ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအား နှင့် ဓာတ်သတ္တု ပြပွဲ ကျင်းပခဲ့

ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအား နှင့် ဓာတ်သတ္တု ပြပွဲ ကျင်းပခဲ့

ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ လုပ်ငန်းများအတွက်
ရည်ရွယ်ကျင်းပသည့် Construction, Power & Mining Expo 2013 ကို မရမ်းကုန်းမြို့နယ်၊
မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာအဆောက်အအုံ (Myanmar Convention Centre
MCC Hall) တွင်အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်ထိ သုံးရက်တိုင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲတွင်နိုင်ငံရပ်ခြားအုပ်စု သုံးခုဖြစ် သည့် ဂျာမနီ၊ ကိုရီးယားနှင့် စင်ကာပူတို့အပါအဝင်
နိုင်ငံပေါင်း ၂၄ နိုင်ငံမှပြပွဲဝင်ရောက်ပြသ သူပေါင်း ၁၇၀ ကျော်တို့နှင့်အတူ အတွင်းအပြင် စတု
ရန်းမီတာ ၁၀,၀၀၀ ရှိသော ပြပွဲကျင်းပရာ နေရာတွင် ခင်းကျင်းပြသသွားခဲ့သည်။

နိုင်ငံတကာ ဆောက်လုပ်ရေး၊ လျှပ်စစ် စွမ်းအားနှင့် ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ ပြပွဲဖွင့်ပွဲ
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှ အဖွင့် အမှာစကားပြောကြား
ခဲ့သည်။

"မြန်မာနိုင်ငံဟာ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိမှာ မြောက်မြား
လှစွာသော စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေရှိနေတာဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ ကမ္ဘာ
တစ်ဝန်းမှာရှိတဲ့ စက် ပစ္စည်းအသစ်တွေ၊ ထုတ်ကုန်အသစ်တွေ၊ ၀န်ဆောင်မှုအသစ်တွေကို
ဒေသတွင်းက လုပ်ငန်းတွေကို မိတ်ဆက်ပေးဖို့အတွက်ကုမ္ပဏီအားလုံးကို ကြိုဆိုပါတယ်။ ယခု
လိုနိုင်ငံတကာအဆင့်မီပြပွဲတွေကို ခင်းကျင်း ပြသပေးခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းသစ်
တွေမြန်မာ နိုင်ငံကို လာတာကိုရော ကြိုဆိုပါ တယ်။ မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်
မှု၊ စီးပွားရေးဆိုင်ရာအတွေ့အကြုံ၊ ကျွမ်းကျင် မှု စတာတွေကနေ ဒေသတွင်းစက်မှုလုပ်ငန်း တွေ
ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ဆိုင်ရာ ပြိုင်ဘက်တွေနဲ့ သူတို့ပြည်သူ တွေဆီကနေ ပြီးတော့တိုး
တက်လာ ဖို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးအမြောက်အမြားရနိုင်ပါလိမ့်မယ်"ဟု ပြောကြား
ခဲ့သည်။

နိုင်ငံတကာ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ အကြီးဆုံး
စက်မှု လုပ်ငန်းပြပွဲသည် အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ပြည့်ဖြိုးမြဲ
စွမ်းအင်တို့နှင့် သက်ဆိုင်သော ပညာရှင်များ အပါအဝင် သတ္တုတွင်းဆိုင်ရာ ပညာရှင်များ မဖြစ်
မနေလာရောက်ကြည့်ရှုရမည့်ပြပွဲဖြစ်ကြောင်း သိရသည်။ ပြပွဲကို ပြပွဲကျင်းပသည့် ရက်များ
အတွင်း မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမည် ဖြစ်သည်။

The International Construction, Power & Mining Exhibition Myanmar 2013 ကို
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်က အဓိက
ကြီးမှူးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်
စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ စက်မှုလုပ်ငန်းရှင်များ
အသင်း (Myanmar Industries Association)၊ မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းရှင် များ
အသင်းချုပ် (Myanmar Federation of Mining Association)၊ မြန်မာနိုင်ငံအင်ဂျင်နီယာ
အသင်း (Myanmar Engineering Society) နှင့် ရန်ကုန်လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးရေးအဖွဲ့
(Yangon Electricity Supply Board) တို့က ပူးပေါင်းပါ၀င်ပံ့ပိုးပေးခဲ့ကြောင်း သိရှိ ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်