ဒဂုံမြို့နယ် ယောမင်းကြီးလမ်းတစ်လျှောက် လှည့်ပတ်ကြည့်ရှုခဲ့တဲ့ လမ်း လျှောက်ခရီးစဉ်ဟာ
လိုရင်းတိုရှင်း ဖော်ပြထားတဲ့ တိုးတက်မှုအစီရင်ခံစာတစ်ခုကိုဖတ်နေရသလို ဒါမှမဟုတ် ပြောင်း
လဲမှုဖြစ်စဉ်တစ်ခု ပြသနေတဲ့ပြကွက်တစ်ခု ကြည့်နေရသလို ဖြစ် နေပြီး ရန်ကုန်မြို့ရဲ့ တစ်ဟုန်ထိုး
တိုး တက်နေတဲ့ အိမ်ရာဆောက်လုပ်မှုတွေ ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတဲ့ ခရီး တစ်ခုဖြစ်ခဲ့
ပါတယ်။
အက်ကွဲကြောင်းတွေနဲ့ အုတ်နီနီ အိမ်တွေမှာ လှိုဏ်ခေါင်းကြီးတွေလို ဆောင်ထုတ် ပြတင်းပေါက်
တွေဟာ တွဲမှီစရာနေရာ ငတ်မွတ်နေတဲ့ နွယ်ပင် ရိုင်းတွေကို ဆွဲဆောင်နေပါတယ်။
အဲဒီလိုတွယ်ကပ်နေတဲ့ နွယ်ပင်တွေကိုမြင်ရတာဟာ ဆယ်စုနှစ်များစွာရှိနေပြီ ဖြစ်တဲ့ အင်္ဂတေတွေ
ထက် အိမ်အို အိမ်ဟောင်းကြီးတွေကို ကျားကန် ထောက်မပေးထားတဲ့ အရာတွေလို့ တောင်
ထင်စရာဖြစ်နေပါတယ်။
ဒါ တွေကြောင့်လည်း အလောတကြီး ဆောက်လုပ်နေကြတဲ့ သစ်လွင်ခမ်း နားတဲ့ ကွန်ဒိုတိုက်
သစ်တွေ ဆောက် လုပ်မှုဆီကို ဦးတည်ပြောင်းလဲ လာ စေခဲ့ပါတယ်။ အရင်က အက်ရာကွဲရာ
တွေပြည့်နေ တဲ့ ပလက်ဖောင်းပေါ်မှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ပလတ်စတစ်ခုံပုလေး တွေ
ခင်းပြီး ရောင်းချလေ့ရှိတဲ့ လမ်း ဘေးအသားကင်ဆိုင်လေး နေရာတွေဟာ အခုဆိုရင် ပီဇာတွေ၊
ဘာဂါတွေ သုံးဆောင်နိုင်ပြီး ခေတ်မီလှပတဲ့ မီး ရောင်လေးတွေနဲ့ စမတ်ကျကျ ပြင်ဆင် ထားတဲ့
ကော်ဖီဆိုင်တွေအဖြစ် အသွင် ပြောင်းလာပါပြီ။
မြန်မာနိုင်ငံကို နိုင်ငံတကာက ရင်း နှီးမြှုပ်နှံမှုတွေလုပ်ဖို့ စိတ်ဝင်စားမှုတွေ ရှိလာချိန်မှာတော့ နိုင်ငံ
တွင်းကို အစု လိုက် အပြုံလိုက်ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေဟာ သူတို့အတွက်
ရန်ကုန်မြို့မှာ အခြေချနေထိုင်စရာနေရာအဖြစ် ယောမင်းကြီးလမ်းတစ် ၀ုိက်နဲ့ အနီးဝန်းကျင်မှာ
အိမ်တွေ ရှာဖွေ လာကြပါတယ်။
ရန်ကုန်မြို့လယ်ကေါင်ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ အတန်ငယ်လှမ်း တဲ့ Park Royal ဟိုတယ်
အနောက် ဘက်မှာတည်ရှိတဲ့ ယောမင်းကြီးလမ်း ဟာ နိုင်ငံခြားသား အိမ်ငှားတွေအတွက်
အကြိုက်တွေ့စရာ အင်္ဂါရပ်တွေနဲ့ ဝေ ဆာပြည့်နှက်နေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ယောမင်းကြီး ဧရိယာတစ်ဝိုက် လှပ သပ်ရပ်ပြီး လမ်းတစ်လျှောက် အစီအရီ ဖွင့်လှစ်ထားတဲ့
Alfresco ကိတ်မုန့် ဆိုင် အနောက်တိုင်းကော်ဖီဆိုင်တွေနဲ့ အဝတ်အထည် ဖက်ရှင်ဆိုင်တွေ
နောက်ပြီး ရန်ကုန်ရဲ့ Fro Yo ဆိုင် ဒါတွေအားလုံးဟာ နိုင်ငံခြားသားတွေကို ကိုယ့်အိမ်ကိုယ့်ရာ
အဖြစ် ခံစား မှုတွေကို ပေးစွမ်းနိုင်တဲ့အရာတွေဖြစ် ပြီး မြန်မာနိုင်ငံကို နောက်ထပ်ရောက် ရှိလာ
ကြမယ့် မျက်နှာသစ်နိုင်ငံခြား သားတွေကို ဆက်လက်ဆွဲဆောင်နေ တဲ့ အရာတွေလည်း
ဖြစ်ပါတယ်။
"ဒီနေရာက ပြောင်းလဲမှုအများစု ဟာ ၁၉၉၀ မှာ စတင်ခဲ့တာပါ" လို့ ယောမင်းကြီးလမ်းမှာ ၁၉၄၇
ခုနှစ်ကတည်းက တည်ရှိခဲ့တဲ့ နာမည်ကြီး "ဆန်းကဖေး"ရဲ့ ပိုင်ရှင်ဖြစ်သူ တိုနီလင်း ကပြောပါ
တယ်။
"ဟိုအရင်က ဆန်းကဖေးကို မင်္ဂလာ ခန်းမတစ်ခုနဲ့အတူ လမ်းထောင့်စွန်း က အိမ်တစ်အိမ်မှာ
ဖွင့်ခဲ့တာပါ။ နောက်တော့မှ ဒီနေရာအသစ်ကို ကျွန် တော်တို့ ပြောင်းလာတာပါ။ စားသုံး မယ့်
ဧည့်သည်တွေအတွက် ပိုပြီး အဆင်ပြေမယ်ထင်လို့ပါ" လို့ ယောမင်း ကြီးဧရိယာတစ်ဝိုက်မှာ
ပထမဆုံး ဆောက်လုပ်ခဲ့တဲ့ ကွန်ဒိုအဆောက် အအုံတွေထဲက ကွန်ဒိုတိုက်တစ်တိုက် အတွင်းမှာ
ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ ဆန်းကဖေးရဲ့ နေရာသစ်နဲ့ပတ်သက် ပြီး ပိုင်ရှင်ဖြစ်သူက ပြောပြပါ
တယ်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုနီလင်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူသတိထား
မိခဲ့တာကတော့ သူ့ဆိုင်ကို ပုံမှန်လာကြသူတွေဟာ ပြည် တွင်းက လက်လုပ်လက်စားသမားတွေ
ကစလို့ အနောက်တိုင်းနဲ့ ဂျပန်နိုင်ငံ သားတွေအထိ ရှိတယ်လို့ ပြောပါတယ်။
ယောမင်းကြီး ဧရိယာတစ်ဝိုက် ရုံးခန်းဖွင့်လှစ်လုပ်ကိုင်နေတဲ့ အိမ်ခြံ မြေအကျိုးဆောင် တစ်ဦးဖြစ်
သူ အန်တီဘုတ်က လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း မှာ သူရဲ့ဖောက်သည်တွေနဲ့ပတ်သက် ပြီး ပြောင်း
လဲမှုတွေ သိသိသာသာ ဖြစ် လာတယ်လို့ ပြောပါတယ်။
"၁၉၆၆ ခုနှစ်ကတည်း အန်တီတို့ မိသားစုနေထိုင်လာခဲ့တဲ့ ဒီနေရာလေး ဟာ သီးသန့်ရပ်ဝန်းလေး
တစ်ခုပါပဲ"လို့ အင်္ဂလိပ်ခေတ်က ယောက်လမ်းလို့ ခေါ်ခဲ့တဲ့ ယောမင်းကြီးလမ်းက သူ့ ရုံးခန်းအတွင်း
မှာ အန်တီဘုတ်က ပြော ပြခဲ့ပါတယ်။ အင်္ဂလိပ်ခေတ်က အန်တီဘုတ်တို့ မိသားစုမှာ အဲဒီခေတ်
တုန်းကတော့ အေးအေးလူလူ သွားလာလို့ရတဲ့ မြို့ထဲ လမ်းတွေရဲ့ အနီးမှာရှိတဲ့ ကိုလိုနီခေတ်နှစ်
ထပ်တိုက်တွဲတွေထဲမှာ တိုက်ခန်း တစ်ခန်းရှိပါတယ်လို့ ပြောပြပါတယ်။ မိုဘိုင်းဖုန်းတို့ အင်တာနက်
တို့ကို လွယ်လင့်တကူအသုံးချနိုင်တဲ့ ခေတ်မီ နည်းလမ်းတွေမရှိဘဲနဲ့ ယောမင်းကြီး နေရာတစ်ဝိုက်
က အိမ်ရာဈေးကွက် ဟာ အိမ်ခြံမြေလုပ်ငန်းအကြောင်း နှံ့နှ့ံ စပ်စပ်အသိဆုံးဖြစ်တဲ့ သူတို့မိသားစု
လက်ထဲကို ရောက်ရှိလာခဲ့ပါတယ်။
မိသားစုကလည်း အနီးဝန်းကျင်မှာပဲ ဖုန်းဆိုင်တစ်ဆိုင်ဖွင့်ထားတာကြောင့် အိမ်ခြံမြေလုပ်ငန်း
လုပ်ကိုင်ခြင်း ဟာပျော်ပျော်နေတတ်တဲ့ အမျိုး သမီးတစ်ဦးဖြစ်တဲ့ အန်တီဘုတ် အတွက်တော့
ခဲယဉ်းမှုမရှိတဲ့ အလုပ် တစ်ခုပါပဲ။ ပြောင်းလဲမှုတွေဟာ ပုံသဏ္ဌာန်မျိုးစုံ အရွယ်အစားမျိုးစုံနဲ့
ဖြစ်ပေါ်လာခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းနယ်ပယ်ဟာ အေးအေးလူလူ အခြေအနေကနေ တဖြည်းဖြည်း
ရှုပ်ထွေးခက်ခဲတဲ့ အခြေ အနေကို ရောက်ရှိလာခဲ့ပါတယ်။
"ဒီနေရာကနေ အန်တီဘယ်တော့မှ ခွဲမသွားချင်ပါဘူး။ လျှပ်စစ်မီးလည်း မှန်တယ်။ အိမ်နီးချင်းတွေ
ဟာလည်း သူငယ်ချင်း မိတ်ဆွေတွေဆိုတော့ ကောင်းမွန်တဲ့ အသိုက်အမြံုလေးထဲမှာ နေရသလို
မျိုး ခံစားရတယ်"လို့ ပိတုန်း ရောင်ကေသာပိုင်ရှင် မိခင်တစ်ဦးအမူအယာအပြည့်ရှိသူ အန်တီဘုတ်
က ပြောပါတယ်။ အန်တီဘုတ်ရဲ့ အယူအဆကို သူ့ရဲ့ လက်ရင်းတပည့်ဖြစ်သူ အမေရိကန်လူမျိုး
ဒေးဗစ်နေးကလည်း ထောက်ခံ ပေးပါတယ်။
နိုင်ငံခြားသားတွေနဲ့ ပြည် တွင်းဒေသခံတွေအကြားမှာ အပြန် အလှန်တည်ဆောက်ထားတဲ့ တည်
တံ့ ခိုင်မြဲနေတဲ့ အသိုက်အမြုံတစ်ခုလို ခံစားမှုမျိုးရှိနေတာဟာ ခေတ်မီလမ်း တွေရှိတဲ့ ယောမင်းကြီး
ဧရိယာရဲ့ ထူးခြားချက်တွေထဲက တစ်ခုပါပဲလို့ ဒေးဗစ်နေးက ပြောပါတယ်။
အနောက်တိုင်း ဈေးဆိုင်တွေအပြင် ှစေ တွေ၊ အားကစားခန်းမတွေ နောက် ပြီး နိုင်ငံတကာ အစား
အသောက်တွေ တည်ခင်းရောင်းချတဲ့ နေရာတွေကို တွေ့နိုင်ပါတယ်။ ဒီဆိုင်တွေအားလုံး ဟာ
မကြာသေးတဲ့ နှစ်များအတွင်းမှာပဲ ဖွင့်လှစ်ခဲ့ကြတာပါ။ "ဒီနားတစ်ဝိုက်မှာရှိတဲ့ လှလှပပ သပ်သပ်
ရပ်ရပ်နဲ့ ခင်းကျင်းရောင်းချ နေကြတဲ့ ကော်ဖီဆိုင်တွေ ဈေးဆိုင် တွေ အားလုံးဟာ မကြာသေးခင်
ကမှ ဖွင့်လှစ်လိုက်တဲ့ ဆိုင်သစ်တွေချည်း ပါပဲ။ ခြောက်လအတွင်းမှာ နောက်ထပ် ထပ်ဖွင့်လာတဲ့
ဆိုင်ကတော့ နိုင်ငံ တကာအဆင့်မီ ဘာဂါဆိုင် တစ်ဆိုင် ပါ။ နောက်ပြီး ဒီလမ်းပေါ်မှာ ပီဇာဆိုင်
နှစ်ဆိုင်လည်းရှိပါတယ်"လို့ မစ္စတာနေးက ပြောတယ်။
















