ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နှောင်းပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေဈေးများ
သိသာစွာမြင့်တက်လာခဲ့ပြီးနောက်ပိုင်း မြို့စွန် မြို့နယ်များဖြစ်သည့် အင်းစိန်မြို့နယ်နှင့် ရွှေပြည်
သာမြို့နယ်များတွင်လည်း ဈေးများ မြင့်တက်လာသော်လည်း အရောင်းအဝယ်မှာ အခြားမြို့နယ်
များ ကဲ့သို့မသွက်ပဲ အနည်းငယ်အေးလျက် ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
"အင်းစိန်နဲ့ ရွှေပြည်သာက အိမ်ခြံမြေ ဈေးတွေကတော့ ကောင်းပါတယ်။ ရန်ကုန်ရဲ့ အိမ်ခြံမြေဈေး
တွေ တစ်ဟုန် ထိုး တက်နေတဲ့အချိန်မှာ ဒီမြို့နယ်တွေ ကတော့ တအိအိပဲ တက်တယ်။ ဒါပေမဲ့
အရောင်းအဝယ်က သိပ်မဖြစ် ဘူး။ အရောင်းအဝယ်မဖြစ်ဘူးဆိုတာ ကလည်း အဲဒီမြို့နယ်တွေမှာ
အိမ်ခြံမြေ ကိုရင်းနှီးမြှုပ်နှံမှုသဘောမျိုး သိပ်မလုပ် ဘူး။ တကယ်နေမယ့်သူတွေ လောက်ပဲ ၀ယ်ကြ
တယ်" ဟု Phoenix အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ကိုထွန်းထွန်းက ပြောသည်။
အိမ်ခြံမြေ အကျိုးဆောင်များ၏ အဆိုအရ ဈေးနှုန်းများမြင့်တက်လာပြီးနောက်ပိုင်း လုပ်ငန်းရှင်များ
သည် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် အိမ်ခြံမြေများဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများပြုလာကြသော်
လည်း အင်းစိန် မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များ တွင်မူ လာရောက်ရင်းနှီးမြှုပ်နှံမှု နည်းခြင်း
ကြောင့် အရောင်းအဝယ်အေး ခြင်း ဖြစ်သည်။
"အင်းစိန်တို့ ရွှေပြည်သာတို့ဘက် တွေက အရောင်းအဝယ်အေးတယ် ဆိုတာ အိမ်ခြံမြေလုပ်ငန်းနဲ့
ပတ်သက် ပြီး အဲဒီနေရာတွေမှာ သိပ်ပြီးရင်းနှီး မြှုပ်နှံမှု မရှိကြလို့ပါ။ ဒါပေမဲ့ သူ့ဟာနဲ့ သူကတော့
အိမ်ခြံမြေဈေးရော မြို့ပြ ဖွံ့ဖြိုးမှုပါ တိုးတက်ကြပါတယ်။ မြေကွက် ကျယ်ကျယ်နဲ့ အေးအေးဆေး
ဆေးနဲ့ နေချင်တဲ့သူတွေ စီးပွားရေးလုပ်ငန်းကြီးလုပ်မယ့် သူတွေလောက်ပဲ ဒီဘက်တွေမှာ သီးသန့်
လိုက်ပြီးဝယ်ကြတယ်" ဟု ရွှေရည်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှတာဝန်ခံ ဒေါ်ဇင်မျိုးနိုင်က
ပြောသည်။
သို့သော် အင်းစိန်မြို့နယ်တွင်ရှိ ဂျပန်လမ်းမ၊ အောက်မင်္ဂလာဒုံလမ်းမ နှင့် ဗဟိုလမ်းမကြီးများတွင်
အိမ်ခြံမြေဈေးနှင့် အရောင်းအဝယ်မှာ ကောင်းမွန်ပြီး ယင်းလမ်းမကြီးများပေါ်ရှိ မြေဈေးများမှာ
တစ်စတုရန်းပေလျှင် ကျပ် ၁၃၀,၀၀၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။
"အင်းစိန်က တချို့နေရာတွေက အရောင်းအဝယ် နည်းနည်းရှိတယ်။ လေဆိပ်တဲ့နီးတဲ့ အောက်
မင်္ဂလာဒုံလမ်းမှာဆိုရင် လုပ်ငန်းရှင်တွေ ၀ယ်ကြ တယ်။ တချို့က အဲဒီနေရာတွေမှာ ခြံကျယ်ကျယ်
နဲ့ နေချင်တယ်ဆိုပြီး ဈေးကြီးလည်း ပေးဝယ်ကြတယ်" ဟု ၎င်းက ပြောသည်။
အင်းစိန်မြို့နယ်၏ အချို့နေရာများ တွင် အိမ်ခြံမြေဈေးကွက်မှာပုံမှန်လည်ပတ်နေသော်လည်း
ရွှေပြည်သာ မြို့နယ်မှာမူ အိမ်ခြံမြေရောင်းဝယ်မှု မရှိသလောက် နည်းပါးကြောင်း အာရှ မြေ
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးအောင်စိုးမိုးကပြောသည်။
"အင်းစိန်ရဲ့ အိမ်ခြံမြေဈေးကွက်က အရင်ကတည်းက ပုံမှန်ပါပဲ။ ဈေး အရမ်း တက်တာတို့ ကျတာ
တို့မရှိဘူး။ ဒါပေမဲ့ အိမ်အငှားဈေးကွက်ကတော့ သွက် တယ်။ ငါးသိန်းဆယ်သိန်း လောက်ဆိုရင်
အိမ်ကောင်းကောင်း ငှားလို့ ရတယ်။ အင်းစိန်အနီးတစ်ဝိုက်မှာ နေတဲ့သူတွေပဲ ၀ယ်တာများတာ။
နိုင်ငံခြားသားတွေကတော့ အင်းစိန် ဘက်မှာ မငှားကြဘူး။သူတို့က မြို့ထဲကိုပိုသဘောကျကြ
တယ်"ဟု၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရွှေပြည်သာကတော့ အရောင်းအဝယ်ကိုမရှိတာ။ စက်မှုဇုန်ဘက် ဆိုရင်တော့ အငှားလောက်
တော့ ဖြစ် တယ်။ အရောင်းအဝယ်ဈေးကွက် တော့ မရှိဘူး။ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးတွေ
တက်ပြီး အရောင်းအဝယ်တွေ ကောင်းတဲ့အချိန်မှာလည်း ရွှေပြည်သာ က ဒီအတိုင်းပဲ"ဟု ၎င်း
က ပြောသည်။
သို့သော် အင်းစိန်မြို့နယ်ရှိ အိမ်နှင့် မြေဈေးများမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးပိုမြင့်တက်
လာကြောင်း ကိုထွန်းထွန်းက ပြောသည်။ "မနှစ်က လမ်းသွယ်တွေထဲကမြေကွက်တွေက ၂၅
သိန်းနဲ့ သိန်း ၃၀ ၀န်းကျင်ပဲရှိပေမယ့် ဒီနှစ်မှာတော့ သိန်း ၅၀ လောက်အထိ ဖြစ်ကုန်တယ်။
နောက်ပြီး လမ်းမတန်းတွေလည်း သိန်း ၁,၀၀၀ ကျော်လောက်ကနေ သိန်း ၃,၀၀၀ လောက် ဖြစ်
ကုန်တယ်။ အကျယ် ကတော့ စတုရန်းပေ ၁၅,၀၀၀ လောက်ရှိတဲ့ ခြံတွေပါ"ဟု ၎င်းက ပြောသည်။
အင်းစိန်ရှိ မြေကွက်များကို နယ်ဝယ်လက် အများစုသာ ၀ယ်ယူကြ ပြီး အထူးသဖြင့် အငှားဖြင့်
နေထိုင် ကြသူများသာ များပြားကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"အိမ်ငှားတွေကတော့ တော်တော် များတယ်။ အင်းစိန်က ရန်ကုန်မြို့ထဲနဲ့ လည်း အလှမ်းဝေးတယ်။
နောက်ပြီး အင်းစိန်မြို့နယ်ဘက်မှာ ဘာစီမံကိန်း မှ မရှိဘူး။ ဒီတော့ ဒီဘက်မှာ အိမ်ခြံ မြေနဲ့ ပတ်
သက်ပြီး ဘာရင်းနှီးမြှုပ်နှံမှု မှ မလုပ်ကြဘူး။ အခုက စီမံကိန်း ရှိတယ်လို့ ကြားတဲ့နေရာတွေမှာပဲ
မြေ အရောင်းအဝယ်တွေ ကောင်းနေကြ တာ။ ရွှေပြည်သာကတော့ ပိုဆိုးတာပေါ့ ပေလေးဆယ်
ခြောက်ဆယ် တစ်ကွက် ကို သိန်း လေးငါးရာလောက်ပဲ ဈေး ပေါက်တယ်"ဟု အင်းစိန်မြို့နယ်၊
ဖော့ကန်ရပ်ကွက်တွင် နေထိုင်သူ မထက်ထက်က ပြောသည်။
















