အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍမှာ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြံုရှိတဲ့ ကော့စ်တက်စ်
ဟာ ဂရိနိုင်ငံရဲ့ အခြေအနေဆိုးဝါးနေတဲ့ စီးပွား ရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်နေတဲ့ကဏ္ဍ
မျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးသေးပါဘူး။
"ဆောက်လုပ်ရေး လုပ်ငန်းက လုံးဝကို ရပ်ဆိုင်းနေတာပါ။ ဘေးကျပ်နံကျပ်ကာလမှာ အရာ
အားလုံး ပျက်စီးသွားပါပကော" လို့ မျိုးရိုး အမည်ကို မပြောပြချင်တဲ့ အသက် ၅၀ အရွယ်
ကော့စ်တက်စ်က ညည်းညည်းညူညူနဲ့ ပြောပါတယ်။ ဂရိနိုင်ငံမှာ စီးပွားရေးကျဆင်းမှုကို
ခြောက်နှစ်လောက် ရင်ဆိုင်ခဲ့ရပြီး ဒေဝါလီခံခြင်းတွေ လည်း ကြံုတွေ့ခဲ့ရတဲ့အတွက် လူနေ
အိမ်တွေ ရဲ့ ဈေးနှုန်းဟာ သုံးပုံတစ်ပုံနီးပါးလောက် ထိုးကျသွားခဲ့ရပါတယ်။ ဂရိနိုင်ငံရဲ့ အိမ်ခြံ
မြေ ကဏ္ဍဟာ လူတော်တော်များများက အငြိမ်းစားဘဝအတွက် အိုစာမင်းစာ စုဆောင်းတဲ့
အနေနဲ့ ရင်းနှီးမြှုပ်နှံကြတဲ့ စီးပွားရေးနယ်ပယ်တစ်ခုပါ။ ဂရိနိုင်ငံရဲ့ အီးယူအိုင်အမ်အက်ဖ်
ငွေကြေးအကျပ်အတည်းမှ ကယ်ဆယ်ရေးအစီအစဉ်ရဲ့ ပြဋ္ဌာန်းချက်အရ လူထုကြား ၀င်ငွေ
မျှတမှုရှိစေဖို့အတွက် အိမ်ပိုင်ရှင်တွေပေါ်မှာ အခွန်သစ်တွေ စည်းကြပ်ခဲ့တဲ့ အစိုးရရဲ့ မူဝါဒ
ကြောင့် အခြေအနေတွေ ခုလို ပိုပြီးဆိုးဝါးလာခဲ့ရတာပါလို့ ကျွမ်းကျင်သူတွေကလည်း ပြစ်
တင်ပြောဆိုနေကြပါတယ်။
"စီးပွားရေးကျဆင်းမှုရယ်၊ပြီးတော့ အိမ်ခြံမြေကဏ္ဍက အခွန်စည်းကြပ်မှုရယ်ကြောင့် အဓိက
အလုပ်ရှင်ကြီးဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍကြီး အခုလို ပျက်ပြားသွားရတာပါ" လို့ ကော့စ် တက်စ်က
ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်လိုက်ရင် ဒီနှစ်ရဲ့ ပထမ သုံးလပတ်မှာ အိမ်ရာသစ် ဆောက်လုပ်မှုဟာ ၄၄
ရာခိုင်နှုန်း ထိုးကျသွားတယ်လို့ အစိုးရအဖွဲ့ ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။မကြာသေးခင်
က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဆောက်လုပ်ရေးလုပ်ငန်းမှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းက
စပြီး အလုပ်အကိုင် ၁၈၅,၀၀၀ ကျော် လက်လွတ်ဆုံးရှုံးခဲ့ရတာကို တွေ့ရပါတယ်။ဒီနှုန်းထားဟာ
အိမ်ခြံမြေကဏ္ဍ တစ်ခုလုံးမှာရှိတဲ့အလုပ်သမားအင်အားထုရဲ့ ထက်ဝက်လောက် ရှိပါတယ်။
အခုအချိန်မှာ အိမ်ရာအသစ်ဆောက်လုပ်မှု လုံးဝမရှိသေးဘဲ အသစ်ပြုပြင်ဆောက်လုပ်မှု တချို့
လောက်ပဲ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ ဂရိနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု မဖြစ်ခင်တုန်း
က တစ်နှစ် ၀င်ငွေ ယူရို ၂ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၅ သန်း) ရရှိနေတဲ့ ဆောက်
လုပ်ရေးပစ္စည်းရောင်းချရေးလုပ်ငန်းကို ကော့စ်တက်စ် က အခုအချိန်မှာ ပိတ်ထားရပါတယ်။
ပြီးတော့လည်း စီးပွားရေးအကျပ်အတည်း ကာလမတိုင်ခင်က အေသင်မှာ ချေးငွေနဲ့ဝယ် ထား
တဲ့ သုံးထပ်အဆောက်အအုံကလည်း ရောင်းမထွက်သေးပါဘူး။ "ကျွန်တော့် အကြွေးတွေကို
ဆပ်နိုင်ဖို့ အတွက် အဲဒီအိမ်ကို လေလံတင်ရောင်းချဖို့ ဘဏ်ကို တောင်းဆိုထားပါတယ်" လို့
သူက အေအက်ဖ်ပီကို ပြောပါတယ်။ အိမ်ခြံမြေကဏ္ဍ ပြန်ကောင်းလာစေဖို့ အတွက် ဂရိအစိုး
ရဟာ ယူရို ၂၅၀,၀၀၀ အထက် တန်ဖိုးရှိ အိမ်တွေကို အီးယူအဖွဲ့ဝင်မဟုတ်တဲ့ ရင်းနှီးမြှုပ်နှံ
သူတွေကို ၀ယ်ယူခွင့် ဒါမှမဟုတ် ငှားရမ်းနေထိုင်ခွင့် ချပေးထားပါတယ်။
(အေအက်ဖ်ပီ)
















