မြန်မာနိုင်ငံရှိ မြို့ပြခြောက်ခုတွင် တိုးမြင့် လာသော အခက်အခဲများဖြစ်သည့် ရေပေးဝေခြင်း၊
သန့်ရှင်းရေး၊ စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ရေစီးဆင်းမှုနှင့် ရေလျှံမှုများအား စီမံခန့်ခွဲ ခြင်း
လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆင်းရဲမှုလျှော့ချရေးအတွက် ဂျပန် နိုင်ငံ ရန်ပုံငွေက ထောက်
ပံ့ငွေအမေရိ ကန်ဒေါ်လာ နှစ်သန်းအား အာရှဖွံ့ဖြိုး ရေးဘဏ် (ADB)၏ စီမံခန့်ခွဲမှုဖြင့် ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
"ရေပေးဝေရေး၊ သန့်ရှင်းရေး၊ စွန့်ပစ် ပစ္စည်းများ စီမံခန့်ခွဲရေး၊ ရေစီးဆင်းမှုနှင့် ရေလျှံမှုများ စီမံ
ခန့်ခွဲရေးများလုပ် ဆောင်ရန် ဂျပန်နိုင်ငံ၏ ထောက်ပံ့ ငွေနှစ်သန်းအား အာရှဖွံ့ဖြိုးရေးဘဏ် ရဲ့
စီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်မယ်"ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ပြောရေး ဆိုခွင့်ရှိသူ Karen
Palmer ကပြော သည်။
ရေသန့်ရှင်းရေးနှင့် ရေကြီးမှုစီမံခန့်ခွဲရေးများကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ လားရှိုးနှင့်
မုံရွာ မြို့များတွင် လုပ်ဆောင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။ "မြန်မာနိုင်ငံ၏ စီးပွားရေးပွင့်လင်း
လာမှုက မြို့ပြတွေကို ပြောင်းလဲလာ စေမှာ ဖြစ်ပြီး မြို့ပြစီမံခန့်ခွဲမှုပုံစံတွေ လည်း ပြောင်းလဲလာ
မှာ ဖြစ်ပါတယ်။ မြို့ပြတွေတိုးတက်လာတာကို ဟန်ချက် ညီအောင် လုပ်ဆောင်ဖို့၊ မြေယာအသုံး
ပြုမှုထိန်းညှိဖို့နဲ့ မျှတတဲ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဖိအားတွေလည်းတိုးပြီး ရင်ဆိုင်နေရပါတယ်"
ဟု ADB ၏ အရှေ့တောင်အာရှ ဌာနမှ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင် ပညာ
ရှင် Florian Steinberg က ပြော သည်။
မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရန် အရေး ပါသောလုပ်ငန်းများဖြစ်သည့် မြို့ပြစီမံ ကိန်းချမှတ်ခြင်း၊ မြေ
ယာစီမံခန့်ခွဲ ခြင်း၊ အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် မြို့ပြ
၀န်ဆောင်မှုများ ဆောင် ရွက်ရန် ၁,၆၂၀ ဦးအား သင်တန်းများ ပို့ချပြီး မြို့ပြစီမံကိန်းများ ရေးဆွဲ
စေမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့တော်များအလျင် အမြန် တိုးတက်လာမှုသည် တစ်ပြေးညီမဟုတ်ခြင်း၊ ယေဘု
ယျအားဖြင့် စီမံကိန်းများချမှတ်မထားခြင်းတို့ကြောင့် ဖြစ်သော ရေကြီးခြင်းနှင့် မုန်တိုင်းကြောင့်
ရေလျှံခြင်းကဲ့သို့သောရေနှင့် ဆက်စပ်သည့် ဘေးဒုက္ခများကို ကြို တင် ကာကွယ်နိုင်စေရန်
ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့များမှ အရာရှိ များကို သင်တန်းများပေးပြီး ရေကြီး မှု စီမံခန့်ခွဲ
ရေး လမ်းညွှန်ချက်များ၊ လက်စွဲစာအုပ်များ ရေးဆွဲရာတွင် အကူအညီပေးမည်ဖြစ်ကြောင်း သိရ
သည်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်နှင့် ၀န်ဆောင်မှု
လုပ်ငန်း များအတွက်လည်း ADB က ဒေါ်လာ လေးသန်းထောက်ပံ့ရန် ပြင်ဆင်နေသည်ဟု
ADB ၏ပြောရေးဆိုခွင့်ရှိသူ Karen Palmer ကပြောသည်။















