ပက်ထရစ်ဘလန့်သည် ပြင်သစ်ရုက္ခဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ဒေါင်လိုက်ပန်းခြံများ ဆောက်
လုပ်ခြင်းကို တီထွင်ခဲ့သော ဒီဇိုင်းပညာရှင်တစ်ဦးလည်းဖြစ်သည်။
၎င်းသည် နှစ်ပေါင်းများစွာ ၎င်း၏သစ်ပင်များကိုအခြေခံ သည့် ဖန်တီးမှုများဖြင့် ကမ္ဘာတစ်ဝန်း
အစိမ်းရောင်နံရံများ၊ သို့မဟုတ် ဒေါင်လိုက်တည်ဆောက်သော ပန်းခြံများ တည်ဆောက်ရေးနှင့်
ပတ်သက်ပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဘလန့်သည် သစ်ပင်အမျိုးကွဲပေါင်း ၂၃၆ မျိုးဖြင့် ၈၂ ပေ အမြင့်ရှိပြီး
စတုရန်းပေ ၂,၇၀၀ အကျယ်ရှိသော သစ်ပင်များအား ဒေါင်လိုက် ကပ်လျက်စိုက်ပျိုး ထားသော
နံရံပန်းခြံသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ သည်။ အဆိုပါဒေါင်လိုက်နံရံပန်းခြံမှာ ပါရီမြို့ အုပ်ချုပ်ရေးခရိုင်
အတွင်းရှိ အနောက်တောင် ဘက်သို့ မျက်နှာမူထားသည့် ပါရီမြို့လမ်း တစ်လမ်း၏ထောင့်
83de la Rue d'Aboukir တွင် စိမ်းစိမ်းစိုစို လှိုင်းတွန့်ပုံစံတစ်ခုဖြင့် ဒီဇိုင်း ပုံဖော်ထားခြင်းဖြစ်
သည်။
ပါရီမြို့၏ အချက်အချာနေရာတွင် တည်ရှိသည့် အဆိုပါ အသစ် စက်စက် သဘာဝစိမ်းလန်း
စိုပြေရေးစီမံကိန်း မှာ ကမ္ဘာအရပ်ရပ်ရှိ အများပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်နေရာများ၏ အတွင်း
ပိုင်းအပြင် ပိုင်းများတွင် ဘလန့်ဆောက်လုပ်ခဲ့သည့် ဒေါင်လိုက်ပန်းခြံ ၂၅၀ ထဲက တစ်ခုဖြစ်
သည်။
၎င်းပန်းခြံများထဲတွင် ပြင်သစ်နိုင်ငံ ံူနျ ဃူပေနျ ျသကျ သြငျ တွင် တည်ရှိသော ကမ္ဘာ့ အကြီး
ဆုံးဒေါင်လိုက်ပန်းခြံနှင့် ဆစ်ဒ်နီတွင်ရှိသည့် ကမ္ဘာ့အရှည်ဆုံး ဒေါင်လိုက်ပန်းခြံတို့ ပါ၀င်သည်။
ထို့ပြင် မိုင်ယာမီအနုပညာ ပြတိုက်အဆောက်အအုံသစ်တွင်ရှိသော ဒေါင်လိုက်ပန်းခြံများနှင့်
ဆော်ဒီအာရေဗျနှင့် ဘာ ရိန်းနိုင်ငံတို့တွင် မကြာသေးမီက ဆောက် လုပ်ခဲ့သည့် ဒေါင်လိုက်
ပန်းခြံစီမံကိန်းများ လည်း ပါ၀င်သည်။
ပါရီမြို့၏ ဆင်ခြေဖုံးဒေသအတွင်း ကြီးပြင်းလာခဲ့သည့်ဘလန့်သည် အသက် ၁၂ အရွယ်မှစပြီး
အလင်းရောင်အနည်းငယ်နှင့် မြေသားမပါဘဲ အပင်များကြီး ထွားနိုင်မည့် နည်းလမ်းများကို စမ်း
သပ်လေ့လာမှုများ စတင် ပြုလုပ်ခဲ့သည်။ ထို့ပြင် နှစ်ပေါင်း ၃၀ ကျော်အထိ ပါရီရှိ သိပ္ပံသုတေ
သနဆိုင်ရာ အမျိုးသားဌာန နှင့်အတူ သုတေသီတစ်ဦးအဖြစ် သစ်ပင် စိုက်ပျိုးခြင်းနှင့်ပတ်သက်
ပြီး ကမ္ဘာအရပ်ရပ်တွင် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။
သို့သော် သူသည် ဆောက်လုပ်ရေးစီမံကိန်း တစ်ခုချင်းစီ၏ အသေးစိတ်ပုံကြမ်းများ ရေးဆွဲ သည့်
ဒီဇိုင်းပညာရှင်တစ်ဦးကဲ့သို့ ဆောင်ရွက် နေခြင်းဖြစ်သည်။ ၎င်း၏ ဒီဇိုင်းများမှာ အနု ပညာလုပ်ငန်း
များကဲ့သို့ မူပိုင်ခွင့်များဖြင့် ချမှတ်ထားသည်။
ဒေါင်လိုက်ပန်းခြံများကို မြေကြီးမပါဘဲ အပင်များ ရှင်သန်ကြီးထွားနိုင်ပြီး နံရံများအား ထိခိုက်မှု
မရှိစေရန် ကာကွယ်ပေးနိုင်သည့် ပီဗွီစီပိုက်များနှင့် ဘက်တီးရီးယားများ မဖြစ်ပေါ်စေသည့် သက္က
လတ်အပျော့စားအစ များဖြင့် ဘောင်ပြုလုပ်ထားသည့် အမာစား သတ္တုပေါ်တွင် ဒီဇိုင်းဆွဲဆောက်
လုပ်ခြင်းဖြစ် သည်။
အဆိုပါဒေါင်လိုက်ပန်းခြံများတွင် ရေလောင်း စနစ်များ အသင့်ပါ၀င် ဆောက်လုပ်ထားပြီး ၎င်း
အပင်နံရံများတွင် အရွက်ခြောက်များအား ဖယ်ရှားခြင်း၊ သို့မဟုတ် အပင်သေများအား အသစ်
စိုက်ပျိုးခြင်းတို့ ပါ၀င်သည့် ပြုပြင် ထိန်းသိမ်းမှုအနည်းငယ်လိုအပ်သည်။ ယင်းအပင်နံရံများသည်
သက်တမ်းကြာ ရှည်စွာ ရှင်သန်နိုင်စွမ်းရှိသည်။
ဘလန့်အား အင်တာဗျူးရန် ၎င်း၏အိမ်သို့ ၂၀၀၇ ခုနှစ်က စာရေးသူရောက်ရှိခဲ့စဉ်က ၎င်း၏
ဧည့်ခန်းအတွင်း စိုက်ပျိုးထားသည့် အပင်နံရံမှာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
အဆိုပါ ဒေါင်လိုက်ပန်းခြံစီမံကိန်းအား Paris Design Week အတွင်း စက်တင်ဘာ ၁၀ ရက်နေ့
က စတင်ဖွင့်လှစ်ခဲ့သည်။ ဘလန့်၏ ဒေါင်လိုက်ပန်းခြံများ အားလုံးနည်းတူပင် ယင်းပန်းခြံသည်
လည်း မမျှော်လင့်နိုင်သော နေရာတစ်ခုတွင် စိမ်းစိုသာယာသော သဘာဝ အလှတစ်ခု ဖန်တီး
ပေးနိုင်ခဲ့သည်။
















