ကရင်ပြည်နယ်တွင် မြို့ပြဖွံ့ဖြိုးမှု၊သင်တန်းဖွင့်

ကရင်ပြည်နယ်တွင် မြို့ပြဖွံ့ဖြိုးမှု၊သင်တန်းဖွင့်

အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနနှင့် UN Habitat တို့ပူးပေါင်းထားသည့် မြို့ပြသုတေသနနှင့် ဖွံ့ဖြိုးရေးဌာန
မှ မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာသင်တန်းကို ကရင် ပြည်နယ်ဘားအံမြို့နယ်တွင် ငါးကြိမ် ဖွင့်လှစ်
မည်ဖြစ်ပြီး ကရင်ပြည်နယ် မြို့နယ်ငါးမြို့နယ်တွင် တစ်မြို့နယ်လျှင် သင်တန်းသားငါးဦးနှုန်းဖြင့်
သင်တန်းသား ၃၀ ကို ဆွေးနွေးပို့ချသွားမည်ဟု UN Habitat မှ သင်တန်းနှင့် ဆက်သွယ်ရေး
ပြန်ကြားရေးအရာရှိ ဒေါ်မိုးမိုးဦးက ပြောသည်။

"ပထမအကြိမ် သင်တန်းကတော့ ပို့ချပြီးသွားပြီ။ ဒီဇင်ဘာလ ၂ ရက်နေ့ ကစပြီး ပို့ချပြီး ၅ ရက်
နေ့က သင်တန်း ပြီးတယ်။ နောက်ထပ် တစ်လခွဲနေရင် နောက်တစ်ကြိမ်ထပ်ပြီးဖွင့်လှစ်မယ်။
စုစုပေါင်းသင်တန်းက ငါးကြိမ်ဖြစ်ပြီး သင်တန်းတစ်ခုနဲ့ တစ်ခုကြားမှာ တစ်လ ခွဲကြာတယ်ဟု"
၎င်းက ပြောသည်။

သင်တန်းတစ်ခုတည်းကို မြို့နယ်တစ်ခုတည်း၌ ငါးကြိမ်ပြုလုပ်ခြင်းဖြင့် သင်တန်းသားများ၏
အခြေအနေတိုးတက်မှုကို သိရှိရသကဲ့သို့ သင်တန်းသားများတွင်ပြောင်းလဲမှုများကိုလည်းသိရှိ
ရမည်ဖြစ်ပြီး သင်တန်းတွင် ကုလသမဂ္ဂမှအိမ်ရာ၊ မြေယာကျွမ်းကျင် ပညာရှင်နှင့် အိုးအိမ်ဖွံ့ဖြိုးမှု
ဦးစီးဌာန မှအကြံပေးပုဂ္ဂိုလ်များက ပါ၀င်ဆွေးနွေး ကြမည် ဖြစ်သည်။

ရန်ကုန်မြို့၌လည်း ပထမဆုံး အကြိမ်အဖြစ် မြို့ပြဆောက်အအုံနှင့် ၀န်ဆောင်မှုသင်တန်းကို ဒီဇင်
ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ထိုသင်တန်းတွင် မြို့ပြအင်္ဂါရပ်နှင့်
သက်ဆိုင်သော ရေထောက်ပံ့ပေးမှု၊ မိလ္လာရေဆိုးစနစ်နှင့် ပတ်သက်သည်များ၊ မြို့ပြရေမြောင်း
သွယ်ပုံစနစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဆောင်ရွက်ချက်များကို ဆွေးနွေးပို့ချကာ သင်ကြားပေး
သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အိမ်ရာ ဖြည့်တင်းမှုသင်တန်းကို လည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နှင့် မုံရွာတို့တွင် တစ်ကြိမ်
စီဖွင့်လှစ်ခဲ့ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်