မြို့လယ်၌ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ပေါ်လာမည်

မြို့လယ်၌ ကြယ်ငါးပွင့်ဟိုတယ်တစ်လုံး ပေါ်လာမည်

စင်ကာပူ နိုင်ငံအခြေစိုက် ဟိုတယ်လုပ်ငန်းစုကြီးဖြစ်သည့် Pan Pacific Hotels Group က
ရန်ကုန်မြို့၌ ၎င်းတို့၏ ဒုတိယမြောက်ဟိုတယ်ဖြစ်လာမည့် Pan Pacific Yangon Hotel တည်
ဆောက်ရေး ခြေလှမ်းစတင်လိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိသည့် ဗိုလ်ချုပ်ဈေးသစ်နှင့် လဟာပြင်ဈေး
ဟောင်းနေရာ၌ ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် တည်ဆောက်ရန် ရွှေတောင်ကုမ္ပဏီ
နှင့် Pan Pacific Hotels Group တို့ အကျိုးတူရင်းနှီးမြှုပ်နှံမှုစာချုပ်အား အောက်တိုဘာ ၂၆ ရက်
နေ့တွင် ချုပ်ဆိုခဲ့သည်။

အဆိုပါဟိုတယ်အုပ်စုသည် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်ကို လွန်ခဲ့သည့် ၁၂ နှစ် ကတည်းက
လုပ်ကိုင်နေသည်။ "မြန်မာနိုင်ငံမှာ ပါ့ခ်ရွိုင်ရယ်ရန်ကုန်အနေနဲ့ အရင်ကတည်းက အခြေချအောင်
မြင်နေပြီး နောက် ကျွန်တော်တို့ဟာ အခုအခါမှာ ကျွန်တော်တို့ရဲ့ Pan Pacific ဆိုတဲ့ အောင်မြင်
တဲ့ အမှတ်တံဆိပ်တစ်ခုကို မြန်မာနဲ့ နိုင်ငံတကာဧည့်သည်တွေထံ မိတ်ဆက်ပေးဖို့ စိတ်အားထက်
သန်နေပါပြီ" ဟု အဆိုပါဟိုတယ်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Gwee Lian Kheng က
ပြောသည်။

"ကျွန်တော်တို့ ဆောက်လုပ်သွားမယ့် ဟိုတယ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ကြယ်ငါးပွင့်
အဆင့်ဟိုတယ်ကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Pan Pacific Yangon Hotel အမည်နဲ့
အကျိုးတူပူးပေါင်းလုပ်ကိုင် သွားမှာပါ" ဟုရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါနေရာတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်အပါအဝင် ရုံးခန်းများ၊ လူနေအိမ်ခန်း များနှင့် ဈေး
၀ယ်စင်တာများပါ၀င်မည့် ၂၃ ထပ် နှင့် ၂၅ ထပ် အဆောက်အအုံများအား ပထမ အဆင့်အနေဖြင့်
တည်ဆောက်သွားမည်ဖြစ် ပြီး ဒုတိယအဆင့်တွင်မှု ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ဗိုလ်ချုပ်ဈေး
သစ်ယာယီဈေးနေရာတွင် ၂၈ ထပ်အမြင့်ရှိ အဆောက်အအုံအား ဆက်လက်တည်ဆောက်သွားမည်
ဖြစ်သည်။

ထို့ပြင် ကားအစီရေ ၁,၅၀၀ ခန့် ရပ်နား နိုင်မည့် နေရာလည်း ပါရှိမည်ဖြစ်သည်။ ဗိုလ်ချုပ်ဈေးသစ်မှ
ဆိုင်ခန်းများကိုလည်း မူလနေရာမြေညီထပ်တွင် ပြန်လည်အစားထိုး တည်ဆောက်ပေးသွားမည်ဖြစ်
ကာ ဗိုလ်ချုပ် ဈေးသစ်နှင့် ဆက်သွယ်မည့် မိုးလုံ၊ လေလုံ လေအေးပေးစက်ပါ၀င်သည့် လူကူးတံတား
သစ်ကိုလည်း တည်ဆောက်သွားမည် ဖြစ် ကြောင်းသိရသည်။ တည်ဆောက်မည့် အဆောက်အအုံ
ဒီဇိုင်း များအား စင်ကာပူနိုင်ငံမှ  DP Architect က ရေး ဆွဲပေးထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်