DBS ဘဏ် ကိုယ်စားလှယ် ရုံးခန်း ဖွင့်လှစ်

DBS ဘဏ် ကိုယ်စားလှယ် ရုံးခန်း ဖွင့်လှစ်

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိသော စင်ကာပူနှင့် အာရှအခြေ
စိုက်လုပ်ငန်းများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ဈေးကွက်ချိတ်ဆက်မှုများကို
အထောက်အပံ့ပေးနိုင် ရန် စင်ကာပူနိုင်ငံအခြေစိုက် DBS Bank Ltd ၏ မြန်မာနိုင်ငံကိုယ်စားလှယ်
ရုံးခွဲကို နို၀င်ဘာလလယ်ပိုင်းက ဆာကူရာတာဝါ ပ ဉ္စမထပ်တွင် ဖွင့်လှစ် ခဲ့သည်။

အရှေ့တောင်အာရှဒေသ၏ အကြီး ဆုံးဘဏ်တစ်ခုဖြစ်သည့် DBS ဘဏ် သည် ဘဏ်လုပ်ငန်း
ဆိုင်ရာ ၀န်ဆောင် မှုများ၊ ကုန်သွယ်ရေးဆိုင်ရာ ဘဏ်လုပ် ငန်းများ၊ တွေ့ကြံုရမည့်အခက်အခဲ
ရင်ဆိုင်ဖြေရှင်းခြင်းများ၊ ဘဏ္ဍာရေး အကြံပေးခြင်းစသည့် ၀န်ဆောင်မှု များကို ဗဟိုဘဏ်နှင့်ပူး
ပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ Mr.Sin S Lim က
ပြောသည်။

"မြန်မာနိုင်ငံမှာ စီးပွားရေးလာရောက် လုပ်ကိုင်ချင်ကြတဲ့ စင်ကာပူကုမ္ပဏီ တွေ၊ လက်ရှိစီးပွားရေး
လုပ်ကိုင်ခွင့်ရဖို့ တင်ဒါယှဉ်ပြိုင်နေတဲ့ စင်ကာပူကုမ္ပဏီ တွေ၊ စင်ကာပူမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့
မြန်မာကုမ္ပဏီတွေ၊ အာရှဒေသကို ချိတ် ဆက်အလုပ်လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီ တွေကို ညိနှိုင်း
ဆွေးနွေးပေးတာတွေ၊ နည်းပညာအကူအညီတွေ၊ တခြား လိုအပ်တဲ့အကူအညီတွေနဲ့ အကြံဉာဏ်
တွေပေးနေပါတယ်"ဟု ရန်ကုန်ကိုယ်စား လှယ်ရုံးခွဲ၏ ကိုယ်စားလှယ်ချုပ် Mr. Chan Weng
Meng က ပြောသည်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လုပ် ဆောင်လျက်ရှိသော DBS ဘဏ်သည် ၁၉၉၃ ခုနှစ်တွင်
မြန်မာနိုင်ငံ၌ စတင်လုပ်ကိုင်လျက်ရှိပြီး ယခုမှ ကိုယ်စားလှယ်ရုံးအဖြစ် ပြင်ဆင်ဖွင့်လှစ်ခြင်း
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်