Suntac Technologies မှ Concrete Jointing Solution အကြောင်းရှင်းလင်းခဲ့

Suntac Technologies မှ Concrete Jointing Solution အကြောင်းရှင်းလင်းခဲ့

Suntac Technologies ကုမ္ပဏီမှကြီးမှူးကျင်းပသော မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ရေး
လုပ်ငန်းများ တွင် အသုံးပြုလျက်ရှိသည့် concrete jointing solution နည်းပညာအကြောင်း
မိတ်ဆက်ရှင်းလင်းပွဲကို အောက်တို ဘာ ၁၂ ရက်တွင် လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာ
နိုင်ငံအင်ဂျင် နီယာအသင်း Function Hall တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဒုဥက္ကဋ္ဌ ဒေါ်စီသန်းနှင့်တကွ အခြားအမှုဆောင်
လူကြီးများ၊ ဌာနဆိုင်ရာများမှ အင်ဂျင် နီယာအရာရှိများ၊ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အင်ဂျင်နီယာများ၊ ၀ါရင့်ဗိသုကာနှင့်အဆောက်
အအုံဒီဇိုင်းပညာရှင်များ တက်ရောက်ခဲ့ကြသည်။

Suntac Technologies မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးချန်ထွန်းအောင်က "Suntac
Technologies က concrete jointing solution တွေကို ၂၀၀၃ ခုနှစ်ကနေစတင်ပြီး
distribute လုပ်နေတာပါ၊ ဒါပေမဲ့ ဒီဆယ်နှစ်အတွင်းမှာ တရားဝင် properly launch
မလုပ်ရသေးပါဘူး၊ နောက်တစ်ချက်က မြန်မာနိုင်ငံ က မြို့ပြဆောက်လုပ်ရေးနဲ့ပတ်သက်
လို့ အချိုးအကွေ့တစ်ခုကို ရောက်နေပြီဆိုတော့ မြို့ပြဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့
အင်ဂျင်နီယာတွေ awareness ဖြစ်အောင် ဒီပွဲကို ကျင်းပ ပေးတာ ဖြစ်ပါတယ်"ဟု
ဦးချန်ထွန်းအောင်က မြန်မာတိုင်း(မ်)သို့ ပြော သည်။

မြန်မာနိုင်ငံမှာ အထပ်မြင့်အဆောက် အအုံတွေကလည်း များပြားလာပြီး ကွန်ကရစ်
အသုံးဝင်မှုလည်း များပြား လာသည့်အလျောက် ကွန်ကရစ် အစိတ်အပိုင်းတစ်ပိုင်းနှင့်
တစ်ပိုင်းကို စနစ်တကျဆက်စပ်ပူးတွဲပေးသည့် concrete jointing solution များက
လည်း အရေးကြီးသော အခန်းကဏ္ဍသို့ ရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ရှင်းပြ
ခဲ့သည်။

"အကျႌစ တစ်စနဲ့တစ်စ ဆက်တာက မခက်ပေမယ့် ကွန်ကရစ်တစ်ချပ်နဲ့တစ်ချပ်၊ တစ်လွှာနဲ့
တစ်လွှာ၊ တစ်ခု နဲ့တစ်ခု ဆက်တာက ခက်ပါတယ်၊လွယ်မလိုလိုနဲ့ ခက်တာပါ"ဟုလည်း ၎င်း
ကပြောသည်။

"ဒီနေ့လုပ်တဲ့ပွဲက decorative purpose မဟုတ်ပါဘူး၊ building structural အတွက်ကို
အဓိက ရည်ရွယ် တာပါ၊ ကျွန်တော်တို့ ပြောချင်တဲ့ ခသညခမနအန ျသူကအငသည ဆိုတဲ့
အကြောင်းအရာတွေက နေရာတကာမှာ သွား ကြည့်မယ်ဆိုရင် တော်ရုံတန်ရုံ မမြင်ရပါဘူး၊
ကွန်ကရစ်ထဲဝင်သွားမယ်၊ ကွန်ကရစ်နဲ့ ညှပ်သုံးတာဖြစ်တဲ့အတွက် building structural နဲ့
သက်ဆိုင်ပါတယ်၊ အဆောက်အအုံတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့၊ အဆောက် အအုံတွေကို
သာမန်ထက်ပိုပြီးတော့ မြန်မြန် ဆန်ဆန်တည်ဆောက်နိုင်ဖို့၊ သာမန်ထက်ပိုပြီးတော့ ခိုင်ခိုင်
ခန့်ခန့်နဲ့ safety ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပါတယ်"ဟု ဦးချန်ထွန်းအောင်က
ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ အင်ဂျင်နီယာ အများစုရဲ့ ခသညခနစအ က ကွန်ကရစ်ကို တော်ရုံတန်ရုံ
ဆက်လိုက်ရင်ရပြီလို့ ယူဆကြတယ်၊ ဒါလေးတွေကို ဒီထက် ပိုပြီး သိစေချင်ပါတယ်၊ highlight
လုပ် တဲ့သဘောဖြစ်ပါတယ်၊ ဘာဖြစ်လို့ လဲဆိုတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကလို နှစ်ထပ်
တိုက်၊ သုံးထပ်ဆောက်တဲ့ ကာလမဟုတ်တော့ပါဘူး၊ အထပ် ၂၀၃၀၄၀ ဆောက်နေတဲ့့
ကာလဖြစ်သွားပါပြီ၊ ဒီကာလမှာ ဒီနည်းစနစ်တွေကိုမှ မသိဘူး၊ မသုံး တတ်ဘူးဆိုရင် ရေရှည်မှာ
နောက်ဆက်တွဲကြံုတွေ့လာမယ့် အန္တရာယ်တွေကို သိသွားမယ်၊ မလွဲမရှောင်သာ ကြံုတွေ့ရ
မယ်ဆိုရင်လည်း ရှောင်လွဲ နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးတာ ဖြစ်ပါတယ်"ဟုလည်း
၎င်းက ပြောသည်။

Suntac Technologies ကုမ္ပဏီမှ ကမ္ဘာ့နောက်ဆုံးပေါ် အင်ဂျင်နီယာနည်းပညာရပ်များနှင့်
ဆက်စပ်စနစ်နဲ့ပစ္စည်း(Engineering Solution) များကို မြန်မာနိုင်ငံသို့ အစဉ်တစိုက် တင်သွင်း
မိတ်ဆက်ဖြန့်ချိရောင်းချပေးလျက်ရှိသော နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့်အပြင် အင်ဂျင်နီယာ
၀န်ဆောင်မှုလုပ်ငန်း (Engineering Service) အမျိုးမျိုးကိုလည်း သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ
များအလိုက် အကောင်းဆုံး service ဖြစ်အောင်ဝန်ဆောင်မှုပေးနေသည့် မြန်မာနိုင်ငံသားများပိုင်
Engineering ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါနေ့တွင် မိတ်ဆက်ခဲ့သော Concrete Jointing Solutions သည် Cork Joinကုမ္ပဏီ၏
နောက်ဆုံးပေါ် Concrete Jointing System များဖြစ် ပြီး မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊
မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဩစတြေးလျနိုင်ငံအပါအဝင် Asia, Europe, US နှင့် Middle
East နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံသုံးစွဲနေသော system ပစ္စည်းများဖြစ်သည့်
အတွက် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည့် အခြေခံနှင့်အဆင့်မြင့် မြို့ပြအဆောက်
အအုံများ ဆောက်လုပ် ရေး၊ ပြုပြင်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတွင် ကုန်ကျစရိတ် သက်သက်
သာသာနှင့် ရေရှည် တည်တံ့ခိုင်မြဲမှု၊ ဆောက်လုပ်ရေးအရည်အသွေး နိုင်ငံတကာအဆင့်မီ
အသုံးပြုနိုင်ရန် နှငConstuction Design Challenges များကို လွယ်လွယ်ကူကူ အောင်မြင်
ကျော်လွှားနိုင်ရန် တီထွင် ထားသော ဲ Jointing Solution အသစ် တစ်ခုဖြစ်သောကြောင့်
မြန်မာနိုင်ငံ ၏ မြို့ပြတည်ဆောက်ရေးဒီဇိုင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ
အထောက်အကူပြုလိမ့်မည်ဟု ယူဆကြောင်းလည်း ဦးချန်ထွန်းအောင်က ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်