူများနှင့် လည်း တွေ့ဆုံခဲ့ပြီး UN Habitat က မြန်မာနိုင်ငံ တွင် လက်ရှိဆောင်
ရွက်လျက်ရှိသော စီမံကိန်း များအပြင် UNHabitat ၏ အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံအစိုးရနှင့်
ပူးပေါင်း ဆောင်ရွက် လျက်ရှိသော အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

"UN Habitat က မြန်မာနိုင်ငံမှာ စီမံကိန်းတွေ အများအပြား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါ
တယ်။ မြန်မာနိုင်ငံအတွက် urbanization ကဏ္ဍမှာ အင်တိုက်အားတိုက် ပူးပေါင်းပါ၀င်ဆောင်
ရွက်ခွင့်ရတဲ့အတွက် အလွန်ပဲဂုဏ်ယူဝမ်းမြောက် မိပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတွေကို
ဆောင်ရွက်တာကနေတစ်ဆင့် နိုင်ငံ တွင်းမှာ နေထိုင်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အလုပ်အကိုင်
အခွင့်အလမ်းတွေက အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အထောက်အကူပြုမှာဖြစ်
ပါတယ်"ဟု UN Habitat မှ executive director Mr Joan Coal က ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုတွေ့မြင်နေရပြီဖြစ်ပါ
တယ်၊မြန်မာနိုင်ငံရဲ့အစိုးရကရော သက်ဆိုင် ရာ ပြည်တွင်းဒေသအသီးသီးက အုပ်ချုပ်သူ
တွေကပါ UN Habitat ကဆောင်ရွက်နေတဲ့ urbanization process ကို စိတ်ဝင်စားကြတာ
ကို တွေ့ရပါတယ်"ဟုလည်း ၎င်းကပြောကြားခဲ့ သည်။

UN Habitat က ပထမဆုံးအနေနဲ့ မြန်မာ နိုင်ငံမှာ လုပ်ငန်းများ စတင်ဆောင်ရွက်ဖို့ ၁၉၉၀ ပြည့်
ကနေ ၂၀၀၄ ခုနှစ်အတွင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး အဆိုပါအချိန်ကာလ အတွင်းတွင် ပထမဆုံး
အနေဖြင့် ီမပ ဇသညန၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများတွင် ဆောင်ရွက်မည့်
community driven development activity တစ်ခုဖြစ်တဲ့ "People Process Concept" ကို
စတင်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ထို့နောက်တွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း တွင် disaster recovery
လုပ်ငန်းများကို ပူးပေါင်း ပါ၀င်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်နေရာချထားရေးနှင့် ပြုပြင်တည်
ဆောက်ရေးလုပ် ငန်းများတွင်လည်း ပါ၀င်ဆောင်ရွက်ခဲ့သည်။

UN Habitat က နောင်နှစ်နှစ်ခန့်အတွင်း တွင် မြန်မာနိုင်ငံသို့ ကဏ္ဍလေးရပ်ဖြစ်သော ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းများ (environment & climate
change)၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ (Improvement
of Human Settlements)၊မြို့ပြစီမံကိန်းရေးဆွဲရေးနှင့် ဒီဇိုင်းတည်ဆောက် ရေးလုပ်ငန်းများ
(Urban Planning &Design)၊အိမ်ရာနှင့်မြေယာလုပ်ငန်းများ (Housing & Land) စသည့်
ကဏ္ဍများတွင်အကူအညီပေးသွားရန်ရှိပြီး စီမံကိန်းများလည်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း
လည်း အဆိုပါနေ့အခမ်းအနားမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်