ဖိလစ်ကုမ္ပဏီက ဖြန့်ချိရေးကိုယ်စားလှယ်များခန့်အပ်

ဖိလစ်ကုမ္ပဏီက ဖြန့်ချိရေးကိုယ်စားလှယ်များခန့်အပ်

မြန်မာနိုင်ငံဈေးကွက်အတွင်း ပြီးခဲ့ သည့်နှစ်ဆန်းပိုင်းက စတင်ဝင်ရောက်ခဲ့သည့် ဟော်လန်နိုင်ငံမှ
ကမ္ဘာကျော် Philips လျှပ်စစ်ကုမ္ပဏီသည် ဒေသခံ ဖြန့်ချိရေးကိုယ်စားလှယ်ကို တရားဝင်ခန့်အပ်
လိုက်ပြီး၊ ဓာတ်အားချွေတာ ရေး မြို့ပြမီးလင်းရေးစနစ်ကို အဓိက ထား ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

"မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုး တိုးကတ်လာတဲ့အတွက် လျှပ်စစ်စွမ်း အင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့
လည်း အများကြီး လိုအပ်လာမှာပါ။ ဓာတ်အားချွေတာမှုရှိတဲ့ အယ်လ်အီးဒီစနစ် သုံး လျှပ်စစ်မီး
လင်းရေးပစ္စည်းတွေကို အသုံးပြုခြင်းကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ် တစ်နှစ်
ကို အမေရိကန်ဒေါ်လာ ၉ ဒသမ ရ သန်းလောက် လျှော့ချနိုင်သလို ကာဗွန် ဒိုင်အောက်ဆိုက်
ထုတ်လုပ်မှုပမာဏ ၄၅ ကီလိုတန်ကိုလည်း နှစ်စဉ်လျှော့ ချပေးနိုင်မှာ ဖြစ်ပါတယ်" ဟု Philips
ကုမ္ပဏီ (စင်ကာပူ)၏ အထွေထွေမန်နေ ဂျာ မစ္စမိုက်ကီဒီရှပ်ချ်ပါက ပြောသည်။

ဖိလစ်ကုမ္ပဏီက တရားဝင်ခန့်အပ် လိုက်သည့် ဖြန့်ချိရေးကိုယ်စားလှယ် ဖြစ်သည့် Pahtama
Group သည် ဖိလစ်ကုမ္ပဏီထုတ် လျှပ်စစ်ပစ္စည်း များကို ဈေးကွက်အတွင်း ဖြန့်ချိသွား မည်ဖြစ်
JJ-Panကုမ္ပဏီနှင့် Powerlight ကုမ္ပဏီများက ၀န်ဆောင် မှုနှင့် အခြားစီးပွားရေးဆိုင်ရာ လုပ်ငန်း
များကို အသီးသီးဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖိလစ်ကုမ္ပဏီကဖြန့်ချိမည့် ဓာတ်အား ချွေတာကာ ကာလရှည်
အသုံးပြုနိုင် သည့် LED မီးလင်းရေးစနစ်သည် Philips ကုမ္ပဏီ၏ ရှိရင်းစွဲနည်းပညာ များအပေါ်
အခြေခံ၍ တီထွင်ထုတ်လုပ်ထားသည့် ကုန်အမှတ်တံဆိပ်အသစ်တစ်ခုလည်း ဖြစ်သည်။

Philips ကုမ္ပဏီသည် မြန်မာနိုင်ငံဈေးကွက်နှင့် ကိုက်ညီသော လျှပ်စစ်မီးအလင်းရောင်ပေး ပစ္စည်း
များကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မစ္စမိုက်ကီဒီရှပ်ချ်ပါက ပြောသည်။

"မြန်မာပြည်ဈေးကွက်မှာ အဓိက ဖြစ်နိုင်တဲ့ အခက်အခဲကတော့ ဈေးနှုန်း အနေအထားပဲ ဖြစ်ပါ
တယ်။ လူတိုင်းသိကြပါတယ်။ နည်းနည်းဈေးကြီးတဲ့ ပစ္စည်းတွေဝယ်သုံးမယ်ဆိုရင် ရေရှည် မှာ
ကုန်ကျစရိတ်သက်သာတယ်ဆိုတဲ့ အချက်ပါ။ ဒါပေမဲ့ ၀ယ်သုံးမယ့် အချိန်မှာတော့ အခက်အခဲ
ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ သင့်တင့်တဲ့ဈေးမျိုး ဖြစ်နိုင်မယ့် ပစ္စည်းတွေကို
ထုတ်လုပ်ဖြန့်ချိသွားဖို့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ရှေးဟောင်းအဆောက် အအုံများ ထိန်းသိမ်းစောင့်
ရှောက်ရေး နှင့် မီးအလှဆင်နိုင်ရန်အတွက် ဖိလစ်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ရ၅,၀၀၀ လှူ
ဒါန်းခဲ့ပြီး၊ ဆေးကုသမှု ဆိုင်ရာ ပညာပေးရေးအစီအစဉ်အဖြစ် ကျန်းမာရေးဆရာဝန်များနှင့် သူနာ
ပြုများကိုလည်း ဖိလစ်ကုမ္ပဏီက သင်တန်းပေးလျက်ရှိကြောင်း ကုမ္ပဏီ မှ တာဝန်ရှိသူများက
ပြောသည်။

Philips ကုမ္ပဏီထုတ် လျှပ်စစ် ပစ္စည်းများအရောင်းဆိုင်ကို ပထမ ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်
မတ်လ အတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် နည်းတူ အခြားအဓိကမြို့ကြီးခုနစ်မြို့ တွင်လည်း
ဖွင့်လှစ်ခဲ့ရာ ၎င်းပစ္စည်းများ ကို လူကြိုက်များလျက်ရှိကြောင်း ဖြန့်ချိ သူများက ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းများနှင့် စွမ်းအင်ချွေတာရေးလျှပ်စစ်ပစ္စည်းများ ထုတ်လုပ်
ဖြန့်ဖြူးလျက်ရှိသည့် Philips ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်အတွင်း စုစုပေါင်း ရောင်းရငွေ ယူရိုငွေ
သန်းပေါင်း ၂၄ ဒသမ ၈ ဘီလျံ အထိ ရှိခဲ့ကြောင်း တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်