Standard Chartered ဘဏ်က မြန်မာနိုင်ငံတွင် Goal လှုပ်ရှားမှုအစီအစဉ်ကိုမိတ်ဆက်မည်

Standard Chartered ဘဏ်က မြန်မာနိုင်ငံတွင် Goal လှုပ်ရှားမှုအစီအစဉ်ကိုမိတ်ဆက်မည်

Standard Chartered ဘဏ်က မြန်မာနိုင်ငံတွင် လူမှုရေး အစီအစဉ်များ ဖော်ဆောင်မည့်
အစီအစဉ်၏ ပထမဆုံးခြေလှမ်းအဖြစ် Goal ဟု အမည်တွင်သော အစီအစဉ်အား ဒေသခံ NGO
များ၊ အစိုးရပိုင်နှင့် အများပြည်သူပိုင် လုပ်ငန်းနယ်ပယ်များမှ ကိုယ်စားလှယ်များပါ၀င်သည့်
အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ တွင် အောက်တိုဘာ ၂၃ နှင့်၂၄ ရက်များ၌ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။

Goal လှုပ်ရှားမှုသည် မြန်မာနိုင်ငံတွင် Girl Determined ဆိုသော NGO အဖွဲ့နှင့် ပူးပေါင်းကာ
ဆယ်ကျော်သက်အမျိုးသမီးငယ်များအတွက် အားကစားဖြင့် ဖွံ့ဖြိုးတိုးတက် စေမည့် အစီအစဉ်
တစ်ခုဖြစ်ပြီး ငွေကြေး ဆိုင်ရာ ပညာရပ်နှင့် ဘဝအတွက် လိုအပ်မည့် စွမ်းရည်များ လေ့ကျင့်သင်
ကြားပေးမှုတို့လည်း ပါ၀င်မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အိပ်ချ်အိုင်ဗီ/အေ့ဒ်စ် ရောဂါအကြောင်း ပိုမိုသိရှိနားလည်ရေးကဲ့သို့ ကျန်းမာ ရေး အသိ
ပညာပေးခြင်းများလည်း ပါ၀င်မည် ဖြစ်သည်။ ဤလှုပ်ရှားမှုသည် အသက် ၁၂ နှစ်မှ အသက်
၂၀ အတွင်း အမျိုးသမီးများအား အရွယ် ရောက်ချိန်တွင် စီးပွားရေးနှင့်ပတ်သက်၍ ပိုမို အမြင်
ကျယ်ကာ သင့်တော်သော ရွေးချယ်မှု များ ပြုလုပ်နိုင်ရန် နည်းစနစ်များ၊ အသိပညာ များ ဖြန့်ဝေ
ပေးရန် ရည်ရွယ်ကြောင်းလည်း သိရှိ ရသည်။

ဤနည်းဖြင့် သူတို့သည်လူမှုအသိုင်း အဝိုင်းတွင် စီးပွားတိုးတက်ဖွံ့ဖြိုးရေး အတွက် ပိုမိုတက်ကြွ
စွာ ဆောင်ရွက်လာနိုင်မည်ဖြစ် သည်ဟုလည်း သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဆယ်ကျော်သက် အမျိုးသမီးငယ်များနှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ရာ ဒေသခံ NGO များ
၏ လုပ်ကိုင်ဆောင်ရွက် နိုင်စွမ်းကို တိုးမြှင့်ပေးရန်နှင့် Goal လှုပ်ရှားမှုတို့ ပိုမိုကျယ်ပြန့်ထိရောက်
ရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို ယခုသီတင်းပတ်တွင် ကျင်းပ လျက်ရှိသည်။

Standard Chartered က ယခုလာမည့် အောက်တိုဘာ ၂၄ ရက်တွင် ကမာရွတ်မြို့နယ်၊ပြည်
လမ်းရှိ ဒိုင်းမွန်းကွန်ဒိုမီနီယံ၌ စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပမည်ဖြစ်ပြီး ထိုပွဲတွင် Standard
Chartered Bank Myanmar ကိုယ်စားလှယ်အရာရှိချုပ် Brooke Zobrist က မြန်မာနိုင်ငံရှိ
Goalလှုပ်ရှားမှုနှင့်သက် ဆိုင်သော အစီအစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားသွားမည်ဖြစ်
ကြောင်း သိရှိရသည်။

Girl Determined အဖွဲ့၏ညွှန်ကြားရေးမှူး မြသသုန ဇသဘမငျအ ကလည်း အလုပ်ရုံဆွေးနွေး
ပွဲ၏ ရည်ရွယ်ချက်များကို ထိုစာနယ်ဇင်းရှင်းလင်းပွဲတွင် ကောက်နုတ်ပြောကြားသွားမည် ဖြစ်
ကြောင်းလည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်