ရန်ကုန်မြို့ရှိ မြို့နယ် ၂၀ တွင် ဇုန်များသတ်မှတ်၍ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းသွားရန် မြို့တော်စည်ပင်ဆောင်ရွက်နေ

ရန်ကုန်မြို့ရှိ မြို့နယ် ၂၀ တွင် ဇုန်များသတ်မှတ်၍ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းသွားရန် မြို့တော်စည်ပင်ဆောင်ရွက်နေ

ရန်ကုန်မြို့တော်ရှိ မြို့နယ် ၂၀ အား ရှေးဟောင်းယဉ်ကျေးမှုဇုန်များအဖြစ် သတ်မှတ်သွားရန်
သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းအတည်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဦးတိုး အောင်က မြန်မာတိုင်း(မ်)သို့ အောက်တိုဘာနှောင်းပိုင်းတွင် ပြော သည်။

"လက်ရှိအချိန်မှာ ရန်ကုန်မြို့တော်ရဲ့ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုဇုန်တွေအတွက် ဥပဒေ
သတ်မှတ် ပြဋ္ဌာန်းနိုင်ဖို့ ရန်ကုန်မြို့တော်စည်ပင် က သက်ဆိုင်ရာဌာနဆိုင်ရာအစိုးရ အဖွဲ့အစည်း
တွေနဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်လျက်ရှိနေပြီး ဒါကိုလည်းနိုင်ငံတော်အစိုးရထံကို ဆက်လက်တင်
ပြသွားမှာ ဖြစ်ပါတယ်၊ ဒီထဲမှာ ရန်ကုန်မြို့လယ်က မြို့နယ်ခြောက် မြို့နယ်အပါအဝင် အလုံ၊
ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်း ကုန်း၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ တာမွေ၊
ရန်ကင်း၊ ရန်ကုန်ဆိပ်ကမ်း ဧရိယာများ (ကမ်းနားလမ်း တစ်လျှောက်)၊ သင်္ကန်းကျွန်းနှင့် တောင်
ဥက္ကလာပ မြို့နယ်တွေကိုလည်း ကိုလိုနီ ခေတ်က ရှေးဟောင်းဗိသုကာလက်ရာ အဆောက်
အအုံတွေတည်ရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဇုန်တွေအဖြစ် သတ်မှတ်နိုင်အောင် ကြိုးပမ်းလျက်ရှိ
ပါတယ်၊ ဒါပေမယ့် လက်ရှိအချိန်မှာ တော့ ဒါကို အတည်မပြုရသေးပါဘူး၊ စောင့်ဆိုင်းနေဆဲ
ကာလပဲ ရှိပါသေး တယ်"ဟု ဒုတိယဌာနမှူး ဦးတိုးအောင် က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်က ယခုနှစ် ဇွန်လအတွင်းတွင် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်
အတူ ဆွေးနွေးပွဲကျင်းပခဲ့ပြီး ရန်ကုန်မြို့တော်၏ သာသနိက အထိမ်းအမှတ်တစ်ခုဖြစ် သော
ရွှေတိဂုံဘုရား ၀န်းကျင်တွင် ဆောက်လုပ်မည့် အဆောက် အအုံ များ၏ အမြင့်မည်မျှသာရှိရ
မည်ဆိုသည့်အချက်ကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဒီဆွေးနွေးပွဲမှာ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားပုံရိပ်ကို ကွယ်မသွား စေဘဲ အဘက်ဘက်
ကမြင်နိုင်ဖို့ အတွက် ရွှေတိဂုံဝန်းကျင်တစ်ဝိုက်မှာ အဆောက်အအုံတွေ ဆောက်ရင်ဘယ်လောက်
အမြင့်ပဲရှိရမယ်၊ ဒီဝန်းကျင် မှာ heritage zones တွေသတ်မှတ် ထားရှိသွားမယ်ဆိုတာတွေ
ကိုဆွေးနွေးခဲ့ကြတယ်၊ နောက်ပြီးရန်ကုန် မြို့ရဲ့ သစနည ျစခေန တွေကိုဘယ်လို ဖန်တီးထားရှိ
သွားမယ်၊ ရန်ကုန်မြို့ မှာရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်တွေမှာ ကားပါကင်နေရာအတွက် ဘယ်လို
ထည့်သွင်းစဉ်းစားသွားမယ် စတာတွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရန်ကုန်မြို့ပြဆိုုင်ရာ ကျွမ်းကျင်
သူတွေထံကနေ အကြံဉာဏ်တွေတောင်းခံခဲ့ကြတယ်"ဟုလည်း ဦးတိုးအောင်က ပြောကြားခဲ့
သည်။

ရွှေတိဂုံဝန်းကျင်တွင်သာမက ကိုလိုနီ ခေတ်လက်ရာ အဆောက်အအုံများ အများအပြားရှိသော
ရန်ကုန်မြို့လယ်တွင် အဆောက်အအုံများမည်သည့်အမြင့်သာ ဆောက်ရမည်ဟုသတ်မှတ် ရန်
မှာလည်း အရေးကြီးသော အချက်ဖြစ်ပြီး မြို့ထဲခြောက်မြို့နယ်တွင်သာမက ၎င်းတို့နှင့်ဆက်စပ်
မြို့နယ်များတွင်လည်း သတ်မှတ်သွားရန်အရေးကြီးကြောင်း ၎င်းကပြောသည်။

"ရန်ကုန်မြိုလယ်မှာ အဆောက်အအုံတွေ ဘယ်လောက်အမြင့်ပဲ ဆောက်ရမယ်ဆိုတာကတော့
အဆောက် အအုံထုထည်အချိုးနဲ့ ကြမ်းခင်းဧရိယာ အချိုးကို နှိုင်းယှဉ် တွက်ချက်ပြီးမှ အဆောက်
အအုံအမြင့်ကို သတ်မှတ်ရ မှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီအတွက် စနစ်ကျတဲ့ အဆောက်အအုံ
တည်ဆောက်ပုံစနစ်(ဥပမာအမြင့်တူညီတဲ့ အဆောက်အအုံမျိုးတွေ) တည် ဆောက်နိုင်ဖို့လိုအပ်
သလို မြေဧရိယာတွေကို အချိုးကျကျ တွက်ချက်တည်ဆောက်နိုင်ဖို့နဲ့ စနစ်ကျတဲ့ ကားပါကင်
နေရာတွေ ထည့်သွင်းတည်ဆောက်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်"ဟု ၎င်းက ပြောသည်။

"နောက်လတွေမှာ စည်ပင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး workshop တွေပြုလုပ်
သွားဖို့ရှိပါတယ်။ urban planning zone တွေ အကောင်အထည်ဖော်နိုင် ဖို့နဲ့ ဒီအတွက် အားသာ
ချက်၊ အားနည်း ချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ဆက်လက်စီစဉ် ဆောင်ရွက်သွားဖို့ အတွက်ဖြစ်
ပါတယ်"ဟု ဦးတိုးအောင် က ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်