ပုဂံ၊ အင်းဝ၊ မြောက်ဦး၊ သရေခေတ္တရာ၊ မင်းကွန်းစသည့် ယဉ်ကျေးမှုအမွေအနှစ်ဇုန်များအတွင်းတွင်
လုပ်ငန်းရှင် များက မြေယာများဝယ်ယူကာ ရင်းနှီး မြှုပ်နှံမှုရှိနေသဖြင့် မြေယာဈေးနှုန်း များ အလွန်
မြင့်တက်လာခြင်းကြောင့် ပြည်သူများ ရောင်းမှား၊ ၀ယ်မှားမဖြစ်စေရန် ကြိုတင်စစ်ဆေး ဆောင်ရွက်
သင့်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြား
ရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။
၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ တစ်နိုင်ငံလုံးတွင်
ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ခုကို ရှေးဟောင်း အဆောက်အအုံ တည်ရှိရာဇုန်၊ ရှေးဟောင်းနေ
ရာ တည်ရှိရာဇုန်၊ ကာကွယ်ထိန်းသိမ်းထားသောဇုန်များ အဖြစ် သတ်မှတ်ကြေညာ၍ ကာကွယ်
ထိန်းသိမ်းထားလျက်ရှိသည်။ ဥပမာ အားဖြင့် ပုဂံဒေသကို ဇုန်သုံးခု အကြံုး ၀င်သော ယဉ်ကျေးမှု
နယ်မြေအဖြစ် သတ်မှတ်ကြေညာထားသည်။
"ဥပဒေအရ ရှေးဟောင်းအဆောက် အအုံတည်ရှိတဲ့ဇုန်နဲ့ ရှေးဟောင်းနေရာတည်ရှိတဲ့ ဇုန်တွေထဲမှာ
ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာတွေ တည်ဆောက်ခွင့်ပြုထားပေမယ့်လည်း ပုဂံဒေသမှာတော့
ရှေးဟောင်းရှုခင်း တွေ ပျက်စီးတာ ရှေးဟောင်းနေရာနဲ့ အဆောက်အအုံအနီးမှာ ဟိုတယ် လုပ်ငန်း
တွေ တည်ဆောက်လည်ပတ် နေရင် ရေရှည်မှာထိခိုက်ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ပုဂံမှာဆိုရင်
ကာကွယ်ထိန်းသိမ်းတဲ့ ဇုန်အတွင်းမှာ တောင် ကန့်သတ်ထားပါတယ်"ဟု ဦးကျော်ဦးလွင်က
ပြောသည်။
အကြမ်းအားဖြင့် အရှေ့ဘက် ညောင်ဦးမြို့မှ၊ မြောက်ဘက် ကျောက်ဂူ ဥမင်အထိ၊ ညောင်ဦး
-ကျောက်ပန်း တောင်း မော်တော်ကားလမ်း မိုင်တိုင် ၂၂ နားမှ မိုးနတ်ကုန်းချောင်းအထိ၊ အနောက်
နှင့် မြောက်ဘက်တွင် ဧရာဝတီ မြစ်၊ တောင်ဘက်တွင် ဂန့်ဂေါ ရွာအနီး မှ နာလတ်တောချောင်း
အထိ နေရာ များသည် ဥပဒေအရ ထိန်းသိမ်းထား သော၊ ဟိုတယ်တည်ဆောက်ရန် နယ်မြေ
ဧရိယာ ဖြစ်သည်။
အဆိုပါ ဧရိယာအတွင်းမှ ခြွင်းချက် အနေဖြင့် ဟိုတယ်ဇုန် ၁၊ ၂၊ ၃ ၊၄ ၊ ပုဂံမြို့သစ်၏ မြို့ပြဧရိယာ
(သီရိပစ္စယာ ကျေးရွာမပါ)၊ ညောင်ဦးမြို့၏ မြို့ပြ ဧရိယာ (ယခင် ၀က်ကြီးအင်းကျေးရွာ ၏ မြောက်
ဘက်နှင့် တောင်ဘက်မပါ) များသည် သာသနာ့ဝတ္တကမြေမဟုတ် ဘဲ ရှေးဟောင်း အဆောက်
အအုံနှင့် ကင်းလွတ်ပါက ဟိုတယ်လုပ်ငန်းနှင့် လူနေထိုင်မှုများကို ခွင့်ပြုထားသည်။
ဥပဒေ မထုတ်ပြန်မီအချိန်ကတည်းက တည်ဆောက်ဖွင့်လှစ်ထားပြီးဖြစ် သော ဟိုတယ်လုပ်ငန်းများ
ကိုလည်း ဆက်လက်ခွင့်ပြုပေးထားသည်။ သို့သော် ပုဂံဒေသရှိ ကျန်ရှိသော ဧရိယာများအတွင်း
ကျေးရွာတည်ခြင်း၊ ယာခင်းစိုက်ပျိုးခြင်း၊ ဟိုတယ်လုပ်ငန်း များ တည်ဆောက်ခြင်း၊ ခြံစည်းရိုးကာ
ခြင်းများကို လုံးဝခွင့်မပြုကြောင်း ဦးကျော်ဦးလွင်က ပြောသည်။
"ပြည်သူတွေအနေနဲ့ ဒီယဉ်ကျေးမှုဇုန်တွေရဲ့ပတ်ဝန်းကျင်မှာ ရောင်းမှား၊ ၀ယ်မှား မဖြစ်စေချင်ပါဘူး။
ပုဂံဒေသ အပါအဝင် ယဉ်ကျေးမှုဇုန် ၄၆ ခုနဲ့ပတ်သက်လို့ သိချင်ရင်ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုဇုန်နေရာ
မှာ တည်ဆောက် မှုလုပ်ငန်းတွေလုပ်မယ်ဆိုရင် ဒေသ အသီးသီးမှာရှိတဲ့ ရှေးဟောင်းသုတေသန
ရုံးခွဲတွေမှာ ဒါမှမဟုတ် နေပြည် တော်ရုံးချုပ်ကိုလည်း အချိန်မရွေး ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါ
တယ်" ဟု ၎င်းက ပြောသည်။
၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဇုန်များကိုသတ်မှတ်ပြီး နိုင်ငံ တော်အဆင့် ဥပဒေများချမှတ်၍
ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။ ပုဂံဒေသကို အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်း
စောင့်ရှောက်သွားရန်ရှိသည်။ ဥပဒေ ဖြင့် ကာကွယ်ထိန်းသိမ်းထားသော ပုဂံ ဒေသမှာ လူနေဧရိယာ
များဖြစ်သော ပုဂံမြို့သစ်၊ ညောင်ဦးမြို့၊ ဖွားစော၊ မင်းနန်သူ၊ တောင်ဘီ၊ မြင်းကပါ စသော ကျေးရွာ
များ အပါအဝင် ၂၇,၉၇၀ ဧက ဖြစ်သည်။
















