ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်ကို တော့ ပြည်လမ်းမှာရှိတဲ့ City Golf Resort က
အိမ်ကလေးကို လုံးချင်းအိမ်ကြိုက်နှစ်သက်သူတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒီခြံကလေး က ကျယ်ကျယ်ဝန်းဝန်းကလေးနဲ့ တိတ်ဆိတ်တဲ့ အိမ်ရာအတွင်းမှာပဲ ရှိလို့ သီးသန့်
နေချင်တဲ့ မိသားစုတွေ စိတ်ကြိုက်တွေ့စေမယ့် လုံးချင်းအိမ်ကလေးလို့ ထင်ပါတယ်။ ဒီခြံက
စုစုပေါင်း စတုရန်းပေ ၁၁,၀၀၀ အကျယ်အဝန်း ရှိပြီးတော့ အိမ်ကလည်း စတုရန်းပေ ၅,၂၀၀
ရှိတဲ့အတွက် မိသားစုများများနဲ့ ကျယ်ကျယ်ဝန်းဝန်း နေနိုင်တဲ့ ခြံ ကလေးပါ။ ခြံနဲ့ အိမ်က
တစ်ဝက်စီနီးပါး ခွဲပြီးဆောက်ထားတဲ့အတွက် ခြံရှေ့ ကွက်လပ်ကလည်း ကျယ်ကျယ်ဝန်းဝန်း
ရှိနေတာကိုတွေ့ခဲ့ရပါတယ်။
ဒီအိမ်ကလေးက နှစ်ထပ်တိုက် ဖြစ်ပြီးတော့ အိမ်ပုံစံကလည်း ရှေးဟောင်းပုံစံမျိုးလေး ဆောက်
လုပ်ထားပါတယ်။ အရောင်တွေကိုလည်း အရောင်ဆန်းလေးတွေ သုတ်ထားတဲ့အတွက် အမြင်
တစ်မျိုးဆန်းနေစေမှာပါ။ အိမ်ရဲ့ ဘေးဘက်မှာလည်း ဂိုဒေါင်ပုံစံ နှစ်ထပ်တိုက်ပုကလေး တစ်လုံး
ထပ်ပါတာကိုလည်းတွေ့ခဲ့ရပါ တယ်။ ဒီနှစ်ထပ်ဂိုဒေါင်ပုံစံ တိုက်ပု ကလေးမှာ အိပ်ခန်းနှစ်ခန်း
ထပ်ပါ တာကို တွေ့ခဲ့ရပါတယ်။
ဒီအိမ်ကလေးက အငှားသီးသန့် ဖြစ်ပြီးတော့ အိမ်က ပြင်ပြီးသားဖြစ်တဲ့ အတွက် ငှားရမ်းသူတွေ
အဆင့်သင့်နေနိုင်တဲ့အိမ်ကလေးပါ။ ဒါပေမဲ့ အိမ်ရဲ့ အတွင်းပိုင်းမှာက ပရိဘောဂ အပြည့်အစုံတော့
မပါတာကို တွေ့ရ ပါတယ်။
ဒီအိမ်ခန်းမကြီးထဲကို၀င်သွားမယ်ဆိုရင် ဧည့်ခန်းကို တွေ့ရပါတယ်။ ပြီးတော့ အိမ်ရဲ့ အတွင်းပိုင်
ပြင်ဆင် မှုကတော့ အပြီးအစီး ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ အိမ်ရဲ့ ကြမ်းခင်းကိုတော့ ကျွန်းပါ
ကေးတွေခင်းထားပါတယ်။
ဒီအိမ် မှာက ပြတင်းပေါက် ကျယ်ကျယ်ကြီး တွေပါတဲ့အတွက် အလင်းရောင် ကောင်းကောင်း
ကြိုက်နှစ်သက်သူတွေတော့ စိတ်ကြိုက်တွေ့စေမယ်လို့ ထင်ပါတယ်။ ဒီအိမ်မှာက စုစုပေါင်း
ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်းသုံးခန်းနဲ့ တစ်ယောက် အိပ်ခန်း တစ်ခန်းပါ၀င်ပါ
တယ်။
ဧည့်ခန်းကလည်း အပေါ်ထပ် အောက်ထပ် နှစ်ခန်းပြုလုပ်ထားပြီးတော့ ဘုရားခန်းကို သီးသန့်
ပြုလုပ် ထားပါသေးတယ်။ ဘုရားခန်း သီးသန့် ရှိတဲ့အတွက် ဘုရားရှိခိုးတဲ့အချိန်တွေမှာ သီးသန်
့ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိခိုးနိုင်မယ်လို့ ထင်ပါတယ်။ မီးဖိုခန်းကလည်း ကျယ်ကျယ်ဝန်းဝန်းရှိပြီးတော့
အလင်းရောင်ကောင်းကောင်း ရနိုင်ပြီး ပြတင်းပေါက် ကျယ်ကျယ်ကြီးတွေရှိပါတယ်။
ပြီးတော့ ဒီအိမ်ကလေးမှာက အိမ်အကူနေဖို့ အခန်းအသေးလေး ထပ်ပါတဲ့အတွက် အိမ်အကူ
အတွက် အခန်းသီးသန့် စဉ်းစားနေစရာ မလို တော့ဘူးလို့ ထင်ပါတယ်။ ဒီအိမ်ကလေးမှာ ၀ရန်
တာ သီးသန့် မပါပေမယ့် ခြံဝန်းကလေးက ကျယ်ကျယ်ကလေး ရှိနေတဲ့အတွက် လေကောင်း
လေသန့်ကြိုက်နှစ်သက်သူတွေပဲဖြစ်ဖြစ်၊ ကိုယ့်ခြံဝန်းမှာပဲ ကိုယ်ပိုင်အပင်ကလေးတွေ စိုက်ရ
တာကို ကြိုက်နှစ်သက်သူတွေပဲဖြစ် ဖြစ် ငှာရမ်းဖို့ သင့်တော်တဲ့ ခြံကလေး လို့ ထင်ပါတယ်။
ဒီအိမ်မှာက ရေမီးအပြည့်အစုံ ပါ၀င်ပြီးတော့ လေအေးပေးစက်က လေးလုံးပါ၀င်ပါတယ်။
တည်နေရာ - သီရိမင်္ဂလာလမ်း၊ City Golf Resort အင်းစိန်မြို့နယ်။
ဈေးနှုန်း - ကျပ်သိန်း ၄၀ (အငှား)။ ဖုန်း ၀၉ ၄၃၁၁၈၇၈၇။
ဆက်သွယ်ရန် - Estate Myanmar Co.,Ltd။
















