ဒီတစ်ပတ်အတွက် စိတ်ကြိုက်အိမ်က တော့ မြို့ပြင်ဘက်နားမှာရှိတဲ့ တောင်ဒဂုံမြို့နယ်က
မြယမုံအိမ်ရာ အတွင်းမှာရှိတဲ့ ခြံကျယ်ကျယ်ထဲမှာရှိတဲ့လုံးချင်းအိမ်လေးကို ဖော်ပြပေးလိုက်ပါ
တယ်။
လုံးချင်းအိမ်တွေပဲရှိတဲ့ မြယမုံ အိမ်ရာ အတွင်းမှာ ရှိပြီးတော့ မြို့တွင်းမှာ မနေ ချင်တဲ့သူတွေနဲ့
သီးသီးသန့်သန့် မြို့ပြင် လိုနေရာမျိုးမှာ နေချင်သူတွေ စိတ်ကြိုက် တွေ့စေမယ့် လုံးချင်းအိမ်
ကလေးပါ။
ခြံဝင်းလေးအတွင်းမှာတော့ သီးသန့် အလှအပတွေ မဆင်ထားပေမယ့် အိမ် ရဲ့ မျက်နှာစာကို
ခေတ်မီဒီဇိုင်းလှလှ ကလေးနဲ့ ပုံဖော်ပေးထားပါတယ်။ အိမ်ရာဝင်းလေးက သီးသီးသန့်သန့်လေး
နဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့အတွက်လည်း အေးအေးချမ်းချမ်း နေချင်တဲ့သူတွေ စိတ်ကြိုက်
တွေ့စေ မှာပါ။
ခြံရဲ့ အကျယ်အဝန်းက စုစုပေါင်း စတုရန်းပေ ၁၁,၀၀၀ ကျယ် ၀န်းတဲ့ ဒီခြံဝင်းလေးအတွင်းမှာ
အလှစိုက် သစ်ပင်များများနဲ့တော့ အလှဆင်မထားတာကို တွေ့ခဲ့ရပါ တယ်။ ဒါပေမဲ့ ခြံဝင်း ရှေ့
ကွက်လပ် ကလေးက နေရာအတော်အတင့် အကျယ်အဝန်း ရှိနေတဲ့အတွက် ကိုယ့်စိတ်ကြိုက်
သစ်ပင်ပန်းပင်တွေ ကို စိုက်ပြီး အလှထားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ခြံဝင်း
ထဲမှာ ခေတ်မီ နှစ်ထပ်တိုက် ကလေးကို ဆောက်ပေးထားပြီး အိမ်ရဲ့ မျက်နှာစာကိုတော့ ကျယ်
ကျယ်ယူထား ပေးပြီးတော့ ဒီဇိုင်းဆန်းဆန်းနဲ့ အမြင်တစ်မျိုးကလေး ဖြစ်နေစေမှာ ပါ။
အိမ်ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ ကျယ်ဝန်းတဲ့ ဧည့်ခန်းကို အရင်ဆုံးတွေ့ ရမှာဖြစ်ပါတယ်။
အိမ်ရဲ့အောက်ထပ် မှာတော့ ရေချိုးခန်းနဲ့ အိမ်သာတွဲလျက် ပါတဲ့အိပ်ခန်းတစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်း
တစ်ခန်းကို ဖွဲ့စည်းပေးထားပါတယ်။
အိမ်ရဲ့ အနောက်ဘက်ခြမ်းမှာတော့ မီးဖိုခန်းကိုတွေ့ခဲ့ရပြီး မီးဖိုခန်းက တော့ နှစ်ခုပါ၀င်တာကို
တွေ့ခဲ့ရပါ တယ်။ မီးဖိုခန်းရှေ့မှာလည်း အခန်း ကျယ်ကြီးတစ်ခန်း ထပ်ပါပါသေး တယ်။ အိမ်
အပေါ်ထပ်ကိုတော့ စတီး လက်ရန်းတွေနဲ့ ပြုလုပ်ထားတဲ့ ကျွန်း လှေကားကနေ တက်သွားပြီး
တော့ အရင်ဆုံး ဘုရားခန်း ကျယ်ကျယ်ကို တွေ့ရမှာပါ။ အပေါ်ထပ်မှာက ရေချိုး ခန်း အိမ်သာ
တွဲလျက်ပါတဲ့ အိပ်ခန်း တစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်းတစ်ခန်းကို ပြုလုပ်ပေးထားပါတယ်။
ဒီအိမ်ကလေးက ကျယ်ကျယ် ၀န်းဝန်းရှိပြီးတော့ အလင်းရောင်ကောင်းကောင်း ရနိုင်အောင်လို့
မှန်ချပ်ကြီးတွေနဲ့ မျက်နှာစာကို ပြုလုပ်ပေးထားပါတယ်။ အိမ်ရဲ့ ရှေ့ဘက်မှာလည်း အလှဆင်
ကျောက် တုံးကလေးတွေနဲ့ အလှဆင်ထားတာ ကို တွေ့ခဲ့ရပါတယ်။ အိမ်ကျယ်ကျယ်၊ ခြံကျယ်
ကျယ်၊ နေရောင်ကောင်းကောင်းနဲ့ နေချင် တဲ့ မိသားစုတွေအတွက် သင့်တော် တဲ့ လုံးချင်းခြံက
လေးလို့ ထင်ပါတယ်။ ဒီအိမ်ကလေးမှာက ရေမီးအပြည့်အစုံ ပါ၀င်ပါတယ်။
တည်နေရာ - မြယမုံအိမ်ရာ၊ တောင်ဒဂုံမြို့နယ်။ ဖုန်း - ၀၉ ၉၆၆၉၀၆၁။
ဈေးနှုန်း - ကျပ်သိန်း ၁၃,၅၀၀ (အရောင်း)၊ ဒေါ်လာ ၄,၀၀၀ (အငှား)။
ဆက်သွယ်ရန် - မိုးမြင့်သော်တာအိမ်ခြံမြေအကျိုးဆောင်။
















