ဒီနှစ် စက်တင်ဘာလမတိုင်ခင်အထိ တာမွေမြို့နယ်မှာရှိတဲ့ ဒေါ်နှင်းအေးရဲ့ တိုက်က ရန်ကုန်မြို့ရဲ့
အခြားသက်တမ်း ရင့်တိုက်တွေလို ဟောင်းနွမ်းဆဲတိုက်တစ်လုံးသာ ဖြစ်ပါတယ်။ တိုက်ရဲ့မျက်နှာ
စာမှာတော့ ဟောင်း နွမ်းနေပြီဖြစ်တဲ့ ကြွေပြားတွေနဲ့ အပြာ ရောင် ှုပ နြအ ရုပ်သံဖမ်းစက်တွေ တပ်
ဆင်ထားတာတဲ့ ကျိုက္ကဆံလမ်းနဲ့ ဗညားဒလလမ်းထောင့်မှာရှိတဲ့ ရှစ်ထပ် တိုက်ကတော့ အနား
ပတ်ဝန်းကျင်ရှိ တိုက်တွေထက် ထင်ထင်ရှားရှား ဖြစ်နေစေတယ်။
ဒေါ်နှင်းအေးဟာ သူ့ရဲ့တိုက်မှာ Myanmar Distribution Group (MDG) က ဗီနိုင်းချိတ်ပြီး
ကြော်ငြာကပ် ဖို့ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင် ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ တိုက်ကို
ဆေးသုတ်ဖို့ကိုတော့ သဘော တူ လက်ခံခဲ့ပါတယ်။
"ကျွန်မနောက်ဆုံးတော့ ဆေးသုတ် ဖို့ကို လက်ခံလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါက
တိုက်မှာနေတဲ့သူတွေ ကို အနှောင့်အယှက်မဖြစ်ဘူးလို့ ယုံကြည်လို့ပါ။ ဗီနိုင်းကျတော့ ပြတင်း
ပေါက်တွေ ပိတ်သွားမှာစိုးလို့ ကျွန်မ က လက်မခံခဲ့တာ"ဟု ဒေါ်နှင်းအေးက ပြောပါတယ်။ ရက်
အနည်းငယ်ကြာတဲ့အခါမှာ တိုက်ရဲ့ ဆေးသုတ်မယ့်အခြမ်းကို လိမ္မော်ရောင်နဲ့ အလှဆင်ပါတယ်။
အခုတော့ အဲဒီတိုက်ဟာ Sunkist Building လို့ လူအများပြောစမှတ်ပြု စရာဖြစ်နေပြီး လမ်းမ
အလယ်မှာ အချိုရည်ကြော်ငြာကို နံရံဆေးရေးပန်းချီနဲ့ ကြော်ငြာထားတဲ့တိုက်အဖြစ် ခန့်ခန့်ညား
ညား တည်ရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ အထပ်မြင့် တိုက်ရှစ်လုံး လောက်ကို Sunkist Building
အဖြစ် နေရာယူပြီးဖြစ်တဲ့ ဒီကြော်ငြာဟာ ဈေးကွက်ရှာဖွေသူများရဲ့ ကျွမ်းကျင်မှု တစ်ခုပဲ ဖြစ်ပါ
တယ်။
MDG ဟာ ၁၉၉၆ ခုနှစ်လောက်က စတည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး Gold Roast Coffeemix နဲ့
Royal Myanmar Tea Mix တွေကို အဓိက ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အချိုရည်
ဘက်ကို ခြေဦးလှည့် လာပြီး မလေးရှားက ှကညုငျအ နဲ့ ရကစ အချိုရည်တွေကို တင်သွင်း ရောင်း
ချခဲ့ပါတယ်။
ပြည်တွင်းမှာ ထုတ်လုပ်ဖို့ သဘော တူညီချက်ရထားတဲ့ အချိုရည် အမှတ် တံဆိပ်တစ်ခုဖြစ်တဲ့
Sunkist ဟာ နိုင်ငံနဲ့အဝန်း နာမည်ကြီးအမှတ် တံဆိပ်တွေဖြစ်တဲ့ Cocacola နဲ့ Pepsi တို့ ၀င်
လာတဲ့အခါမှာ မထင် မရှားဖြစ်သွားပေမယ့် တိုက်အမြင့်ကြီး တွေမှာထင်ရှားတဲ့ အရောင်တွေ
သုတ်ပြီး ကြော်ငြာခွင့်ရတာဟာ ဈေးကွက်ကိုထိုးဖောက်ဖို့ အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့ပါတယ်။
တိုက်ကိုဆေးသုတ်ပြီး ကြော်ငြာဖို့ စိတ်ကူးကိုတော့ ဈေးကွက်ရှာဖွေသူတွေက San Francisco
မှာ အဲဒီလို ကြော်ငြာမျိုးတွေကို တွေ့ရှိခဲ့ပြီးနောက် ရခဲ့တာလို့ MDG က တာဝန်ရှိသူ တစ်ဦးက ပြော
ပါတယ်။
Sunkist Building တစ်ခုဖြစ်လာဖို့ အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို
Sunkist ကြော်ငြာစာလုံးအတွက် တစ်ပေ ပတ်လည်ကို ကျပ် ၁၀,၀၀၀ နဲ့ တစ်နှစ်စာပေးသွင်းရပြီး
တိုက်တစ်ခု လုံးစာတော့ မပေးရပဲ စာလုံးရှိတဲ့နေရာအတွက်ပဲပေးရတယ်လို့ ပြောပါတယ်။
မြေပိုင်ရှင်နဲ့ အပေါ်ဆုံးထပ်မှာနေတဲ့ သူတွေကိုလည်း သူတို့ကျေနပ် သလောက် ညှိပြီးပေးရပါတယ်။
အပေါ် ဆုံးမှာနေတဲ့သူကတော့ သူ့ရဲ့ခေါင်မိုး ကို အသုံးပြုပြီး ဆေးသုတ်ရတဲ့အတွက် ရရှိတာဖြစ်ပြီး
ခေါင်မိုးကိုလည်း အသစ် ပြန်လည်တပ်ဆင်ပေးရပါသေးတယ်။ အတိအကျ ဘယ်လောက်ပေးရ
တယ်၊ ဘယ်လောက်လက်ခံရရှိတယ်ဆိုတာ ကိုတော့ နှစ်ဖက်စလုံးက မပြောခဲ့ကြ ပါဘူး။ နံရံ
ပန်းချီနဲ့ Sunkist ကြော်ငြာတိုက် တွေအားလုံးကို လိမ္မော်ရောင်သုတ်တာတော့ မဟုတ်ပါဘူး။
ပုဇွန်တောင် အောက်ဘက်မှာရှိတဲ့ တိုက်ကိုတော့ အစိမ်းရောင်သုတ်ထားတာကို တွေ့ရ တယ်။
ရန်ကုန်က စီးပွားရေးကြော်ငြာအများစုဟာ နံရံဆေးရေးပန်းချီကို သိပ်အသုံးမပြုကြဘဲ ဗီနိုင်း၊
ကြော်ငြာဆိုင်းဘုတ်၊ ပလတ်စတစ်ရောင်စုံနဲ့ ပြုလုပ်ထားတဲ့ လက်ကမ်းစာစောင် လေးတွေကို
ပိုပြီးအသုံးပြုနေကြပါ တယ်။ အဲဒါလေးတွေက ဈေးသက်သာ ပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့လည်း
ကိုက်ညီမှုရှိကြလို့ပါ။
ဒါပေမဲ့လည်း MDG ကတော့ အဲဒါ တွေကိုတွန်းလှန်ပြီး အကုန်အကျများ တဲ့ နံရံဆေးရေးပန်းချီနဲ့
လူတွေရဲ့အာရုံကိုဆွဲဆောင်ခဲ့ပြီး ကုန်ကျမှုနဲ့ ညီမျှတဲ့ ရလဒ်ကိုအရယူပြီး ဈေးကွက် ကို စနစ်တကျ
ထိုးဖောက်ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
မြို့တော်စည်ပင်ကို ပေးရတဲ့ ကြော်ငြာခအနေနဲ့လည်း ကြော်ငြာ ဆိုင်းဘုတ်များက နံရံဆေးရေး
ပန်းချီ ထက်ပိုမိုပေးရပြီး တစ်နှစ်ကို တစ်ပေ ပတ်လည်စာအတွက် ကျပ် ၂၀,၀၀၀ ပေးရတယ်လို့
Milky Way Advertising က အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုး သော်က ပြောပါတယ်။
နံရံဆေးရေးပန်းချီရဲ့ နောက်ထပ်အားသာချက်ကတော့ မြို့တော်စည်ပင် ရဲ့ ကန့်သတ်ချက်တွေနဲ့
ငြိစွန်းမှုမရှိပဲ လွတ်လွတ်လပ်လပ် ဆေးသုတ်ခွင့် ရတာပါ။ ကြော်ငြာဆိုင်းဘုတ်တွေကိုတော့
မြို့တော်စည်ပင်က မတ်လလောက်က ကန့်သတ်ချက်တွေလုပ်ဖို့ ကြိုးစားခဲ့ပြီး ကန့်သတ်ချက်နဲ
့ မညီတော့ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဆိုင်းဘုတ် တွေကို ဖြုတ်ချခဲ့ပါတယ်။ နံရံဆေးရေး
ပန်းချီနဲ့ပတ်သက်လို့ တော့ တိတိကျကျပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားခြင်း မရှိပဲ
ကြော်ညာလိုသူနဲ့ အဆောက် အအုံပိုင်ရှင်နဲ့ နေထိုင်သူတွေကသာ သဘောတူမယ်ဆိုရင် မြို့တော်
စည်ပင် ကလည်း ကန့်ကွက်စရာမရှိပဲ ခွင့်ပြု ပေးတယ်လို့ ဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
"ကြော်ငြာဖို့နေရာလွတ်တယ် မြေရှင် ကလည်း ခွင့်ပြုတယ်ဆိုရင် ကျွန်တော်တို့က ခွင့်ပြုပေး
ပါတယ်"လို့ ၎င်းက ပြောပါတယ်။
Sunkist Building ကြောင့် သိလာ တာတစ်ခုကတော့ လိမ္မော်ရောင်နဲ့ ပတ်သက်ပြီး အယူအဆ
ကွဲလွဲမှုရှိတယ် ဆိုတာပါပဲလို့လည်း ြီွ ကြော်ငြာ ဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
"လူတိုင်းကတော့ လိမ္မော်ရောင်ကိုမနှစ်သက်ကြဘူး။ ဒါပေမဲ့ ကုမ္ပဏီကတော့ လိမ္မော်ရောင်ဟာ
ထိရောက်မှု ရှိတဲ့ တုံ့ပြန်မှုတွေကိုပေးနိုင်မယ်လို့ ယုံကြည်ထားတယ်"လို့ သူက ပြောပါ တယ်။
Sunkist Building မှာ နေထိုင်တဲ့ သူတွေကတော့ သူတို့တိုက်ရဲ့အရောင် ဟာ မြင်လိုက်တာနဲ့
ထင်ထင်ရှားရှားနဲ့ ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတယ်။ တိုက်မှာနေတဲ့ သူတွေကတော့ လော
လောလတ်လတ်သုတ်ထားတဲ့အရောင် ကို နှစ်သက်တဲ့အပြင် အဆောက်အအုံ က လူတွေကို
လှည့်ကြည့်မိအောင် ဆွဲဆောင်ထားတယ်လို့ထင်ကြောင်း မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အောက်ပုဇွန်တောင်လမ်းမှာရှိတဲ့ Sunkist Building နားမှာနေတဲ့သူတွေကတော့ ဆေးသုတ်
လိုက်တဲ့အတွက် တိုက်ဟာသစ်လွင်ပြီး ကြည့်လို့ ကောင်းသွားတယ်လို့ ထင်ကြောင်း ပြောကြပါ
တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်လာတဲ့ ဒီနေ့ခေတ်မှာတော့ အသစ်အဆန်းတွေ တီထွင်ပြီး
ကောင်းနိုးနိုးရာရာလုပ်နေကြပေမယ့်လည်း ရိုးရိုးလေးစဉ်းစား ပြီး သေသေသပ်သပ်လုပ်နိုင်ခဲ့ရင်
လည်း မထင်မှတ်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်တယ်ဆိုတာကိုတော့ ဒီ Sunkist ကြော်ငြာက
ထင်ရှားတဲ့သက်သေပြခဲ့ တာပဲ ဖြစ်ပါတော့တယ်။
















