Champion မှ ရေချိုးခန်းသုံးပစ္စည်းများမိတ်ဆက်ခဲ့

Champion မှ ရေချိုးခန်းသုံးပစ္စည်းများမိတ်ဆက်ခဲ့

Champion Construction Materials ကုမ္ပဏီလီမိတက်မှ တစ်ဦး တည်းကိုယ်စားလှယ်အဖြစ်
တင်သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော အဆင့်မြင့် ရေချိုးခန်းသုံးပစ္စည်းအမှတ် တံဆိပ်များဖြစ်
သည့် မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Johnson Suisse အမှတ်တံဆိပ်နှင့် Econax အမှတ်
တံဆိပ်တို့အား စတင်မိတ်ဆက်ခြင်းအတွက် new product launching အခမ်းအနား
ကို အောက်တိုဘာ ၁၂ ရက်တွင် Champion အဆင့်မြင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်တည်
ရှိရာစော်ဘွားကြီးကုန်း၊ အင်းစိန် မြို့နယ်တွင် ကျင်းပခဲ့သည်။

"ဒီနေ့ မိတ်ဆက်တဲ့ပစ္စည်းတွေက တော့ မလေးရှားက တင်သွင်းတဲ့ Johnson Suisse နဲ့
Econax အမှတ်တံဆိပ်ရေချိုးခန်းသုံးပစ္စည်းတွေ ဖြစ် ပါတယ်၊ အဓိက ရည်ရွယ်တာကတော့
လက်ကားဖြန့်ဖို့ပါပဲ၊ မြန်မာနိုင်ငံမှာရှိတဲ့ ကွာလတီ ကောင်းကောင်းသုံးချင် တဲ့ customer တွေ
အတွက် ရည်ရွယ်ပြီးတော့ လက်ကားဖြန့်မယ်၊ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ဟာတွေကျတော့
ဈေးပေါတယ်၊ ဒီပစ္စည်းတွေကျတော့ warranty ပါပြီးသားဖြစ်တဲ့အတွက် customer တွေ
စိတ်တိုင်းကျသုံးစွဲလို့ရတယ်"ဟု Champion Construction Materials ကုမ္ပဏီမှ Brand
Manager ဖြစ်သူ ကိုထက်ဇာနည်အောင်က ပြောသည်။

မလေးရှားနိုင်ငံမှ ထုတ်လုပ်သော Johnson Suisse အမှတ်တံဆိပ်နှင့် Econax အမှတ်တံဆိပ်
ရေချိုးခန်းသုံးပစ္စည်းများကို ယခုလအတွင်းတွင် ရန်ကုန်မြို့တွင်းသို့ ဖြန့်ချိသွားမည်ဖြစ် ပြီး နောက်လအတွင်းတွင်မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ချိသွားမည်ဟုလည်း ၎င်းက
ပြောသည်။

"ဒီပစ္စည်းတွေက ရာနှုန်းပြည့်အာမ ခံချက်ရှိတယ်၊ လောလောဆယ်မှာ တော့ toilet အမျိုးအစား
တွေပဲဖြစ်ပေ မယ့် နောက်ပိုင်းမှာတော့ shower တို့ basin တို့ စတဲ့ ရေချိုးခန်းတစ်ခန်း စာအတွက်ဖြည့်ဆည်းပေးသွားပါမယ်၊လက်ကားသမားတွေကို ဈေးသက်သက်သာသာနဲ့
ဖြန့်ချိဖို့အတွက်ဒီ ပစ္စည်းသစ်တွေကို မိတ်ဆက်ပေးရ ခြင်း ဖြစ်ပါတယ်"ဟုလည်း ကိုထက်
ဇာနည်အောင်က ပြောသည်။

Champion Construction Materials ကုမ္ပဏီမှ Johnson Suisse အမှတ်တံဆိပ်နှင့် Econax
အမှတ်တံဆိပ်များအတွက် တစ်ဦးတည်း တင်သွင်းဖြန့်ချိခွင့်ကိုယ်စားလှယ် (sole distributor)
အဖြစ်၂၀၁၁ ခုနှစ်၊ မတ်လတွင်ရရှိခဲ့သည်။ စော်ဘွားကြီး ကုန်းအပါအဝင် ရန်ကုန်မြို့ရှိ အမြို့မြို့
အနယ်နယ်များတွင် Champion Construction Materials လက်ကား ဆိုင်ပေါင်း ၂၅ ဆိုင်ရှိ
ကြောင်း သိရ သည်။

Champion Construction Materials ၏ ဆိုင်ခွဲတစ်ခုဖြစ်သော White Horse ကြွေပြားဆိုင်
ကို အင်းစိန် မြို့နယ်၊ ဆယ်မိုင်ကုန်း၌ပင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင်ဖွင့်လှစ်သွားရန်ရှိကြောင်း
သိရသည်။

ထို့ပြင်နေပြည်တော်ရှိ ပေါင်းလောင်းနှင့်ရာဇဌာနေ လမ်းဆုံတွင်လည်း Champion
Construction Materials ဆိုင်သစ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တွင် ဖွင့်လှစ်သွား
မည်ဖြစ်ကြောင်း လည်း ကိုထက်ဇာနည်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်