ဘုရင့်နောင်ခုံးကျော်တံတားပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှု အား ရာနှုန်းပြည့်လျှော့ချနိုင်မည်ဟုခန့်မှန်းထား

ဘုရင့်နောင်ခုံးကျော်တံတားပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှု အား ရာနှုန်းပြည့်လျှော့ချနိုင်မည်ဟုခန့်မှန်းထား

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုအချိန်ကြာဆုံးနှင့် အများဆုံး ဖြစ်ပေါ်သည့် လမ်းဆုံများ
ထဲတွင်တစ်ခုအပါအဝင်ဖြစ် သည့် ဘုရင့်နောင်လမ်းဆုံအား ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းမှ စတင်ခါ
FMI (First Myanmar Investment) ကုမ္ပဏီခွဲတစ်ခုဖြစ်သော မြန်မာဗီပိုင်းကုမ္ပဏီ (Myanmar
Vpile) နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် TPC ကုမ္ပဏီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးအဖွဲ့တို့ပူးပေါင်းကာ တည်ဆောက်ခဲ့ရာ ယခုအခါတွင် ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယင်းတံ
တားကြီးပြီးဆုံးသွားပါက ယာဉ်ကြောပိတ်ဆို့မှုအား ရာနှုန်းပြည့်လျှော့ချသွားနိုင်မည်ဟု ခန့်မှန်း
ကြောင်း မြန်မာဗီပိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ကျွန်မတို့အနေနဲ့ ဒီဘုရင့်နောင်လမ်းဆုံက နှစ်ထပ်ခုံးကျော်တံတားကြီးကို အစက ဒီနှစ်ဒီဇင်ဘာ
မှာ အပြီးတည်ဆောက်ဖို့ မှန်ထားပါတယ်။ ဒါပေမဲ့ အခုကတော်တော်ကို ပြီးစီးနေပြီဆိုတော့ ဒီဇင်
ဘာမတိုင်ခင် ပြီးသွားရင်လည်း ကားတွေကို တံတားကနေ ပေးသွားဖို့ စဉ်းစားထားပါတယ်။ ဒီတံ
တားကြီးပြီးသွားရင်တော့ ယာဉ်ကြောပိတ်ဆို့မှုကို တော်တော်ကို လျှော့ချသွားနိုင်မှာပါ" ဟု ဘုရင်နောင်ခုံးကျော်တံတားကြီး၏ ဆောက်လုပ်ရေးတာဝန်ခံဖြစ်သူ ဒေါ်စိုးစိုးတင်က မြန်မာတိုင်း(မ်)
ကိုပြောသည်။

အဆိုပါဘုရင့်နောင်နှစ်ထပ်ခုံးကျော် တံတားမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဖြင့် လေးဖက်
ဦးတည်ကာ တည်ဆောက်ထား ပြီး အရှေ့အနောက်ဦးတည်သော တံတား မှာ သမိုင်းဘူတာရုံခုံး
ကျော်တံတားနှင့် ဆက်သွယ်တည်ဆောက်ထားပြီး အဆိုပါ အရှေ့အနောက် ဦးတည်ခုံးကျော်တံ
တားသည် တောင်မြောက်ဦးတည် ခုံးကျော်တံတားအား ဖြတ်ကျော်တည်ဆောက်ထားသည်။

အရှေ့အနောက်ဦးတည်ခုံးကျော်တံတား၏ အရှည်မှာ ၁,၉၆၉ ပေဖြစ်ပြီး ခံနိုင်ရည် တန်၆၀ နှင့်
တောင်မြောက်ဦးတည် ခုံးကျော်တံတား၏ အရှည်မှာ ၁,၄၄၄ ပေဖြစ်ပြီး ခံနိုင်ရည် တန် ရ၅ ဖြစ်
ကာ RC concrete တံတားအမျိုးအစားဖြစ် ကာ ရှစ်လမ်းသွား ခုံးကျော်တံတားဖြစ်သည်။

အဆိုပါ ဘုရင့်နောင်ခုံးကျော်တံတားကြီး များသည် ရှစ်လမ်းသွားဖြစ်သည့်အတွက် တံတားပြီးစီး
ပါက မော်တော်ယာဉ်အသေးစား၊ ဘတ်စ်ကားများနှင့် ကုန်တင်ကားများ ပါ ဖြတ်သန်းသွားလာနိုင်
မည်ဖြစ်သော်လည်း လှိုင်မြစ်ကူးဘုရင့်နောင်တံတား အမှတ် (၂) မှာ ဘုရင့်နောင်ခုံးကျော်တံတား
နှင့်အတူ မပြီးစီးနိုင်သေးသည့်အတွက် ယာဉ်ကြော ပိတ်ဆို့လျှော့ချမှုအပေါ် အနည်းငယ်စိုးရိမ်
ကြောင်း ဒေါ်စိုးစိုးတင်က ပြောသည်။

"ကျွန်မတို့ ခုံးကျော်တံတားစောစောပြီး သွားလို့ ကားတွေပေးသွားရင် ယာဉ်ကြော ပိတ်တာသက်
သာမယ်ဆိုပေမယ့် မြစ်ကူးတံတား မပြီးသေးရင်တော့ သေချာမပြောနိုင်သေး ပါဘူး။ အဲဒါကြောင့်
မြစ်ကူးတံတား မပြီး သေးဘဲနဲ့ ကားတွေ ပေးသွားသင့် မသွားသင့်ကို စဉ်းစားနေပါတယ်။ ကျွန်မ
တို့က ပေးသွားပေမယ့်လည်း မြစ်ကူးတံတားက တစ်စင်းတည်းဆိုရင် အဲဒီနေရာမှာ သွားပြီးပိတ်
သွားမှာကိုလည်း စိုးရိမ်ပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ လှိုင်မြစ်ကူး ဘုရင်နောင်ခုံးကျော်တံတား အမှတ် (၂) မှာ အစိုးရမှ တည်းဆောက်သည့်
တံတားဖြစ်ပြီး မြစ်ကူးတံတားထက် ခုံးကျော်တံတားမှာ ဦးစွာ ပြီးစီးနိုင်ကြောင်းသိရသည်။

ထို့ပြင် ဘုရင့်နောင်လမ်းဆုံတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိသည့် ဘုရင်နောင် ပွဲရုံသည်
လည်း ကုန်ကားကြီးများ အသွားအလာရှိသည့်အတွက် ဘုရင့်နောင်ခုံးကျော်တံတား ပြီးစီးပါက
ယာဉ်ကြောပိတ်ဆို့မှု သက်သာသွားနိုင်ကြောင်း ဘုရင့်နောင်ပွဲရုံ အကျိုးအဆောင်အဖွဲ့မှ တာဝန်
ရှိသူတစ်ဦး ကပြောသည်။ "ကျွန်တော်တို့တွေ ပွဲရုံဝင်းထဲမှာလည်း ကားလမ်းကြောင်းတွေကို ရှင်း
အောင် လမ်းရှင်း တာတွေလည်း ပြုလုပ်ထားပါတယ်။ ခုံးကျော် တံတားပြီးသွားရင်လည်း ၀င်းထဲ
မှာ ကားပိတ်ဆို့မှုတွေ လျော့သွားနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် ဘုရင့်နောင်လမ်းဆုံရှိ ယာဉ်ကြောပိတ်ဆို့မှုမှာ ကွန်ကရစ်လမ်းခင်းမှုများ၊
ဆောက်လုပ်ရေး လုပ်ငန်းခွင်များကြောင့် ပုံမှန်ရက်များတွင်ပင် နေ့ဝက်ခန့် ကြာမြင့်တတ်သည့်
အတွက် ခရီးသွားလာသူများအနေဖြင့် အဆိုပါ ကွန်ကရစ်လမ်းခင်းကျင်းမှုနှင့် ခုံးကျော်တံတား
တည်ဆောက်မှု အား မြန်မြန်ဆန်ဆန်ပြီးစီးစေလိုကြောင်း ဘုရင့်နောင်ပွဲရုံအနီးတွင် နေထိုင်သူ
များက ပြောသည်။

"တံတားဆောက်နေလို့ ကျွန်တော်တို့တွေ ဘုရင့်နောင်မီးပွိုင့်မှာ အချိန်အကြာကြီးစောင့် ပြီးတော့
မှ မီးပွိုင့်ကိုဖြတ်ပြီးတော့ လည်း လမ်းခင်းတာတွေကြောင့် ပွဲရုံထဲကိုဝင်မယ့် ကုန်တင်ကားတွေ
ကြောင့် ထပ်ပြီးပိတ်ပြန် ရော။ အဲတော့ ကျွန်တော်တို့တွေ ဘယ်လိုလုပ် အလုပ်တွင်တော့မှာ
လည်း။ အဲဒီနေရာမှာတင် နေ့တစ်ဝက်လောက်ကြာတယ်" ဟု ဘုရင့် နောင် ပွဲရုံအနီး နေထိုင်
သူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်