Volkswagen ယာဉ်များအတွက် ပထမဆုံးမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံဖွင့်လှစ်မည်

Volkswagen ယာဉ်များအတွက် ပထမဆုံးမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံဖွင့်လှစ်မည်

Yoma Strategic Holdings က အစုရှယ်ယာ ရ၀ ရာခိုင်နှုန်းကျော်မျှပိုင်ဆိုင်ထားသော German
Car Industries Company (GCI) သည် မြန်မာနိုင်ငံတွင်ပထမဆုံးသော Volkswagen
မော်တော်ယာဉ် များအတွက် ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံတစ်ခုဖွင့်လှစ်ဆောင်ရွက်သွားရန်
အတွက် Volkswagen Aktiengese llschaft (VW) နှင့် ၀န်ဆောင်မှု လုပ်ငန်းအကျိုးတူ
ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုး လိုက်ကြောင်း
သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။

အဆိုပါ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း ရေးအလုပ်ရုံကို အောက်တိုဘာလအတွင်း စတင်
လုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း လည်း သိရှိရသည်။

GCI ကလောလောဆယ် စီမံဆောင်ရွက်နေသည့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးအလုပ်
ရုံသည် Volkswagen အမျိုးအစား မော်တော်ယာဉ်များအတွက် ပြုပြင်ရေးနှင့် ထိန်းသိမ်းခြင်း
ဆိုင်ရာ ၀န်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ်အပို ပစ္စည်းများကို
ပါ ပြည်တွင်းရှိ Volkswagen မော်တော်ယာဉ်ပိုင်ရှင်များအား ရောင်းချပေးသွားမည်ဖြစ်သည်။

ယခု VW နှင့် လက်မှတ်ရေးထိုးလိုက်သည့် ချုပ်နှောင်မှုမရှိ သော ၀န်ဆောင်မှုဆိုင်ရာ ပူးပေါင်း
ဆောင်ရွက် မှုသည် Yoma Strategic Holdings ၏ ပြည်တွင်းမော်တော်ယာဉ်ဆိုင်ရာ လုပ်ငန်း
များ ကဏ္ဍတွင် ပိုမိုအရှိန်မြှင့်ပါ၀င်သွားမည်ဖြစ် သော မဟာဗျူဟာကို ဖော်ပြနေသည်။

Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Andrew Rickards က "Volkswagen မှ
ကျွန်တော်တို့ရဲ့ မော်တော်ယာဉ်လုပ်ငန်းထဲ ပါ၀င်လာတာဟာ ဒီနိုင်ငံရဲ့အလျင်အမြန်ဖွံ့ဖြိုး
တိုးတက်လာနေတဲ့ မော်တော်ယာဉ်ဆိုင်ရာ စက်မှုလုပ်ငန်းတွေထဲမှာ ကျွန်တော်တို့ကို ပိုပြီး
အားကောင်းလာစေပါတယ်၊ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ထိန်းချုပ်မှုတွေဖြေလျှော့
ပြီးတဲ့အခါမှာ မြန်မာဟာ အရှေ့တောင်အာရှ ဒေသအတွင်း အရေးအပါဆုံးသော မော်တော်
ယာဉ်ဈေးကွက် တွေအထဲက တစ်ခုဖြစ်လာမယ့် အလားအလာတွေရှိနေတဲ့အတွက် ဒီလိုအခွင့်
အရေးကောင်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။

အခုသဘောတူညီချက်ဟာချုပ်နှောင်မှုမရှိတဲ့ သဘောတူညီမှုဖြစ်ပေမယ့် Yoma Strategic က
Volkswagen နဲ့စောစောစီးစီး သဘောတူညီချက်ရနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ပစ္စည်းတွေကို
၀ယ်ယူအားပေး သူတွေကို ပိုပြီးဝန်ဆောင်မှု ပေးနိုင်မှာဖြစ်ပါ တယ်"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်