ERA ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ထိပ်တန်းအရောင်းအသွက်ဆုံး စီမံကိန်းများကို မြန်မာနိုင်ငံ တွင် လာရောက်ပြသရောင်းချခဲ့

ERA ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ထိပ်တန်းအရောင်းအသွက်ဆုံး စီမံကိန်းများကို မြန်မာနိုင်ငံ တွင် လာရောက်ပြသရောင်းချခဲ့

ERA ကုမ္ပဏီက စင်ကာပူနိုင်ငံရှိ ထိပ်တန်းအရောင်းအသွက်ဆုံး စီမံကိန်းများကို မြန်မာနိုင်ငံ
တွင် လာရောက်ပြသရောင်းချခဲ့ ထားထားခင် စင်ကာပူနိုင်ငံရှိ ERA Realty Network Pte Ltd
က စင်ကာပူနိုင်ငံရှိ ထိပ်တန်းအရောင်းအသွက်ဆုံး စီမံကိန်းသုံးခုဖြစ် သည့် Montana, Urban
Resort နှင့် Interlace တို့မှ အိမ်ရာခန်းများအားမြန်မာနိုင်ငံမှ ၀ယ်ယူသူများအတွက် လာ
ရောက်ပြသရောင်းချခဲ့ပြီး နောင်နှစ် များတွင်လည်း လာရောက်ပြသရောင်း ချသွားမည့်အစီအစဉ်
ရှိကြောင်း ERA မှ senior division director ဖြစ်သူ Mr Chia Yeong Teck က မြန်မာတိုင်း(မ်)
သို့ အိမ်ရာအရောင်း ပြပွဲကျင်းပသည့် ပထမရက်ဖြစ်သော နိုဝင်ဘာ ၂ ရက်နေ့တွင်ပြောသည်။

"အခုအကြိမ်ပြပွဲမှာ စင်ကာပူနိုင်ငံ မြို့လယ်မှာရှိတဲ့ အိမ်ရာစီမံကိန်းသစ်တွေကို ယူဆောင်လာခဲ့
ပါတယ်။ စင်ကာပူ Financial Centre နဲ့နီးတယ်၊ပြီးတော့ high-end ရှော့ပင်းမောလ်တွေ တည်
ရှိတဲ့ Orchard Road နဲ့နီးတယ်။ "ဒီစီမံကိန်းတွေကို မြန်မာနိုင်ငံမှာ လာရောက်ပြသ ရောင်းချရ
တဲ့ အကြောင်းရင်းကလည်း ဒီအဆင့်မြင့် စီမံကိန်းတွေက စင်ကာပူနိုင်ငံမှာ ၀ယ်လိုအားမြင့်မား
နေပြီး နောင် လာမယ့်နှစ်တွေမှာလည်း ၀ယ်လိုအား ဆက်လက်မြင့်မား နေနိုင်တဲ့အတွက်ကြောင့်
ဖြစ်ပါတယ်"ဟု Mr Chia Yeong Teck က ပြောကြားခဲ့သည်။

ERA က မြန်မာနိုင်ငံသို့ လာရောက် ရောင်းချခဲ့သည့် စီမံကိန်းများတွင် Montana နှင့် Urban
Resort တို့မှာ Orchard Road တွင် တည်ရှိပြီး အဆင့်မြင့် ရှော့ပင်းမောလ်များ၊ MRT Station
တို့အပြင် နိုင်ငံတကာစာသင်ကျောင်းများနှင့် နီးကပ်စွာတည်ရှိသည်။ အခြားစီမံကိန်းတစ်ခု မှာ
Interlace ဖြစ်ပြီး ၎င်းသည်ဒီဇိုင်း လက်ရာအားဖြင့် ထူးခြားသောအဆောက်အအုံဖြစ်ကြောင်း
လည်း ၎င်းကရှင်းပြခဲ့သည်။

"ဒီစီမံကိန်းက စင်ကာပူနိုင်ငံမှာရှိ တဲ့ ထင်ပေါ်ကျော်ကြားတဲ့ iconic building တစ်ခုဖြစ်ပါတယ်။
တခြား စီမံကိန်းနဲ့ မတူတဲ့ Interlace ရဲ့ထူးခြားချက်ကတော့ ဒီစီမံကိန်းမှာအဆောက်အအုံတွေ
က တစ်ခုနဲ့တစ်ခု interset ဖြစ်နေအောင် တည်ဆောက် ထားပြီး strait building ပုံစံဖြစ်မနေ
ဘူး။ ဒါကြောင့် very iconic building တစ်ခုအနေနဲ့ ထူးခြားတာပါ။ မြေအကျယ်အဝန်း ၈ ဟက်
တာပေါ်မှာတည်ဆောက်ထားပြီး နေရာကလည်း Casino Resort World နဲ့ နီးတယ်ဆိုတော့
အလွန်ပဲအချက်အချာကျပါတယ်"ဟု Mr Chia Yeong Tech ခု က ပြောကြားခဲ့သည်။

ERA Realty Network Pte Ltd က မြန်မာနိုင်ငံတွင်စင်ကာပူစီမံကိန်း များကို လာရောက်ပြသ
ရောင်းချခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုအတွက် မြန်မာနိုင်ငံတွင် ဈေးကွက်လေ့လာမှုကို
Pureland Asia Group အကူအညီဖြင့် ယခင်နှစ်ကတည်းက စတင်ပြုလုပ်ခဲ့သည်ဟုလည်း
၎င်းက ပြောသည်။

"မြန်မာနိုင်ငံရဲ့ အိမ်ရာဈေးကွက် ကို လေ့လာခဲ့ရတဲ့ အချက်တွေထဲမှာ စင်ကာပူမှာရှိတဲ့ ဘယ်
လောက်တန် အိမ်ခြံမြေမျိုးကို ဒီက ၀ယ်ယူသူတွေ တတ်နိုင်မယ်၊ အဝယ်များတယ်ဆိုတာတွေ
ကိုပါ လေ့လာခဲ့ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ပြသရောင်းချဖို့ ယူလာခဲ့တဲ့စီမံကိန်းသုံးခုက
လည်း စီးပွားရေးအရနေရာကောင်းမှာရှိတဲ့ စီမံ ကိန်းတွေဖြစ်သလို မြန်မာနိုင်ငံက ၀ယ်သူတွေ
တတ်နိုင်တဲ့ ဈေးနှုန်းတွေရှိတဲ့ စီမံကိန်းတွေလည်း ဖြစ်ပါတယ်"ဟု Mr Chia Yeong Tech ခု
က ရှင်းပြ ခဲ့သည်။

Montana, Urban Resort နှင့် Interlace ရှိ အခန်းဈေးနှုန်းများ မှာ ကန်ဒေါ်လာ ၈၈၀,၀၀၀ မှ
ကန် ဒေါ်လာ ၆ သန်းအထိရှိသည့်အတွက် မြန်မာနိုင်ငံမှ ၀ယ်ယူသူများအနေဖြင့် မိမိ ကြိုက်နှစ်
သက်သည့် ဈေးနှုန်း ကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း လည်း သိရှိရသည်။ စီမံကိန်းသုံးခု မှာ ပြီးစီး
နေသည့်စီမံကိန်းသုံးခုဖြစ် ပြီး အခန်းတိုင်းတွင် ပံ့ပိုးမှုအင်္ဂါရပ် များပြည့်စုံစွာပါရှိသည်။

Montanaရှိ အခန်းအကျယ်အဝန်းများမှာ အခန်းဖွဲ့စည်းမှုနှင့်ပါ၀င်မှုပေါ်မူတည်၍ ၅၈၀ စတုရန်း
ပေ မှ ၉၄၇ စတုရန်းပေအထိရှိပြီး အခန်း အရေအတွက်စုစုပေါင်း ၁၁၀ ပါ၀င် သည်။ ၎င်းစီမံကိန်း
သည် အခန်းအရေအတွက်များပြားသော စီမံကိန်း တစ်ခုမဟုတ်သော်လည်း privacy ကြောင့်
၀ယ်သူများကြိုက်နှစ်သက်ကြကြောင်းသိရသည်။

Urban Resort တွင်အခန်းအကျယ်အဝန်းများမှာ ၂,၀၀၀ စတုရန်းပေနှင့်အထက်ရှိပြီး unique
project တစ်ခုဖြစ်၍ ကျယ်ဝန်းသော အခန်းများကိုဝယ်ယူလိုသည့် buyer များကြိုက်နှစ်
သက်ကြောင်း သိရှိရသည်။ Urban Resort တွင် အခန်းစုစုပေါင်း ၁၀၀ ပါ၀င်သည်။

Interlace တွင်အခန်းပေါင်း ၁,၀၄၀ ပါ၀င်ပြီး အခန်းတိုင်းမှ Resort World Sentosa view
နှင့် greenery, waterfountain အစရှိသည့် မြင်ကွင်းများကိုမြင်နိုင်ကြောင်း လည်း ပြပွဲနေ့တွင်
ရှင်းလင်းပြောကြားချက်များအရ သိရှိရသည်။ "ERA အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးလာရောက်
ပြသရောင်းချတာပါ၊ ဒီပြပွဲမတိုင်ခင်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်နဲ့ အင်ဒိုနီးရှား နိုင်ငံ
ဂျကာတာမြို့တော်တွေမှာ oversea exhibition တွေ သွားရောက် ပြသရောင်းချခဲ့ပြီးပါပြီ။

အဲဒီနိုင်ငံသားတွေက စင်ကာပူအိမ်ရာတွေကို စိတ်ဝင်စားကြပြီး ရောင်းအားလည်းမြင့်မား ခဲ့ပါ
တယ်။ မြန်မာနိုင်ငံမှာ လာရောက် ပြသရောင်းချတဲ့ပွဲမှာလည်း ၀ယ်သူတွေ စိတ်ဝင်စားမှုများပြီး
၀ယ်လိုအား လည်း များမယ်လို့မျှော်လင့်ပါတယ်။ နောင်နှစ်တွေမှာလည်း မြန်မာနိုင်ငံ မှာ လာ
ရောက်ပြသ ရောင်းချနိုင် အောင်လည်း စီစဉ်ဆောင်ရွက်သွား မှာပါ"ဟု Mr. Chia Yeong Teck
က အဆိုပါနေ့တွင် မြန်မာတိုင်း(မ်)အား ရှင်းလင်းပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်