အိန္ဒိယ၏ အကြီးဆုံး အိမ် ခြံ မြေ ဆောက်လုပ်ရေးလုပ်ငန်းကြီး Lodha Group က လန်ဒန်၏
အချက်အချာကျသောအရပ်တစ်ခုဖြစ်သည့် Mayfair ခရိုင်အတွင်းရှိ ကနေဒါသံရုံး အဆောက်
အအုံကို အမေရိကန်ဒေါ်လာ သန်း ၅၃၀ ခန့်ဖြင့် ပြီးခဲ့သည့်အပတ်က ၀ယ်ယူလိုက်သည်။
Grosvenor Square တွင် တည်ရှိ ပြီး Macdonald House ဟု လူသိများ သော ကနေဒါသံရုံး၏
တစ်စိတ်တစ် ဒေသဖြစ်သည့် အထပ်ခုနစ်ထပ်အဆောက်အအုံမှာ လူချမ်းသာများ အတွက်
အဆင့်မြင့် ဇိမ်ခံအိမ်ရာများ အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများ
တွင် ဖော်ပြခဲ့သည်။
"ဒီပတ်ဝန်းကျင်ရဲ့ အဆင့်အတန်းနဲ့ အညီ ကမ္ဘာ့အဆင့်မီ အိမ်ရာစီမံကိန်း တစ်ခုကို ဖန်တီးဆောက်
လုပ်သွားမှာ ပါ"ဟု Lodha Group ၏ စီမံခန့်ခွဲမှုမန်နေဂျာ အဘီရှက်ခ်လော့ဒ်ဟာက ပြောသည်။
ကမ္ဘာ့အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းကြီးများနှင့် အစိုးရရန်ပုံငွေ အဖွဲ့အစည်းများပါ၀င်သည့်
လေလံတင်ပွဲကြီးပြီးနောက် အဆိုပါအဆောက် အအုံဝယ်သူအဖြစ် ကနေဒါအစိုးရက ၎င်းတို့အား
ရွေးချယ်ခဲ့ခြင်း ဖြစ် ကြောင်း Lodha Group ၏ တာဝန်ရှိသူများက ပြောသည်။
Lodha Group က ယင်းအဆောက် အအုံကြီးအား ၀ယ်ယူရာတွင် ချေးငွေ ယူရန် အစီအစဉ်မရှိ
aကြာင်းနှင့် ကိုယ်ပိုင်ငွေကြေးများဖြင့်သာ ငွေ ပေးချေမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက
ပြောသည်။
၂၀၁၀ ပြည့်နှစ်က အိန္ဒိယ၏ Sahara အုပ်စုက လန်ဒန်ရှိ Grosvenor အိမ်တော်ဟိုတယ်အား
စကော့တလန်တော်ဝင်ဘဏ်ထံမှ ဒေါ်လာသန်း ရ၅၀ ခန့်ဖြင့် ၀ယ်ယူခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်
ဘာလကလည်း Lodha အုပ်စုကပင် မွမ်ဘိုင်းရှိ အမေ ရိကန်ကောင်စစ်ဝန်ရုံး၏ ၀ါရှင်တန်
အိမ်တော် အဆောက်အအုံကို ဒေါ်လာ ၅၄ သန်းဖြင့် ၀ယ်ယူခဲ့သည်။ World One ဟုအမည်
ရသည့် မွမ်ဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး လူနေသီးသန့်တာဝါကို Lodha Group က ဆောက်လုပ်
လျက်ရှိပြီး ၂၀၁၄ ခုနှစ် တွင် ပြီးစီးရန် ရည်မှန်းထားသည်။
ဗြိတိန်နိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ မဟာမင်းကြီး ဂေါ်ဒန်ကမ်ဘဲလ်က ကနေဒါအစိုးရသည် မက်ဒေါ်
နယ်လ် အိမ်တော်ကို ဈေးအမြင့်ဆုံးပေးသူ အိန္ဒိယအိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုသို့
ရောင်းချရန် ဆုံးဖြတ် ခဲ့ခြင်းကြောင်း ပြောသည်။
"ကမ္ဘာအရပ်ရပ်က နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေက ကျွန်တော်တို့ ရဲ့ Macdonald House ကို
၁၀၆ ကြိမ်ကျော် လာရောက်ကြည့်ရှုခဲ့ကြပါ တယ်"ဟု ကမ်ဘဲလ်က The Candian Press
သတင်းစာသို့ ပြောကြားခဲ့သည်။
နောက်ဆုံးတွင် Macdonald House ကို ဈေးအမြင့်ဆုံး ပေးသူထံသို့ ရောင်းချခဲ့ကြောင်း
ကမ်ဘဲလ်က ပြော သည်။ "ဒီအဆောက်အအုံကြီးအတွက် ဈေး ပြိုင်ပေးသူတွေ အများကြီး
ရခဲ့ပါတယ်။ ဈေးပြိုင်ခေါ်ဆိုမှုမှာ ဒီဈေးဟာ ကျွန်တော်တို့အတွက် အမြင့်ဆုံးရခဲ့တဲ့ ဈေးပါ။
ပြီးတော့ ကနေဒါနိုင်ငံအတွက် အရမ်းကိုကောင်းတဲ့ လေလံပွဲတစ်ခု ပါ"ဟု ကမ်ဘဲလ်က
ပြောသည်။
သို့သော် ဝေဖန်သူများက ကနေဒါ အစိုးရက ကုန်သွယ်မှုလုပ်ငန်းများ မြင့်မားလာစေရန် ကြိုးပမ်း
နေခြင်းကြောင့် အဆိုပါ Macdonald Houseအဆောက်အအုံ ရောင်းချမှုသည် ကနေဒါ၏
သံတမန်ဆက်ဆံရေးကို ထိခိုက်မှုရှိနိုင်ကြောင်း ပြောသည်။ အဘီရှက်ခ် လော့ဒ်ဟာက ယင်း
စီမံကိန်းနှင့် ပတ်သက်သည့် ရှေ့ဆက် ဆောင်ရွက်ရန်ရှိသည့် အစီအစဉ်များ ကို ပြောပြခဲ့သည်။
"ဒီအဆောက်အအုံကြီးကနေ ြပေ ်ငေမ ရဲ့ အလယ်ဗဟိုမှာရှိတဲ့ လန်ဒန်မြို့ ရဲ့ နာမည်အကျော်ဆုံး
ဥယျာဉ်ရင်ပြင်ကြီးကို လှမ်းမြင်နိုင်ပါတယ်။ ပြီးတော့ ဘွန်းလမ်းနဲ့ မော့က်လမ်းတွေ နဲ့ လည်းနီးတာ
ကြောင့် ဒီစီမံကိန်းဟာ ကျွန်တော့်ကုမ္ပဏီအတွက် အခွင့်အလမ်းကြီးတစ်ခုပါပဲ"ဟု ၎င်းက
ပြောသည်။
ကနေဒါအစိုးရက ရောင်းချရန် အလားအလာရှိသည့် နောက်ထပ် သံတမန် အဆောက်အအုံများ
တွင် ကုလသမဂ္ဂဆိုင်ရာ ကနေဒါ သံအမတ် နေထိုင်ရာ နယူးယော့ခ်မြို့တော်ရှိ တိုက်ခန်းများနှင့်
နယ်သာလန်၊ တောင် ကိုရီးယားနှင့် အီတလီနိုင်ငံတို့ရှိ အထက် တန်းစား အိမ်ရာများ ပါ၀င်သည်။
(အေအက်ဖ်ပီနှင့် ကနေဒီယန်ပရက်စ်)
















