အဆင့်မြင့် ပြင်ဆင်မွမ်းမံမှုတွေနဲ့ သပ်ရပ် လှပတဲ့ အလုံမြို့နယ်က လုံးချင်းအိမ်

အဆင့်မြင့် ပြင်ဆင်မွမ်းမံမှုတွေနဲ့ သပ်ရပ် လှပတဲ့ အလုံမြို့နယ်က လုံးချင်းအိမ်

ဒီတစ်ပတ်ရဲ့အိမ်ကိုတော့ အလုံမြို့ နယ်မှာရှိတဲ့ လုံးချင်းခြံကလေးကိုဖော်ပြပေးလိုက်ပါတယ်။
ဒီလုံးချင်းခြံကလေးက မြို့တွင်းပိုင်းနဲ့ မနီးမဝေးမှာရှိပြီးတော့ တိတ်ဆိတ်တဲ့ ရပ်ကွက်ထဲမှာပဲရှိ
တဲ့အတွက် သီးသီးသန့်သန့် နေလိုသူတွေရော၊ မြို့တွင်းပိုင်းမှာ ကိုယ်ပိုင်လုံးချင်းလေးနဲ့ နေလို
သူတွေအတွက်ပါ သဘောကျနှစ်သက်နိုင်မယ့် နေရာကောင်းလေးတစ်ခုမှာရှိတဲ့ လုံးချင်းအိမ်
ကလေးပဲ ဖြစ်ပါတယ်။

အလုံမြို့နယ်၊ ကွင်းကျောင်းလမ်းမှာရှိတဲ့ ခြံကလေးအတွင်းဘက်မှာ သုံးထပ်တိုက် လုံးချင်းအိမ်
ကလေးကို ခေတ်မီပုံစံကလေး ဆောက်ထားပေးပါတယ်။ စုစုပေါင်း စတုရန်းပေ ၂,၆၅၀ ကျယ်ဝန်း
ပါတယ်။ အိမ်ကို အသားပေးဆောက်ထားလို့ ခြံရှေ့မှာတော့ ကိုယ့်စိတ်ကြိုက် သစ်ပင်တွေ များ
များစားစား စိုက်ဖို့အတွက် နေရာလွတ် ကျယ်ကျယ်ဝန်းဝန်းတော့ မကျန် တာကို တွေ့ခဲ့ရပါတယ်။

အိမ်ရဲ့ရှေ့မှာ ဆင်ဝင်ကလေးတစ်ခု ကို အရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။ ဒီလုံးချင်းအိမ်ကလေးမှာ
အထပ်သုံးထပ်ပါ၀င်တဲ့အတွက် မိသားစုများများနဲ့နေနိုင်လောက်အောင် အိမ်ရဲ့အတွင်းပိုင်းက
ကျယ်ဝန်းပါ တယ်။ ပြီးတော့ အိမ်ကလေးရဲ့ အတွင်းဘက်ကိုလည်း အပြီးအစီး အဆင့်မြင့် ပြင်
ဆင်ပြီးသားဖြစ်လို့ အသင့်တက်နေ နိုင်တဲ့ အိမ်ကလေးပါ။

အိမ်ကလေးမှာ အိပ်ခန်းစုစုပေါင်း ရှစ်ခန်းပါ၀င်တဲ့အတွက် ဆွေမျိုး သားချင်းတွေ အတူတူ နေဖို့
လည်း အဆင်ပြေစေမှာပါ။ ဒီအိမ်ကလေးမှာက အောက်ထပ်မှာဆိုရင်တော့ ဧည့်ခန်းကျယ်ကျယ်
ကို အိမ်ထဲ ၀င် လိုက်တဲ့အခါမှာ အရင်ဆုံးတွေ့ရမှာ ဖြစ်ပါတယ်။ မီးဖိုခန်းကိုလည်း အဆင့်မြင့်ပြင်
ပြီးဖြစ်ပါတယ်။ ပြီးတော့ ထမင်းစားခန်း သီးသန့်ပြုလုပ်ပေးထားတဲ့အတွက်လည်း မီးဖိုခန်းနေရာ
ကို အပြည့်အဝ အသုံးပြုနိုင်လို့ အိမ်ရှင်မ တွေ စိတ်ကြိုက်တွေ့စေမှာပါ။ အိမ်မှာရှိတဲ့ အိပ်ခန်း
အားလုံးက လည်း ရေချိုးခန်း အိမ်သာ တွဲလျက် ပါပြီးသားဖြစ်လို့ အိပ်ခန်းတိုင်းကို အဆင်ပြေ
ပြေနေနိုင်လို့ စာဖတ်သူ တွေ သဘောကျစေမယ့် အချက်တစ်ချက်လို့လည်း ထင်ပါတယ်။

အိမ်ရဲ့ ကြမ်းခင်းအများစုကိုတော့ ကျွန်းပါကေးတွေ ခင်းပေးထားပြီး အပေါ် ထပ်ကိုတက်တဲ့ လှေ
ကားလည်း ကျွန်း လှေကား ရိုးရိုးရှင်းရှင်းလေး ဖြစ်နေ တာကိုလည်း တွေ့ခဲ့ရပါတယ်။ အိမ်ရဲ့
အတွင်းဒီဇိုင်းကို အဆင့်မြင့် ပြင်ဆင်ထားပြီးတော့ မရိုးနိုင်တဲ့ ကျွန်းသစ်သားတွေနဲ့လည်း အိမ်ကို
အလှဆင်ထားတဲ့အတွက် အမြင် တစ်မျိုးမရိုးရအောင် ပြင်ဆင်မွမ်းမံထားတာကို တွေ့ရပါတယ်။

ဒီအိမ်ကလေးမှာလည်း လသာ ဆောင်လိုမျိုး ၀ရန်တာ ကျယ်ကျယ် တစ်ခုနဲ့ အပေါ်ထပ် ၀ရန်တာ
တစ်ခု ပါ ထပ်ပါနေသေးတဲ့အတွက် ညဘက် အပြင်ထွက်ပြီး လေကောင်း လေသန့်ခံရင်း အနား
ယူရတာကို ကြိုက်နှစ်သက်သူတွေတော့ စိတ် ကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်။

ဒီအိမ်ကလေးကိုတော့ အရောင်းသီးသန့် ဈေးဖွင့်လှစ်ထားပြီး အဆင့်မြင့်ပြင်ပြီး ဆင်ပြီး ဖြစ်တဲ့
အတွက် ၀ယ်ယူသူတွေ ချက်ချင်း တက်နေနိုင်တဲ့ အိမ်ကလေးပါ။ ဒီအိမ်မှာ စုစုပေါင်း လေအေး
ပေးစက် ရှစ်လုံးပါ၀င်ပြီး ကိုယ်ပိုင်ဖုန်း နှစ်လုံးပါ၀င်ပြီးသားဖြစ်ပါတယ်။ ပြီးတော့ ရေမီး အပြည့်အစုံ
ပါ၀င်ပြီး ဂျိုးဖြူရေရော၊ အဝီစိရေပါ ရရှိနိုင် မှာ ဖြစ်ပါတယ်။ ဒီအိမ်ကို စိတ်ဝင်စား လို့ ၀ယ်ယူချင်
တယ်ဆိုရင် Estate Myanmar အကျိုးဆောင်ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

တည်နေရာ  ကွင်းကျောင်းလမ်း၊ အလုံမြို့နယ်။
ဈေးနှုန်း  ကျပ်သိန်း ၉,၅၀၀ (အရောင်း)။ ဖုန်း  ၀၉ ရ၃၁၁၄၈၆၀။
ဆက်သွယ်ရန် Estate Myanmar Co.,Ltd ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်