အမေရိကန်နိုင်ငံရှိ ကွန်ဂရက်လွှတ်တော်အဆောက်အအုံ US Capitol ၏ အမိုးခုံးကို နှစ်ပေါင်း၅၀
ကျော်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ယခုနှစ်နှောင်းပိုင်းမှစပြီး ပြင်ဆင်မွမ်းမံ မှုများ ပြုလုပ်
သွားမည်ဖြစ်ပြီး ပြင်ဆင်မှု ပြုလုပ် နေစဉ် အချိန်အတွင်းတွင် ဧည့်သည်များ ထိခိုက်မှုမဖြစ်ပေါ်စေ
ရေးအတွက် အဝိုင်းပုံ မျက်နှာကြက်တစ်ခုကို အဆောက်အအုံ၏ အတွင်းပိုင်းတွင် တပ်ဆင်ပေး
ထားမည်ဟု တာဝန်ရှိသူများက ပြောသည်။
ယခုနှစ် နိုဝင်ဘာလတွင် စတင်မည့် လွှတ်တော်အဆောက်အအုံပေါင်းမိုး ပြုပြင် ရေး နှစ်နှစ်စီမံ
ကိန်းသည် ပေါင်ကိုးသန်းလေး သည့် သံပေါင်းမိုးကြီးတွင် ဖြစ်ပေါ်နေသည့် အက်ကြောင်း ၁,၃၀၀
နီးပါးကို ပြုပြင်ဖာထေး မှုများ ပြုလုပ်ရန်ဖြစ်သည်ဟု ဃစေငအသူ အဆောက်အအုံ ဗိသုကာရုံး
(အေအိုစီ)က သတင်းထုတ်ပြန်ထားသည်။
"ဒီအမိုးခုံးကြီး မပျက်စီးရအောင် ကျွန်တော် တို့ ပြင်ဆင်မှုတွေ လုပ်ကြရမှာပါ" ဟု ယင်းအဆောက်
အအုံ၏ ဗိသုကာဖြစ်သည့် Stephen Ayers က အေအိုစီ၏ ၀က်ဘ်ဆိုက် တွင် ပြောကြားထား
သည်။
"အဝေးက ကြည့်ရင်တော့ အမိုးခုံးကြီးက ခမ်းနားပြီး အံ့အားသင့်စရာ ကောင်းလှပါတယ်။ ဒါပေမဲ့
အနီးကပ်ကြည့်လိုက်ရင်တော့ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်ခံထားရတဲ့ အပျက်အစီးတွေကို
ဆေးသားတွေရဲ့အောက် မှာ တွေ့ရမှာပါ။ ဒီအမိုးခုံးကြီးကို ပြုပြင်ထိန်း သိမ်းဖို့ လိုနေပါပြီ" ဟု
၎င်းကပြောသည်။
အမိုးခုံး၏ အပြင်ဘက်တွင် ငြမ်းဆင်ကာ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေချိန်တွင် အဆောက် အအုံ
အတွင်း ဧည့်သည်များ ၀င်ရောက်လေ့လာခြင်းကို ဆက်လက်ခွင့်ပြုထားမည်ဖြစ်ရာ Capitol ခန်း
မအတွင်းရှိ အနုပညာလက်ရာများနှင့် လာရောက်လေ့လာသူ ဧည့်သည်များ ထိခိုက်မှု မဖြစ်စေရန်
အဆောက်အအုံအတွင်း ပိုင်းတွင် ဒိုးနတ်ပုံ အဖြူရောင် မျက်နှာကြက်ကို တပ်ဆင်ပေးထားမည်ဖြစ်
သည်။
အမိုးခုံး၏ အပြင်ဘက်တွင် ဆေးအထပ်ထပ် သုတ်ထားသော်လည်း ရေစိမ့်မှုများ ဖြစ်ပေါ်နေသည့်
အတွက် အမိုးခုံးရှိသံထည် များကို သံချေးတက်သွားစေပြီး မူလပြတင်း ပေါက်များမှာလည်း အက်
ကွဲနေသည့်အတွက် ရေကြောင့် အတွင်းပိုင်းရှိ ကျောက်သားများကို ညစ်ထေးသွားစေသည်ဟု
အေအိုစီက သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ အမိုးခုံးအဆောက်အအုံကို ၁၈၅၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး အမေရိ ကန် ပြည်
တွင်းစစ်တစ်လျှောက် ဆက်လက်ဆောက်လုပ်ခဲ့ရာ ၁၈၆၆ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်
ခဲ့သည်။
လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ သင်္ကေတ အဖြစ် ကမ္ဘာတွင် ထင်ရှားသည့် အဆိုပါ အဆောက်အအုံ
သည် ၀ါရှင်တန်ရှိ ငြမ်းဆင် ထားသည့် ဒုတိယအဆောက်အအုံကြီးဖြစ်ပြီး ပထမတစ်ခုမှာ ၂၀၁၁
ခုနှစ် မြေငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည့် Washington Monument မျှော်စင်အဆောက်
အအုံ ဖြစ် သည်။
ယင်းမျှော်စင်အဆောက်အအုံကိုလည်း အလုပ်သမားများက ပြင်ဆင်နေစဉ် သပ်ရပ်ကြီးမား သည့်
အကာအရံများဖြင့် ဖုံးအုပ်ထားသည်။
(အေအက်ဖ်ပီ)
















