ထိုအဆောက် အအုံမှာ ၁၉၁၀ ပြည့်နှစ်များတွင် The Rangoon Time သတင်းစာတိုက်
အခြေစိုက်ခဲ့သည့် နေရာတစ်ခုဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် ၀န်ကြီးချုပ်ဦးနုနှင့် အိန္ဒိယသံအမတ်
M.A. Rauf တို့ပူးပေါင်း ကာ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကို ဂုဏ်ပြုရန်
အထိမ်းအမှတ် အဆောက်အအုံအဖြစ် ၀ယ်ယူထားရှိခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် မြေယာ စာချုပ်စာတမ်းဆောင်ရွက်သည့်ရုံးအဖြစ် အသုံးပြုခဲ့သည်။ အဆိုပါနေရာ
တွင် အထပ် မြင့် လူနေအဆောက်အအုံတည်ဆောက် ရန် ကြိုးပမ်းမှုများ ရှိနေသော်လည်း ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးတို့က ယနေ့ အထိ
ခွင့်ပြုခြင်းမရှိသေးပေ။
မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးကလည်း အဆိုပါ အဆောက်အအုံကို ထိန်းသိမ်းထားစေလို
ကြောင်း ၎င်းတို့၏ သဘောထားကို တင်ပြ လာသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"အဆောက် အအုံက နှစ်ပေါင်းမနည်းပေမယ့် စစ်ဆေး ကြည့်လိုက်တော့ အပြင်ပန်းမှာ ကြည့်ရ
ဆိုးပေမယ့် အထဲမှာတော့ အတော် ဟိတ် ဟန်ကြီးနေသေးတယ်။ ရက်မတွေ၊ ပိုက်တွေအကုန်
ကောင်းသေးတယ်။ ဟိုးတုန်းကလက်ရာအတိုင်းပဲ။ ဒါကြောင့် အန္တရာယ်ရှိအဆောက်အအုံလို့
သတ်မှတ် မှာ မဟုတ်ဘူး" ဟု အဆိုပါတာဝန်ရှိသူ က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း ရန်ကုန်အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး
အဖွဲ့ (Yangon Heritage Trust) ၏ ဥက္ကဋ္ဌ ဦးသန့်မြင့်ဦး ထံသို့ အဆိုပါအဆောက်အအုံအား
အသစ် ပြန်လည်အသုံးပြုနိုင်မည့် စီမံကိန်းကို သိရှိလိုသည့်ဆန္ဒရှိကြောင်း ပြောကြားခဲ့ သည်။
ယင်းအဆောက်အအုံသည် ၁၉၉၀ ပြည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးညီလာခံ
ကျင်းပခဲ့ရာနေရာလည်း ဖြစ်သည်။
















