ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Circle Condominiumအား မြန်မာနိုင်ငံရှိ၀ယ်ယူသူများနှင့် စတင်
မိတ်ဆက်ပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့တွင် ဗဟန်းမြို့နယ်၊ နတ်မောက်
လမ်းရှိ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
"Circle condominiumကို ဒီမှာလာရောက်မိတ်ဆက်ရှင်းလင်းရတဲ့အကြောင်းရင်းကတော့ Circle
condominiumမှာရှိတဲ့ အခန်း တွေကို ရောင်းချဖို့ထက် business partner လာရောက်ရှာဖွေ
တာဖြစ်ပါ တယ်၊ ကျွန်တော်တို့အနေနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့ ဈေးကွက်အခြေအနေ နဲ့ ၀ယ်လိုအား
ကို လေ့လာနေဆဲ ဖြစ်သလို ၀ယ်ယူမယ့်သူတွေရဲ့ အနေ အထားကိုလည်း လေ့လာလျက်ရှိနေ
ပါတယ်"ဟု Circle condominium၏ developer ဖြစ်သော Fragrant Property Ltd မှ sale
director Mr Chris Zhiက မြန်မာတိုင်း(မ်)သို့ ပြောသည်။
"Circle condominiumနဲ့ပတ်သက်တဲ့ အခမ်းအနားကို ရန်ကုန်မှာ နှစ်ရက်ကျင်းပခဲ့တာဖြစ်ပါ
တယ်၊အောက်တိုဘာ ၃၁ ရက် မှာ ဃငမခူန ခသညိသာငညငကာ ကို စတင်မိတ်ဆက်ခဲ့ ပြီး
နိုဝင်ဘာတစ်ရက်နေ့မှာတော့ customer တွေနဲ့သီးသန့်တွေ့ဆုံပြီး သူတို့ သိချင်တာတွေ၊ မေးမြန်းလိုတာ တွေကို ပြန်လည် ဖြေကြား ပေးခဲ့တာဖြစ်ပါတယ်"ဟုလည်း
Fragrant Property မှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
1674 New Phetchaburi Road, Makkasan Intersection Road,Bangkok တွင် တည်ရှိ
သည့် Circle Condominiumသည် မြေအကျယ်အဝန်း ခန့်မှန်းခြေအားဖြင့် နှစ်ဧကခန့်ကျယ်ဝန်း
သော မြေပေါ်တွင် တည်ရှိပြီးတည်ဆောက်ပြီးစီးနေပြီဖြစ်သည့် အဆင့်မြင့်ကွန်ဒိုမီနီယံတစ်ခုဖြစ်
သည်။
မြေအမျိုးအစားမှာ freehold land ဖြစ်သည်။ Circle Condominium တွင် residential
condominium towers နှစ်ခုပါ၀င်ပြီး tower 1 တွင် အထပ်ပေါင်း ၃၀ ပါ၀င်၍ tower 2 တွင်
အထပ်ပေါင်း ၄၃ ထပ်ပါ၀င်ကြောင်းသိရသည်။
Circle Condominiumတွင် အခန်းပေါင်း ၉၁၇ ယူနစ်ပါ၀င်ပြီး အခန်းအကျယ်အဝန်းများမှာ ၃၂ မှ
၂၀၄ စတုရန်းမီတာရှိကြောင်း သိရ သည်။ ကွန်ဒိုအခန်းများတွင် facility များ ပြည့်စုံစွာ ပါရှိသည့်
အပြင် ဓာတ် လှေကား၊ လုံခြံုရေး၊ fire safety system များနှင့် telephone line system
စသည့် facility များ ပြည့်စုံစွာ ပါရှိသည်။















