ဒူဘိုင်းအိမ်ရာဈေးကွက် ပြန်ကောင်းလာသော်လည်း စိုးရိမ်နေရသေး

ဒူဘိုင်းအိမ်ရာဈေးကွက် ပြန်ကောင်းလာသော်လည်း စိုးရိမ်နေရသေး

အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) တွင် အိမ်ဈေးကွက် ထိုးကျခဲ့အပြီး ငါးနှစ်အကြာကာလ၌
ဒူဘိုင်း၏ အိမ်ရာကဏ္ဍ တစ်ကျော့ပြန် အားကောင်းလာမှုများကို မြင်တွေ့ရသည်။

သို့သော် ၀ယ်လိုအားများ တက်လာခြင်းနှင့် ဈေးနှုန်းများမြင့်လာခြင်းတို့သည် ပြီးခဲ့သည့် ငါးနှစ်က ဖြစ်ပွားခဲ့သည့် ဈေးကွက်ပြိုလဲမှုကို ပြန်လည်အမှတ်ရစေနိုင်သည့် အကြောင်း အချက်
များဖြစ်နေသည်။

အောက်တိုဘာ ၁၀ ရက်နေ့က ပြီးစီးခဲ့သည့် သုံးရက်ကြာ ကျင်းပခဲ့သော Cityscape အိမ်ရာ
ပြပွဲတွင် ဟိတ်ဟန်များလှသော အိမ်ရာစီမံကိန်း ပုံစံငယ်များ ပါ၀င်ပြသခဲ့ပြီး အိမ်တန်ဖိုးများ
ထက်ဝက်ခန့်အထိ လျော့ကျခဲ့သည့် ဒူဘိုင်း ဈေးကွက်အတွင်း ယုံကြည်မှုအသစ်များ ပြသ ခဲ့
သည်။ သို့သော် သဘာဝမဟုတ်ဘဲ ဖန်တီးထား သည့် လက်ဖဝါးပုံစံ ကျွန်းများအပါအဝင်
ယူအေ အီးရှိ အထင်ကရ အိမ်ရာစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသော အိမ်ရာလုပ်ငန်းကြီး
Nakheel ၏ ဥက္ကဋ္ဌဖြစ်သူ အလီလူတက်က ပြန်လည်အသက်ဝင်လာသော ဒူဘိုင်းဈေးကွက်
အပေါ် ပြင်းပြင်းပြပြ ယုံကြည်မှုရှိနေသည်ကို ဖော်ပြလျက်ရှိသည်။

"ဒူဘိုင်းဈေးကွက် တစ်ဖန်ပြန်တိုးတက်လာပါပြီ"ဟု ၎င်းကပြောသည်။ လူနေအိမ်ရာစီမံကိန်းအချို့
နှင့်အတူ ဖော် ထုတ်ထားသော မြေယာများပေါ်တွင် ဆောက်လုပ်ထားသည့် ပင်လယ်ကမ်းခြေ
မျက်နှာစာပိုင်း ဆောက်လုပ်ရေးစီမံကိန်း အသစ်တစ်ခု အတွက် Nakheel မိတ်ဆက်ပြသပွဲတွ
င် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒူဘိုင်းကို ရွှေ့ပြောင်းလာကြတဲ့ လူတွေအများကြီးရှိပါတယ်။ ဒူဘိုင်းဟာလည်း စီးပွား ရေးအခြေ
အနေ တစ်ဖန်ပြန်ကောင်းလာနေပါပြီ။ ဒါကြောင့် ဈေးကစားခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ
ဘယ်လိုစိုးရိမ်သောကမှ မရှိပါ ဘူး"ဟု ၎င်းကပြောသည်။ ဈေးကစားခြင်းများကြောင့် အိမ်ရာ
ဈေးနှုန်း များ အမြင့်ဆုံးအထိ မြင့်တက်ခဲ့ပြီး ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးအကျပ်အတည်းကာလ
အတွင်း ယင်းဈေးနှုန်းများ ရုတ်ခြည်း ထိုးကျခဲ့ သည်။

ဒူဘိုင်းအိမ်ရာကဏ္ဍသည် ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားစရာ ကဏ္ဍတစ်ရပ်ဖြစ် လာသည့်
နည်းတူ ဒူဘိုင်းအိမ်ရာဈေးကွက် သည် ဘဏ္ဍာရေးအကျပ်အတည်း မဖြစ်ခင် ငါးနှစ်အတွင်း
လျင်မြန်စွာတိုးတက်ခဲ့သည်။ သို့သော် ကမ္ဘာ့နိုင်ငံကြီးများအတွင်း ငွေကြေးအခက်အခဲများ ပေါ်
ပေါက်လာသည့်အခါ နိုင်ငံခြားငွေ ၀င်ရောက်မှုများ လျော့ကျလာခဲ့ခြင်း ကြောင့် အိမ်ရာဈေးကွက်
တွင် ရိုက်ခတ်မှုများ ရှိခဲ့ပြီး ကြွေးထူနေသော အစိုးရနှင့်ဆက်စပ် သည့် ကုမ္ပဏီလုပ်ငန်းများ
ကျဆင်းခဲ့သည်။

ဒူဘိုင်း၏စီးပွားရေးသည်လည်း ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ တွင် ကျဆင်းလာခဲ့သည်။ အမေရိကန်
ဒေါ်လာ ၁၀၀ ဘီလျံကျော် ကြွေးမြီများ ရှိနေသေးသော်လည်း ဒူဘိုင်း သည် ၎င်း၏ တစ်ဟုန်
ထိုးတိုးတက်နေသော ကုန်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်
ငန်းများအပေါ် အားကိုး၍ ကြွေးမြီပြဿနာများကို ရင်ဆိုင် ဖြေရှင်းလျက်ရှိသည်။

ဒူဘိုင်း၏စီးပွားရေးသည် ၂၀၁၁ ခုနှစ်တွင် ၃ ဒသမ ရ ရာခိုင်နှုန်း၊ ၂၀၁၂ တွင် ၄ ဒသမ ၄ ရာခိုင်
နှုန်းဖြင့် တိုးတက်ခဲ့ပြီး ယခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးရန် ခန့်မှန်းထားသည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်