ဒီတစ်ပတ်ကိုတော့ ရန်ကုန်မြို့ရဲ့ ကွန်ဒို တွေမှာ အဆင့်တန်းမြင့်မြင့် နေချင်သူ တွေ စိတ်ကြိုက်
တွေ့စေမယ့် အလုံ မြို့နယ်က Golden Rose ကွန်ဒိုအသစ် စက်စက်ကို သွားကြည့်ဖြစ်ပါတယ်။
အလုံမြို့နယ်မှာရှိနေတဲ့အတွက် မြို့တွင်း ပိုင်းနဲ့ မဝေးတဲ့အပြင် ပတ်ဝန်းကျင် ကလည်း တိတ်တိတ်
ဆိတ်ဆိတ်ရှိနေလို့ စာဖတ်သူတွေ စိတ်ကြိုက်တွေ့ စေမယ့် ကွန်ဒိုလို့ မျှော်လင့်မိပါတယ်။
အိမ်ခန်းရဲ့ အကျယ်အဝန်းက စုစုပေါင်း စတုရန်းပေ ၂,၆၀၄ ရှိတဲ့အတွက် အတော်လေးကျယ်ဝန်း
လှပါ တယ်။ အိမ်ကလေးကလည်း အသစ် စက်စက်ဖြစ်တဲ့အပြင် အိမ်ရဲ့အတွင်းပိုင်းကို ခေတ်မီ
ပုံစံကလေးဖြစ်အောင် ပြင်ပေးထားတာကို တွေ့ခဲ့ရပါတယ်။ ဒီကွန်ဒိုတိုက်ခန်းကလေးက ကွန်ဒိုရဲ့
ဒုတိယထပ်မှာ ရှိနေပေမယ့်လည်း အခန်းက လမ်းမတန်းပေါ်မှာရှိနေတဲ့အတွက် အခန်းထဲကို
အလင်းရောင်ကောင်းကောင်းဝင်နိုင်ပြီးတော့ အိမ်ခန်းထဲကနေ ရွှေတိဂုံဘုရားကို ရှင်းရှင်း လင်းလင်း
လှမ်းပြီး ဖူးလို့ရတာကို လည်း သတိပြုမိခဲ့ပါတယ်။
ကွန်ဒို့ အရှေ့ဘက်ကို မျက်နှာမူထားတဲ့အပြင် ပြတင်းပေါက်များများနဲ့ ဖွဲ့စည်းပေးထားတဲ့အတွက်
သဘာဝ လေကိုလည်း ကောင်းကောင်း ရရှိ နိုင်ပါတယ်။ ဘုရားခန်းကို သီးသန့်ပြုလုပ်မပေးထား
ပေမယ့် ဧည့်ခန်းကိုတော့ ကျယ်ကျယ်ဝန်းဝန်း ဖွဲ့စည်းပေးထား တာကြောင့် နေထိုင်မယ့်သူတွေ
အတွက် ဘုရားခန်းကို ကိုယ့်စိတ်ကြိုက်ဖန်တီး ပေးနိုင်မှာလည်း ဖြစ်ပါတယ်။
အိမ်ထဲ မှာ စုစုပေါင်း ရေချိုးခန်းနဲ့ အိမ်သာ တွဲဖက်ပါတဲ့ အိပ်ခန်းကျယ် နှစ်ခန်းနဲ့ ရိုးရိုးအိပ်ခန်း
နှစ်ခန်း၊ စုစုပေါင်း လေးခန်း ပါ၀င်ပါတယ်။ အိမ်အတွင်းပိုင်း နံရံလေးတွေကို တော့ ရိုးရိုးရှင်းရှင်း
လေးဖြစ်အောင် အဖြူရောင်ပဲ သုတ်ပေးထားပါတယ်။ အိမ်ရဲ့နောက်ဘက်ဆုံးမှာရှိတဲ့ မီးဖိုခန်း
ကတော့ အကျယ်ကြီးမဟုတ်ပေ မယ့် ရှင်းရှင်းလင်းလင်းရှိပြီး ဖွဲ့စည်းပုံကလည်း သပ်ရပ်ပါတယ်။
အိမ်ရဲ့ ကြမ်းခင်းကိုတော့ အရောင်တင်ထား တဲ့ ကျွန်းပါကေးတွေ ခင်းထားပါတယ်။ အိပ်ခန်းတိုင်း
နီးပါးမှာလည်း ၀ရန်တာအသေးလေးတွေ ပါတာကြောင့် သက် သောင့်သက်သာ လေညင်းခံလို့
လည်း ရပါတယ်။
အိမ်နောက်ဖေးရဲ့ ဘေးဘက်မှာ လည်း ပစ္စည်းအတိုအစတွေထားဖို့ စတိုခန်းတစ်ခုကို ဖွဲ့စည်းထား
ပါတယ်။ နေထိုင်ဖို့အသင့် အဆင့်မြင့်ပြင်ဆင်ပြီးသားဖြစ်တဲ့အပြင် အသစ်စက်စက် ဖြစ်နေတဲ့
အတွက် အိမ်အသစ်ကိုမှ နေချင်တဲ့သူတွေအတွက် အကြိုက်တွေ့မှာပါ။ လေအေးပေးစက် လေး
လုံးပါ၀င်ပြီး အရောင်းရော အငှားပါ ပြုလုပ်နိုင်တဲ့ အတွက် ကိုယ်ပိုင်ဝယ်ယူချင်သူတွေ ရော ငှားရမ်း
နေထိုင်သူတွေအတွက် ပါ အဆင်ပြေတဲ့အိမ် ဖြစ်မယ်လို့ ထင်ပါတယ်။
















