မြန်မာနိုင်ငံ၏ တိုးတက်လာသည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်တစ်ခုဖြစ်
လာသော မြန်မာ နိုင်ငံ ဘိလပ်မြေဈေးကွက်အတွင်းသို့ ဂျာမနီနိုင်ငံမှ နာမည်ကြီးအမှတ်တံဆိပ်
တစ်ခုဖြစ်သည့် Heidelberg Cement ကုမ္ပဏီမှ Ruby Cement အမှတ်တံဆိပ်ဖြင့် နို၀င်ဘာ
၁ ရက် နေ့မှ စတင်ခါ တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်
ရှိသူများက ပြော သည်။
"ကျွန်တော့်ကုမ္ပဏီအနေနဲ့ မြန်မာ ပြည်ရဲ့ ဘိလပ်မြေဈေးကွက်ကို Ruby ဘိလပ်မြေအမှတ်
တံဆိပ်နဲ့ တင်သွင်း ပြီး ဖြန့်ချိသွားမှာပါ။ ဈေးကွက်စတင်မှုကိုတော့ ရန်ကုန်မြို့မှာ ပြုလုပ်သွားပြီး
နောက်ပိုင်းမှာ တခြားမြို့နယ်တွေကို ဆက်လက်ဖြန့်ချိသွားဖို့ ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ကလည်း
နိုင်ငံ တော်တော်များများမှာစက်ရုံတွေ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ကုန်ပစ္စည်းကိုတော့
ဗီယက်နမ်နိုင်ငံက နေတင်သွင်း သွားမှာပါ" ဟု Ruby Cement ၏အရောင်းမြှင့်တင်ရေးမန်နေဂျာ
ဖြစ်သူ ကိုအောင်ကျော်မျိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း သို့ ဘိလပ်မြေအမှတ်တံဆိပ်တစ်ခု အား တင်သွင်းဖြန့်ဖြူး
ရောင်းချခြင်းအတွက် အဆိုပါ ဘိလပ်မြေအတွက် ကောင်းမွန်သည့် အခွင့်အလမ်းကောင်း များ
ရနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့၏ Heidelberg Cement ကုမ္ပဏီမှ
အထွေထွေမန်နေဂျာဖြစ်သူ မစ္စတာ မာစီလီနိုအူဂါ့က ပြောသည်။
"ကျွန်တော့်အနေနဲ့မြန်မာနိုင်ငံ မှာ အခုလိုကျွန်တော်တို့ရဲ့ ကုန်ပစ္စည်း ကို လာရောက်ဖြန့်ဖြူး
ရောင်းချရတဲ့ အတွက် အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင် နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
အခု ချိန်က မြန်မာနိုင်ငံက ဆောက်လုပ် ရေးလုပ်ငန်းတွေ အရမ်းကို များပြားနေ တဲ့ အချိန်ဖြစ်
ပါတယ်။ အဲဒီလို အချိန် မှာ ဘိလပ်မြေလိုအပ်ချက်ကလည်း ပိုပြီးများများလာမှာပါ။ အဲဒါကြောင့်
ကျွန်တော်တို့ကုမ္ပဏီက ထုတ်လုပ် တဲ့ ဘိလပ်မြေကလည်း မြန်မာနိုင်ငံ ဈေးကွက်မှာ အခွင့်အရေး
ကောင်း တွေ အများကြီးရလာမှာပါ" ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုလက်ရှိမြန်မာနိုင်ငံ၏ ဘိလပ်မြေဈေးကွက်မှာလည်း အမြင့် တွင်သာ တည်ရှိလျက်ရှိ
ကြောင်း ကိုအောင်ကျော်မျိုးက ပြောသည်။ "လက်ရှိမြန်မာပြည်ရဲ့ ဘိလပ်မြေ ဈေးကွက်က ကျွန်
တော်တို့တွေ တွေ့မြင်နေတဲ့ အတိုင်းပဲ မြင်မြင် သမျှက ဆောက်လုပ်ရေးလုပ်ငန်းခွင် တွေချည်း
ဖြစ်နေပါတယ်။
အဲဒါကြောင့် ဘိလပ်မြေ လိုအပ်ချက်ကလည်း တစ်နှစ်ထက်တစ်နှစ် တက်လာမှာပါပဲ။
ဘယ်ဆောက်လုပ်ရေး မဆို ဘိလပ်မြေက လိုအပ်နေမှာပဲဆိုတော့ ကျွန်တော်တို့ ဘိလပ်မြေ
ကလည်း ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အတွက် ဈေးကွက်အတွင်းကို ၀င်ရောက်လာ
တာပါ" ဟု ၎င်းက ပြောသည်။
အဆိုပါ Ruby Cement အား ဈေးကွက်အတွင်း ၀ယ်လိုမှုများလာပါက ဗီယက်နမ်နိုင်ငံ အပြင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများ တွင်ရှိသည့် စက်ရုံများမှပါ တင်သွင်း သွားမည်ဖြစ်ပြီး
နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက် ရန် အစီအစဉ်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့တွေအနေနဲ့ မြန်မာ နိုင်ငံမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့အတွက် အစီအစဉ်
ရှိပါ တယ်။ စက်ရုံလည်းဆောက် ချင်ပါ တယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့တွေ
စက်ရုံဆောက် ဖို့အတွက် နေရာကောင်းတွေ ရှာပြီး တော့ လေ့လာတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်"
ဟု မစ္စတာ မာစီလီနိုအူဂါ့ ကပြောသည်။
ဂျာမနီနိုင်ငံရှိ Heidelberg Cement သည် ကမ္ဘာပေါ်တွင် နံပါတ်သုံးအဆင့်တွင်ရှိပြီး နိုင်ငံပေါင်း
လေးဆယ်ကျော်တွင် ဘိလပ်မြေစက်ရုံများတည်ရှိကာ နှစ်ပေါင်း ၁၄၀ ကျော် သက်တမ်းရှိကြောင်း
သိရသည်။















