ဒီတစ်ပတ်လည်း မြို့ပြင်ဘက်တွေမှာ ပဲ နေရတာ ကြိုက်နှစ်သက်သူတွေအတွက် ဆယ်မိုင်
မှာရှိတဲ့ လုံးချင်းအိမ် ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်ကလေးကို ခေတ်မီနှစ်ထပ်တိုက်
ပုံစံကလေးဆောက်ပေးထားပြီးတော့ လမ်းထဲသိပ်မဝင်ရဘဲ လမ်းမတန်းနဲ့ နီးတဲ့ နေရာလေးမှာပဲ
ရှိနေတာဖြစ်တဲ့ အတွက် နေရာကောင်းလေးတစ်ခုပါ။
ကိုယ်ပိုင်လုံးချင်းခြံကလေးနဲ့ မြို့ပြင် အနည်းငယ်ရောက်တဲ့ နေရာမှာ နေရ တာ ကြိုက်သူတွေ
အတွက် စိတ်ကြိုက်တွေ့စေမယ့် အိမ်ကလေးဖြစ်ပါတယ်။ ဒီခြံကလေးက စုစုပေါင်း စတုရန်းပေ
၃,၆၀၀ ကျယ်ဝန်းပြီးတော့ ခြံအတွင်းဘက်မှာပဲ ကိုယ်ပိုင်ရေကူးကန်တစ်ခု ပါ၀င်ပါတယ်။ ရေကူး
၀ါသနာပါသူတွေ အေးအေးချမ်းချမ်း အနားယူချင်သူတွေအတွက် ဒီရေကူးကန်ကလေးက ကိုယ်
ပိုင်ခြံ ကလေးမှာပဲပါ၀င်လို့ အဆင်ပြေစေမယ့် ခြံကလေးပါ။ ဒီခြံကလေးက လေဆိပ်နဲ့နီးတဲ့
နေရာလေးမှာရှိပြီး လူသွားလူလာ နည်းတဲ့ တိတ်ဆိတ်တဲ့ နေရာလေးမှာ ရှိလို့ သီးသန့်နေထိုင်
လိုသူတွေ သဘောကျစေမယ့် ခြံကလေးပါ။
အိမ်ကလေးကို ၀င်ဝင်ချင်းမှာ ပဲ ဧည့်ခန်းကို အရင်ဆုံးတွေ့ရမှာဖြစ် ပါတယ်။ အိမ်ကလေးက ကျယ်ကျယ်ဝန်းဝန်းရှိပြီးတော့ ခေတ်မီအဆင့်မြင့် ပြင်ပြီးသားဖြစ်ပါတယ်။ အိမ် ကလေးကလည်း
ပြတင်းပေါက်တွေ ကျယ်ကျယ် ဖွဲ့ပေးထားတော့ သဘာဝ အလင်းရောင်ကိုလည်း ကောင်း
ကောင်းရစေမှာ ဖြစ်ပါတယ်။
အိမ်ရဲ့အောက်ထပ်မှာတော့ အိပ်ခန်းတွေ ဖွဲ့မပေးထားဘဲ အိမ်ရဲ့ အပေါ်ထပ်မှာပဲ အိပ်ခန်းကျယ်
နှစ်ခန်းကို ဖွဲ့ပေးထားပါတယ်။ အိမ်အောက်ထပ်က မီးဖိုခန်းနဲ့ ထမင်းစားခန်းကို သီးသန့်ဖွဲ့ပေး
ထားပြီး မီးဖိုခန်းကိုလည်း အဆင့်မြင့် ပြင်ပေးထားတာကို တွေ့ရပါတယ်။ အိမ်အပေါ်ထပ်ကို
တက်သွားမယ်ဆိုရင် အရင်ဆုံး ဘုရားခန်းပုံစံ အခန်း ကလေးကို တွေ့ခဲ့ရပါတယ်။
ဒီဘုရား ခန်းနဲ့ ဘေးဘက်ကပ်လျက်မှာ ရေချိုး ခန်း အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်း ကျယ်
တစ်ခန်းကို ဖွဲ့ထားပြီးတော့ ဘေးဘက်မှာက ရေချိုးခန်း အိမ်သာ တွဲလျက်ပါတဲ့ နှစ်ယောက်
အိပ်ခန်း ကလေးကို ဖွဲ့ပေးထားပါတယ်။ ဒီအိမ်ကလေးရဲ့ အတွင်းပိုင်းဒီဇိုင်းတွေက အားလုံး
အဆင့်မြင့်ပြင်ပြီးသားဖြစ်တဲ့အပြင် အဆင့်မြင့် အိမ်ထောင်ပရိဘောဂတွေနဲ့ အိမ်တွင်းသုံးပစ္စည်း
တွေကို ထည့်သွင်းပေးထားတဲ့အတွက် နေထိုင်မယ့်သူတွေအတွက် အဆင့်သင့်ဖြစ်စေမှာဖြစ်ပါ
တယ်။
အိမ်ကလေးက အတွင်းဒီဇိုင်းတွေ ကို ရိုးရိုးရှင်းရှင်းနဲ့ ဆန်းဆန်းပြားပြား လှပနေတဲ့အတွက်
အကြိုက်တွေ့စေမယ့် အိမ်ကလေး တစ်လုံးလို့ ထင်ပါတယ်။ ဒီအိမ်ကလေးက အရောင်းသီးသန့်
ဈေးဖွင့်လှစ်ပေးထားတာဖြစ်ပြီး အိမ်အတွင်းမှာ လေအေးပေးစက်စုစုပေါင်း ငါးလုံးပါ၀င်မှာဖြစ်ပါ
တယ်။
















